Tuesday, January 11, 2011

နောက်ဘ၀ ဘုန်းကြီးဖြစ်မှာလား( ၁၅ -၁၆)


နောက်ဘ၀ဘုန်းကြီးဖြစ်မှာလား
          ကျွန်ုပ်က ကြုံရင် ကြုံသလို အခွင့်ရရင် ရသလိုပင် ဗုဒ္ဓဘာသာ
အကြောင်းများကို သင်ပေးလေသည်။ တစ်ခါက ပါဏာတိပါတ အကြောင်းရှင်းပြ
်သင်ပေးပြီး“ဘုန်းဘုန်းပြောတဲ့စကားထဲမှာနားမလည်တာရှိရင်ပြန်မေးပါ။မင်းတို့သူ
များအသက်မသတ်ကြနဲ့တော့။ သူများအသက်သတ်ရင် ဒီဘ၀။နောင်ဘ၀မှာ
 အသက်တိုပြီး ရောဂါများတတ်တယ်။ 
          ဥပမာ =ခွေးသတ်တဲ့ သူဟာ သေခါနီးပြီဆိုရင် သတိရပြီး 
ဝဋ်လည်တတ်တယ်။ခွေးဖြစ်တတ်တယ်”ဟုပြောလိုက်နှင့်တစ်ယောက်ကထမေး လိုက်မှာ“ဘုန်းဘုန်းဒီလိုခွေးသတ်တဲ့လူနောက်ဘ၀ရောက်ရင်ခွေးဖြစ်တတ်တယ်ဆိုရင် ဘုန်းကြီးဖြစ်မှာလား”ဟူ၏.။
          ဆက်လက်ဖတ်ရှုရန်….ငါ့ကိုလည်း ရှိခိုးဦး
          တစ်ခါကလည်း ကျွန်ုပ်မြို့ ကပြန်လာသည့်အတွက် 
ချိုချဉ်တွေဝယ်လာရကားကလေးလူကြီးမကျန်အားလုံးဝေပေးလိုက်သည်။ပြီးတော
့“မင်းတို့ကိုဘုန်းဘုန်းချိုချဉ်ပေးတဲ့အတွက် ဘုန်းဘုန်းကို ရှိခိုးကြ။ငါ့ကို ရှိခိုးရမယ်”ဟု 
အမှတ်တရ တမဲ့ ပြောလိုက်၏။ အမှတ်တမဲ့  ကို အမှတ်တရ မှတ်မိအောင် 
မှတ်ထားပုံရသည်။ ပစ္စည်း တစ်ခုခုပေးလျှင် ရှိခိုးခိုင်းရမည်။ ရှိခိုးရမည်ဟု ပုံသေ
မှတ်လိုက်ကြပုံရ၏။
          တစ်ရက်တွင်ကျောင်းမှာဟင်းချက်စရာမရှိ၍အဖွားတစ်ယောက်အိမ်သွား
တောင်းသည်။ အဖွားက ပဲပုပ်နှင့်မုန့်ညှင်းရွက်များ ပေးလိုက်၏။ ကျွန်ုပ်ယူပြီး 
လက်ထဲကိုင်ထားစဉ် “ကဲ ကဲ ငါ့ကို လည်း ရှိခိုးအုံးလေ ဟု ပြောပါလေတော့၏။ 
ကျွန်ုပ်မှာ ရယ်ပင်ရယ် ရယ်မိသေး၏။ ပြီးမှ အကျိုးသင့်။အကြောင်းသင့် ရှင်းပြကာ
ပြန်လာခဲ့ရသည်။
          ဆက်လက်ဖတ်ရှုရန်………….
          သူတို့ပြန်သွားလို့ စ အိပ်မည်ဟု ခေါင်းချလိုက်တော့ -
          စိတ်က ချောက်ခြားစိုးရိမ်နေသဖြင့် အိပ်မပျော်။
          အိပ်ချင်စိတ်မရှိတော့ ။ ဒါနဲ့ အိပ်မပျော်အတူတူ
          သူပုန်ဗိုလ်ကို မေတ္တာ ပို့မယ်ဟု ကြံစည်ပြီး သူပုန်ဗိုလ်
          ရှိရာ ရွာဘက်သို့ လှည့်ကာ…

No comments:

Post a Comment