Tuesday, January 11, 2011

ခြေထောက်ရောင် ရောဂါနှင့် ကျွန်ုပ်( ၁၂)




ကျွန်ုပ်ဘ၀တွင်နောက်ထပ်ကြုံတွေ့ရသောထူးခြားမှုကားနာဂတောင်တန်းဒေသ တွင် ခွေးသားကို အလွန်နှစ်ခြိုက်စွာ စားသုံးခြင်းဖြစ်သည်။ ခွေးးသားသည် အပူသား ဖြစ်သည့် အတွက် အအေး ဒဏ်နှင့် ငှက်ဖျားရောဂါတို့ကို ကာကွယ်ပေးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ပဲခွေးသားစားကြသည်ထင်ရ၏။ တစ်ခြား အသားးများ ရှိသော်လည်း ခွေးသားမှ ပိုကောင်းသည် ပိုအ၇သာရှိသည်ဟု ထင်မှတ်ကြသည်။
ပြည်မထဲတွင်ခွေးသားစားသူများကိုအထင်သေးကဲ့ရဲ့လေ့ရှိသည်။ခွေးသားစားလျှင်ခွေးဟောင်သည်
ဟုလည်း ယူဆကြသည်သည်။ ခွေးသည် ယုတ်ညံ့သော သတ္တ၀ါဖြစ်၍ မစားသင့်သော အသားဟု မှတ်ယူကြသည်။ သို့ဖြစ်ရကား ခွေးသားကို စားလေ့မရှိ။ ခွေးသားစားရန် ရွံရှာကြသည်။
နာဂတောင်တန်း ဒေသတွင် လူတိုင်းပင်ခွေးသားစားကြသည်။ ခွေးသားစား၍ ခွေးဟောင်းခြင်း။ဟောင်တတ်သည်ဟု ယူဆခြင်းလည်းမရှိပေ။ခွေးကိုပင် အသားစားရန် အတွက် မွေးမြုကြသည်။ ပြည်ထဲတွင် ၀က်ကို အသားစားရန်အတွက် အရောင်းအ၀ယ် လုပ်သကဲ့သို့ပင် သူတို့လည်း ခွေးကို အရောင်အ၀ယ်လုပ်သည်ကိုတွေ့ရသည်။ ခွေးတစ်ကောင်လျှင် ၂-သောင်း ၃-သောင်းပေါက်ဈေး ရှိသည်။ ဒါတောင် ၀ယ်ချင်တိုင်း ၀ယ်၍မလွယ်။ကျွန်ုပ်ကပြည်မထဲတွင် ဘုန်းကြီးကျောင်းတစ်ဝိုက်နှင့် ဈေးပတ်ဝန်းကျင်တွင် ခွေးလေ ခွေးလွင့်များ ပေါများကြောင်း ကြိုက်သလောက် ဖမ်းနိုင်ယူကြောင်း။ယူမည့် သူမရှိကြောင်း။ခွေးမွေးလျှင်တစ်အုပ်လုံးဘုန်းကြီးကျောင်းသို့ လာပို့တတ်ကြောင်းပြောလျှင် ဘယ်လိုမှ မယုံကြ။ အလွန်အံ့သြကြသည်။
တစ်ချို့  မင်္ဂလာဦးညနှင့် မိန်းကလေးမွေးသောညများတွင် ခွေးသားကို အထူးစပါယ်ရှယ် ချက်စားကြသည်။ ယောကျာ်းလေးက မိမိမြတ်နိုးသည့် မိန်းကလေးကို ခွေးသားချက်ကျွေးလေ့ ရှိသည်ဟုလည်း ကြားသိရ၏။ အချစ်ကို ခွေးသားဖြင့် တန်ဖိုးဖြတ်ခြင်းဟု ဆို၇မည်လား။ဤမျှပင် ခွေးသားကို မြတ်မြတ်နိုးနိုး စားကြသည်။
နာဂတိုင်းရင်းသားများသည် ရှေ့မှာဆိုခဲ့သလိုပင် ဘသာရေး ကျန်းမားရေး ဗဟုသုတ ချို့တဲ့ရကား မီးဖွားပြီးစ သွေားသားနုချိန်ဝယ် မြေအောင်းသား အစားရဟူသော အသိမရှိပေ။ ထို့ကြောင့် ကာလ မသိဘဲ စားချင်သည့် အချိန်စားကြသည်။ စားချင်သည့် အချိန်စားသည့်အတွက် ဒုက္ခရောက်ရပုံကို ကြုံတွေ့ခဲ့ရသည်။
ထုံးစံအတိုင်း တစ်နေ့လို့ပဲ ဆိုပါစို့။ တကာတစ်ယောက် ကျောင်းရောက်လာပြီး ကျွန်ုပ်ကို သူ့အိမ်ပင့်ပါ၏။ “ဘာ ကိစ္စ လဲ“ဟု မေးသောအခါ သူ့တကာမ ခြေထောက်တွေ တအားရောင်နေလို့ဆေးလာကုပေးဖို့လျှောက်ထားသည်။ ဒါနဲ့ ဘာကြောင့်ရောင်တာလည်း သိရအောင် အကြောင်းစုံမေးကြည့်သည့်အခါ “မီးဖွားပြီး သည့်ညက အားရှိအောင် ဟုဆိုကာ ခွေးသားချက်ကျွေးကြောင်း။ခွေးသားစားပြီး နောက် ခြေထောက်ရောင်လာသည့် အကြောင်း ပြောပြသည်။
ကျွန်ုပ်လည်း မီးဖွားစဉ် မြေအေင်းသား စားမိသည့် အတွက်ယင်း်သို့ ဖြစ်ရကြောင်း ရှင်းပြကာ အိမ်သို့လိုက်သွားခဲံ့သည်။ အိမ်ရောက်တော့ တကာမကို တွေ့ရသည်မှာ စိတ်မကောင်းပင်ဖြစ်ရသည်။ ခြေထောက်က အတော်ပင် ရောင်ကိုင်းနေ၏။ ဟင်းနံ့ရသဖြင့် “ကနေ့ရော ဘာဟင်းချက်သလဲ” မေးလိုက်သည်။ ထင်သည့်အတိုင်းပင် “ခွေးသားချက်သည်”ဟုဖြေသည်။ မီးဖိုဘက် စောင်းကြည့်လိုက်တော့ ကြက်သီးထစရာပင် ။ခွေးခြေထောက်များ မီးကင်းထားသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်က “မီးမထွက်မချင်း ။မွေးပြီး ခုနှစ်ရက် မပြည့်ခင် ခွေးသားကို မစားရန်နှင့် အခန့်မသင့်ပါက ကိုယ်ရောင်တတ်ကြောင်း။ ထို့ထက် နူနိုင်သည့်အကြောင်းပါ” ပြောပြရသည်။
ပြီးတော့ဆေးကုသရန်စဉ်းစာရသည်။ ကျွန်ုပ်လည်း လိုအပ်လျှင်သုံးဖို့ အိမ်သုံး ဆေးများအတော်အသင့် ၀ယ်ထားပါသည်။ အင်္ဂလိပ်ဆေး ဗမာဆေး အတော်စုံပါသည်။ သို့သော်လည်း ကိုယ်ရောင်ပျောက်ဆေး ၀ယ်မထားမိချေ။ သို့နှင့် ဘယ်လို ကုပေးရ မလဲ ဟုအဖြေရှာရတော့၏။ နနွင်းမှုန့်နှင့်အုံးဆီကိုဖျော်၍လိမ်းခိုင်းလိုက်သည်။ကျွန်ုပ် ဇာတိရွာတွင်လိမ်းကြသည်ကိုအမှတ်ရ၍ဖြစ်သည်။ထို့ပြင်နနွင်းကိုပင်ရေနွေးပူပူနှင့်သောက်
ခိုင်းလိုက်သည်။နှစ်ကြိမ်မျှလုပ်ရုံဖြင့် ကိုယ်ေ၇ာင်ရောဂါ ပျောက်ကင်းသည်ကို 
တွေ့ရသည်။
ဤသည်မှာ နနွင်း၏သတ္တိကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်
သာမကဘဲ မိမိကြောင့်ေ၇ာဂါပျောက်ကင်းခဲ့ရပုံကိုမှတ်မှတ်ထင်ထင်ရှိခဲ့
သည့်အဖြစ်အပျက်လေးတစ်ခုအဖြစ် ယနေ့တိုင် အမှတ်ရနေပါတော့သည်။
          ဆက်လက်ရှုစားရန်…………(၁၃)နနွင်းဆရာတော်..
       ထို့ကြောင့် မိမိလက်သုံးတော် ၉၆-ပါး ရောဂါပျောက်ဆေး
နနွင်းကိုပင်အားကိုးရတော့၏။နနွင်းကိုတူးခိုင်းပြီးရေနွေးနှင့်
သောက်ခိုင်းသြည့်လိုက်သည်။၃- ကြိမ်လောက်သောက်သည့်အခါ….

No comments:

Post a Comment