Saturday, March 5, 2011

တွေ့ရကြုံရ ခရီးသွားဘ၀ အမှ အဆက်

  မွန်ဘိုင်းမြို့ ကွန်ဖရင့် တက်ရောက်ခဲ့
          အိန္ဒိယနိုင်ငံသည် အလွန်ကျယ်၏။ တစ်နေရာနှင့် တစ်နေရာ သွားလာရ ၊ လှည့်လည်ရသည်မှာ တစ်ညအိပ်၊ နှစ်ညအိပ် သွားနေရသည်။ နိုင်ငံကြီး သည့်အ လျှောက် ဘာသာကိုးကွယ်မှုမှာလည်း အတော်များလွန်းသည်။ ဘုရား ရှင်လက် ထက်ကတည်းက ဘာသာပေါင်းစုံ ကိုးကွယ်ကြသည်။ ယနေ့အထိပင် ဘာသာ ပေါင်းစုံ ကိုးကွယ်နေကြသည်။ ထူးထူးခြားခြား မျောက်ဘုရားက တွေခဲ့ရ သေးသည်။ မျောက်ကို ကယ်တယ်ရှင်အဖြစ် သတ်မှတ်ကာ ကိုးကွယ်ကြသည်။ ထို့ အပြင် ဂမ်ပသီ ကိုးကွယ်မှုကိုလည်းတွေ့ခဲ့ရသည်။ ကျွန်ုပ် ခရီးသွားနေသည့်နေရာ အတော်များ များ ကတော့ ဗုဒ္ဓဘာသာများသာနေသည့် နေရာများဖြစ်သည်။
ဟိုက်သရာဘတ်၊ နန်ဒက်၊ ပုဏေး ၊ပုဏ ဘက်သို့ (HIATHARABAD , Nanded, PURNA, PUNE) လှည့်လည်ပြီး မွန်ဘိုင်း ခေါ် ဘုမ်ဘေသို့ ရောက်ခဲ့ရသည်။ မွန်ဘိုင်းမြို့သည် ကျွန်ုပ်တို့ ရန်ကုန်မြို့ထက်ပင် ကြီးသည်။ အရမ်းလူဦးရေ စည်ကားလှသည်။ လူဦးရေထူထပ်သည်။ ဘာသာရေးကို သူ့ဘာသာ ကိုယ့်ဘာသာ အပြိုင်လုပ်ကြသည်။ မွန်ဘိုင်းမြို့တွင် ဗုဒ္ဓဘာသာ ကိုးကွယ် သူ မိသားစုမှာ စာရင်းအရ မိသားစု ၃၀၀- ရှိသည်ဟု သိရသည်။ သို့သော်လည်း ရဟန်းသံဃာမှာ ၃၀-ပါးသာရှိသည်။ လှုဒါန်းဖို့ မလွယ်ပေ။ ရှိနေသည့် သံဃာများ ကလည်း ခေတ်ပညာ များသာ သင်ယူနေကြသည်။ ဗုဒ္ဓဘာသာအကြောင်းကို ထေရ၀ါဒနှင့် မဟာယာပင် ကွဲပြားစွာ နားမလည်ကြ။ သို့သော်လည်း တကာ တကာမများမှာ တာဝန်ကျေပါသည်။
ကျွန်ုပ်ရောက်သည်နှင့်  မွန်ဘိုင်းသံဃာများ စုပေါင်းကာ ဟောပြောပွဲ လုပ်ကြသည်။ ဒေါက်တာအမ်ဘေ တကာကို အကြောင်းပြုကာ လုပ်ကြပါ သည်။ ဒေါက်တာအမ်ဘေတကာသည် အိန္ဒိယ ဗုဒ္ဓဘာသာကွယ်ပျောက်ပြီးနောက် ဒုတိယ အကြိမ် ဗုဒ္ဓဘာသာကို ပြန်လည် တည်ထောင် သူဖြစ်ပါသည်။ ဒေါက်တာ အမ်ဘေတကာကိုပဲ အိန္ဒိယက ဗုဒ္ဓဘာသာဝင် အားလုံးက ဗောဓိ သတွာအဖြစ် ကိုး ကွယ်ကြပြန်သည်။ အမှန်တကယ် ကိုးကွယ်မည်ဆိုလည်း ကိုးကွယ် သင့်ပါသည်။ သူ၏ ဟောပြောမှုကြောင့်သာ ယခုကဲ့သို့ ဗုဒ္ဓဘာသာကိုနားလည်ကာ ဗုဒ္ဓဘာသာဝင်များဖြစ်လာရသည်လေ။ ထို့ကြောင့် ဒေါက်တာ အမ်ဘေတကာကို ဘုရားကဲ့သို့ ကိုးကွယ် ကြခြင်းဖြစ်ပါသည်။ ရဟန်းသံဃာတော်များကပင် ရှိခိုး ကန်တော့မှု ပြုနေ ကြသည်။
အမှန်တကယ်အားဖြင့် ရဟန်းတော်များသည် လူသားကို ရှိခိုးခွင့်မရှိပါ။ လူသားများ စောင့်ထိန်းသည့် သီလမှာ ၅ -ပါးသီလ၊ ၈-ပါးသီလ ၊ အလွန်ဆုံး စောင့် ထိန်းပါမှ ၁၀-ပါးသီလ။ ကျွန်ုပ်တို့ ရဟန်းတော်များသည် ၂၂၇- ၀ိနည်းကို ထိန်းထားရ သည်။ ထိုအကြောင်းပင် မသိတော့ လူပုဂ္ဂိုလ် ဖြစ်သူ ဒေါက်တာ အမ်ဘေတကာကိုပင် ရှိခိုးနေကြသည်။ ဤအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်ုပ်က ဟောပြောပွဲတွင် အောက်ပါ အတိုင်းရှင်းပြခဲ့ပါသည်။
(၂၀- ၂- ၂၀၁၁) ရက်နေ့ ညနေ ၁-နာရီမှ စတင်ပြီး ကျင်းပသည်။ ပွဲနေရာက အသောကရှင်ဘုရင် လက်ထက်က ရဟန်းတော်များ တရားအားထုပ်ခဲ့သည့် လိုင်ဂူအနီး မွန်ဘိုင်းမြို့ရဲ့ မြောက်ဖျားဘက်မှာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များပါမက အခြား ခရစ်ယာန်၊ ဟိန္ဒူ၊ မူစလင်၊ စသည့် အခြားဘာသာဝင်များပါ လာရောက် နားထောင်ကြသည်။ အိန္ဒိယ ရဟန်းတော်များကတော့ ထုံးစံအတိုင်း ဒေါက်တာ အမ်ဘေတကာက ဘယ်လိုဟောပုံ ၊ဘယ်လိုဟောခဲ့တယ်စသည်များကို ဘုရား၏ တရားထက် ဒေါက်တာအမ်ဘေတကာက ဟောသည်ပဲ ပြောကာ ဟောပြောသွား ကြသည်။
ကျွန်ုပ်အလှည့်ရောက်လာပါသည်။ နိုင်ငံခြားသာဆိုလို့လည်း ကျွန်ုပ်တပါးသာ ရှိပါသည်။ ဒါ့ကြောင်းလည်း ကျွန်ုပ်က အထူးပင် ဖြစ်နေပါသည်။ အသားမဲတဲ့  လူများကြား ကျွန်ုပ်က ထင်ပေါ်သလိုဖြစ်နေပါသည်။ ကျွန်ုပ်အလှည့်ကျတော့ ပထမဆုံး ကျွန်ုပ်က မြန်မာနိုင်ငံပုံ တရားဟောခြင်းမျိုးမဟုတ်ပဲ ဆွေးနွေးခြင်းသဘော ဟောမည့် အကြောင့် ပြောကာ စကားပလ္လင်တည်လိုက်ပါသည်။ တရားနာပရိတ် သတ် ကလည်း ကျွန်ုပ်ပြောသည်ကို အရမ်းသဘောကျကာ လက်ခုပ် တီးကြသည်။ သို့ဖြင့် မေးခွန်း တစ်ခုမေးလိုက်ပါသည်။
“ ဘာ့ကြောင့် လောကမှာ ဘာသာတရားတွေ ပေါ်ပေါက်လာရတာလဲ”ဟု မေးခြင်းဖြင့် ကျွန်ုပ်၏ တရားပွဲကို စတင်လိုက်ပါသည်။ မည်သူမျှ မဖြေကြ။ နားသာ ထောင်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်ကပင် အဖြေပေးလိုက်ပါသည်။ ကြောက်ခြင်း ဟူသော အကြောင်းတရားများကြောင့် ဘာသာတရားအသီးသီး ပေါ်ပေါက်ခဲ့ပါသည်။ ဒါနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓက “ ဗဟုံ ဝေ သရဏံ ယန္တိ ပဗ္ဗတာနိ ၀နာနိစ” စသဖြင့် ပါဠိ စကားလေး ထည့်ကာ ရှင်းပြလိုက်သည်။ လူသားတွေ ကိုးကွယ်နေကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ စသည့် ဘာသာများကား လူသားတို့က ဆင်းရဲဒုက္ခရောက်မည် ဆိုးသောကြောင့်ကိုးကွယ်နေကြပါသည်။ မကြောက်ရင် ကိုးကွယ်ကြမည်မဟုတ်ပါ။ ဤကား လူ့လောကမှာ ဘာသာတရားများပေါ်ပေါက်လာပုံ အကျဉ်း ဟောပေးခဲ့ခြင်းဖြစ်ပါသည်။ သူတို့ကို ဘာ့ကြောင့် ဘာသာတရားတွေ ပေါ်ပေါက်လာတာလဲ မေးကြည့်တော့ ဟိန္ဒူ တကာကြီးတစ်ယောက်က “ ဟုတ်တယ်၊ ကျွန်တော်တို့ က ဒီဘုရားတွေကို ကြောက်လို့ ကိုးကွယ်နေကြတာ၊ အားကိုးစရာ မရှိလို့ အားကိုးပြီး ကိုးကွယ်နေကြတာ၊ ဒါ့ကြောင့် အရှင်တို့ ဂေါတမဟောတာ မှန်ပါတယ်” ဟု ထောက်ခံပေးပါသည်။
နောက်တော့ ကျွန်ုပ်က ဘာမေးချင်လဲ ဘာသာရေးနဲ့ပတ်သက်ပြီး ကျွန်ုပ်စွမ်းသလောက် ဖြေပေးပါမည်ဟု မေးခွန်းတစ်ခု ထပ်ပေးလိုက်ပါသည်။ နောက်တစ်ယောက် ဟိန္ဒူတကာပါပဲ။ သူကတော့ ဟိန္ဒူခေါင်းဆောင်ပါ။ နောက်မှ သိရသည်ရတာပါ။ သူက ဘာမေးလဲဆိုတော့ “ ငါ စင်ကြယ်သန့်ရှင်းသော ဗုဒ္ဓဘာ သာဖြစ်ချင်တယ်။ ငါက အခု မှ ငါ့ရဲ့စိတ်ထဲမှာ ဗုဒ္ဓဘာသာပြောင်းထားတာ။ ဒါပေမဲ့  ဒီမှာရှိတဲ့ ရဟန်းတော်တွေက ဆိုင်ကယ်တစ်င်္စီးနဲ့ ဟိုသွား ဒီသွား အအိပ်နဲ့ အစားပဲ လုပ်နေတာ၊ ငါမကြိုက်ဘူး။ ဗုဒ္ဓဘာသာက အဲ့လိုဆို မကောင်းဘူး။ သူတို့ အဲ့လို လုပ်နေရင် ငါက ဖြူစင်တဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါ့မလား ရှင်းပြပေးပါ” ဟု ပြောလာ၏။
ဒီမေးခွန်းအတွက် လွယ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ ရဟန်း တွေကို ပြောတာမဟုတ်ဘူး။  ဗုဒ္ဓ၏ တရားတွေ၊ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ နည်းလမ်း လေးတွေကသာ ဗုဒ္ဓဘာသာလို့ ခေါ်တာပါ။ ရဟန်းတွေ ကိုရင်တွေ ကောင်းတာ လုပ်တာ မကောင်းတာလုပ်တာ လိုက်ဝေဖန်နေတာ ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ အဲ့ဒါ ဝေဖန်ရေးသမားသက်သက်ပါ။ ရဟန်းတွေဆိုတာလည်း ဗုဒ္ဓဘာ သာဝင် ဗုဒ္ဓဘာ သာခေါင်းဆောင်တွေပါပဲ။ အဓိကတော့ ဖြူစင်သော ဗုဒ္ဓဘာသာဖြစ်ချင်ရင် ကိုယ့် ကိုယ် ကို ဖြူစင်အောင်နေ၊ အပြစ်ကင်းတဲ့ အလုပ်ကိုလုပ်၊ ဗုဒ္ဓရဲ့တရားတွေကို ကျင့်ကြ ည့်လိုက်။ ကြိုက်တယ် ၊မှန်တယ်ထင်ရင် ကျင့်ကြံကြိုးကုတ် အားထုတ်ပါ။ ပြီးမှ အမှန် တရားကိုသာ ဟောလို့ ကျေးဇူးတင်သောအားဖြင့် အရိုအသေ ပေးချင်ပေးပေါ့။ မပေးလည်း ဒို့ ဗုဒ္ဓကတော့ မင်းတို့ကို ဘာဖြစ်ပါစေ။ ညာဖြစ်ပါစေ လို့ မင်းတို့ကိုးကွယ်နေတဲ့ ဘုရားတွေလို ကြိမ်းဆဲံမှာ မဟုတ်ဘူး။ အဲ့ဒါ ဗုဒ္ဓပဲ။ ဗုဒ္ဓ၀ါဒပဲ။ လော ကမှာ ဆိုးသည် ကောင်းသည်ဆိုသည်မှာ ဘယ်သူမပြု မိမိမှုပါပဲ။ အခြား ဘယ်သူမှ မိမိရဲ့ ဖန်တီးရှင်မဟုတ်ပါ။ မိမိသာလျှင် မိမိ၏ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးရှင်ဖြစ်ပါသည်။ မိမိသာလျှင် မိမိရဲ့ ကိုးကွယ်ရာဖြစ်ပါသည်။ မိမိမကောင်း မှုပြုမိတာကို  ဘုရားသွားပြီး တာဝန်ယူခိုင်းတာလည်း သဘာဝမကျပါဘူး။ ကိုယ့် ကြောင့်ဖြစ်တဲ့ မကောင်းမှုကို သူများကို ချောက်တွန်းတာ မကောင်းသလို ဘုရား သွားပြီး အပြစ်ပုံချတာလည်း လူမဆန်တဲ့ အကျင့်ပါပဲ။  ကိုယ့်ရဲ့ မကောင်းမှုကို ဘုရား သွားပြီး တာဝန်ယူခိုင်းတာလည်း မှန်ကန်တဲ့စိတ်ဓာတ်မဟုတ်ပါဘူး။
ဒါ့ကြောင့် ဖြူစင်သော ဗုဒ္ဓဘာသာဖြစ်ချင်ရင်တော့ ဗုဒ္ဓေါ သရဏံ အညံ နတ္ထိ ဆိုကာ အခြားဂေါ့သွားပြီး အာမင် သွားလုပ်နေရင် သရဏဂုံပျက်ပါသည်။ ဖြူစင်သော ဗုဒ္ဓဘာသာလည်းမဟုတ်ပါ။  သတိ ထားသင့်ပါသည်။ ထို့အပြင် တရားနာပရိတ်ကို နောက်မေးခွန်းတစ်ခု ထပ်မေးလိုက် ပါသည်။ သူတို့ က ဒေါက်တာအမ်ဘေတကာကို ဗောဓိသတွာ ဟု ယုံကြည်ကြသည်။ ကိုးကွယ်ကြသည်။ ပွဲမတက်ခင်ကတည်းက ကျွန်ုပ်နှင့် ကျွန်ုပ်သူငယ်ချင်းများ အိန္ဒိယနိုင်ငံသား ရဟန်းတော်များနှင့် အပြင်မှာ ကတည်းက ငြင်းခဲ့ရသေးသည်။ ပွဲမစခင် ဒီအကြောင်းနဲ့ပတ်သက်ပြီး ငါ့ကို ပြောခွင့်  ပေးမလားဟု သူငယ်ချင်းတွေကို ခွင့်တောင်းကြည့်တော့ ရပါတယ် ပြေပါသည်။ သဘာဝယုတ္တိရှိဖို့တော့ လိုလိမ့်မည်ဟု သူတို့ကပင် ကျွန်ုပ်ကို ဟန့်တားသေးသည်။ သူတို့ကိုယ်တိုင်လည်း ဗောဓိသတွာ ဘုရားဖြစ်လာမည့် ပုဂ္ဂိုလ်၏အင်္ဂါများကို နားမ လည်ကြ။
 အလျဉ်းသင့်၍ ဗောဓိသတွာ၏ အင်္ဂါများကို ဖော်ပြလိုက်ပါသည်။ ဗောဓိသတွာ ဘုရားဖြစ်မည့် ပုဂ္ဂိုလ်သည်-------
၁။ ယောက်ျားစင်စစ် ဖြစ်ရမည်၊
၂။ သက်ရှိဘုရားရှင်နှင့် မျက်မှောက်တွေ့ရမည်၊
၃။ လူသားစင်စစ်ဖြစ်ရပါမည်။
၎။ ရသေ့ ရဟန်းဖြစ်ရပါမည်။
၅။ ဘုရားဖြစ်လိုသော ဆန္ဒ ပြင်းပြနေရပါမည်။
၇။ ဈာန်သမာပတ်နှင့်လည်း ပြည့်စုံရပါမည်။
၈။ ဘုရားဆုကိုလည်းတောင်းယူခြင်းတို့ ဖြစ်ပါသည်။
အထက်ပါ အင်္ဂါများနှင့် ညီပါက ဗောဓိသတွာဟု ခေါ်ဆိုနိုင် သတ်မှတ်နို်င် ပါသည်။ အထက်ပါ အင်္ဂါများကို နားမလည်သော အိန္ဒိယက ဗုဒ္ဓဘာသာများသည် ဒေါက်တာအမ်ဘေတကာကို၎င်း၊ အဋ္ဌာတထာများကို ရေးသားခဲ့သော ဗုဒ္ဓဃောသ ကို ၄င်း ဗောဓိသတွာဟု ယူဆကာ ကိုးကွယ်နေကြသည်။ အရိုအသေကား ပေးထိုက် ပါ သည်။ အထက်ပါ အင်္ဂါများ ရှင်းပြကာ သူတို့ကို မိမိတို့ ကိုယ်တိုင် ဆုံးဖြတ် သုံးသပ်ရန်။ ထိုကဲ့သို့ ရှင်းပြလိုက်ပါသည်။ ပြီးတော့ အိန္ဒိယနိုင်ငံသည် မဟာယာန လွမ်းနေသော နိုင်ငံဖြစ်ပါသည်။ ဒရိုင်းလာမား၏ လွမ်းမိုးမှုကြောင့် မဟာယာန လွမ်းမိုးနေခြင်းဖြစ် ပါသည်။ ဗုဒ္ဓဂါယာသို့ ဘုရားဖူးရောက်ဖူးများ တွေ့ဖူးကြလိမ့်မည်။ ဘုရားပတ ၀န်းကျင်တွင် ပင်ပန်းစွာ ဒိုင်မင်ထိုးနေကြည့် မဟာယာနတိဘက် ရဟန်းတော်များ နေ့စဉ် ထိုးနေကြသည်။
 စင်စစ်အားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုသည်မှာ မူလဘာသာ ဖြစ်သည်။ မူလဘာသာဆိုသည်မှာ မူရင်းဘာသာ ဗုဒ္ဓ၏ တရားများကို ပြောင်းလဲ ထည့်စွက်ခြင်း မရှိလက်ခံကျင့်သုံးနေသော ဘာသာကို ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ အချို့ သော ၀ိနည်းသိက္ခာပုဒ်များကို ပြောင်းလဲ ဖြုတ်ပစ်သော ဘာသာကို မဟာယာန ဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ မဟာယာန ဘာသာဝင်များကတော့ ထေရ၀ါဒဗုဒ္ဓ ဘာသာကို ဟိနယာန သေးငယ်သော ယုတ်နိမ့်သောဘာသာဟု ထင်ကြသည်။ ဗုဒ္ဓဟောကြားခဲ့   သော တရားတော်များသည် အစ၏ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး ၏ ကောင်းခြင်းနှင့်ပြည့်စုံနေပါသည်။ ဖြည့်စွက် ရန်လည်း မလို။ နှုတ်ပယ်ရန်လည်း မလိုပါ။ ဘုရားပရိနဗ္ဗာန်စံပြီးကတည်းက ဘုရားရှင်၏ တရား တော်များကို မထေရ်ကြီးများ အစဉ်အဆက်ကိုးကွယ်လာခဲ့သော ဘာသာကို ထေရ၀ါဒ ဟု ခေါ်ပါသည်။
ကျွန်ုပ်၏ ဟောပြောမှုပြီးသည်နှင့် တကာတစ်ယောက်က ထလျှောက်လိုက်  သေးသည်။ အိန္ဒိယနိုင်ငံကို ခရီးလှည့်လည်ရတာ အခြေအနေ ဘယ်လိုလဲ ဟုမေး လျှောက်သဖြင့် ကျွန်ုပ်လည်း “ အရမ်းကျေနပ်ပါတယ်။ ဗုဒ္ဓဘာသာကိ  အခုလို စိတ်ဝင် စားကြတာကို တွေ့ရတော့ ဖော်မပြတတ်အောင် ရင်ထဲမှာကြည်နူးမိသည်။ အားလုံးက ဖော်ရွေစွာ ပြုစုကြသည်။ မွန်ဘိုင်းမြို့ကြီးကလည်း အရမ်းသာယာ လှပါသည်။ သို့သော် စိတ်မဆိုးနဲ့ ဘူးဆိုရင် စကားတစ်ခွန်းပြောချင်ပါသည်” ဟုပြောလိုက်သော အခါ “ ပြေပါ အားမနာပါနဲ့”ဟု ပြောတာနဲ့ ကျွန်ုပ်လည်း ပွင့်ပွင့် လင်းလင်း မြင်ကွင်းမကောင်းတာ မြို့ရဲ့ အလှကို ဖျက်ဆီးးနေတာတစ်ခုရှိတယ်။ အဲ့ဒါကတော့ မြို့အလယ်ခေါင်မှာ မစင်စွန့်နေခြင်း ၊ သေးပေါက်ေ နြ ခင်း ကတော့ အဆိုးဆုံးမြင် ကွင်းတစ်ခု ဖြစ်နေပါသည်” ဟုပြော လိုက်တော့ တဝေါ ဝေါရယ်မော ကြသည်။ အဲ့ဒါလေးတော့ သတိထားပြီး ဆင်ခြင် သင့်ပါသည်ဟု ပြောခဲ့ပါ သည်။ အမှန်တကယ် လည်း မြို့အလယ်ခေါင် သေးပေါက်နေခြင်း၊ မစင်စွန့်နေခြင်းက အရှက် ကင်းမဲ့ခြင်း ထက် မြို့၏ အလှကို ဖျက်ဆီးနေပါသည်။
ဤဟောပြောပွဲတွင် ကျွန်ုပ်မေးလိုက်သည့် မေးခွန်းက “ မူးရင်းနဲ့ ကော်ပီ ဘယ်ဟာ ပိုကောင်းလဲ” ဟုမေးလိုက်ပါသည်။အားလုံးကမူရင်းကသာ ပိုကောင်း ကြောင်း ဖြေကြသည် ။ အေး…ဒါ ဆို ထေရ၀ါဒသည် သေးငယ်သော ဘာသာ သို့မ ဟုတ် ယုတ်နိမ့်သော ဘာသာဆိုတာထက် မူရင်း ဆိုတာကို မမေနဲ့”ဟုပြောကာ ကျွန်ုပ်   ဟောပြောမှုကို နိဂုံးသတ်လိုက်ပါသည်။

ုဖြူဖြူလို စိတ်ဓာတ်မွေးပါ


ဖြူဖြူလို စိတ်ဓာတ်မွေးပါ
          ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသည်။ ဘာသာရေးသည် လူသားတိုင်း အတွက် အရေးကြီးသည်မဟုတ်ပါလော။ လင်ယူမှားလျှင် သို့မဟုတ် မယားယူတာ မှားလျှင် ဒီတစ်ဘ၀သာ ခံရမည်။ ဘာသာအယူဝါဒမှားခဲ့လျှင် သံသရာတစ်လျှောက် ဆင်းရဲဒုက္ခ ရောက်ရပေမည်။ ထို့ကြောင့် ဘာသာရေးသည် လူသားတိုင်းအတွက်အလွန် အင်မတန် အရေးကြီးကြောင်းကို ရှေး ပညာ ရှိကြီး များက..
 “ ဘာသာဝါဒ ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့် ၊
ဆင်းရဲဒုက္ခ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူ ဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝ ပါယ်ဘုံ၊
ဘေးတွေ့ကြုံလိမ့်…. စသည်”ကို ရေးသားခဲ့ လေသည်။
 ကျွန်ုပ် သာသနာပြုတာဝန်ကျခဲ့သော တောင်တန်းဒေသက ဖြူဖြူ၏ စိတ်ဓာတ် ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း။ ဖြူစင်သောဗုဒ္ဓဘာသာဝင်များဖြစ်စေလိုသော ကြောင့် လည်း ကောင်း ဤစောင်းပါးလေးကို ရေးသားလိုက်ရပါသည်။ မြန်မာလူမျိုး အ တော် များများသည် အားနာတတ်ကြသည်။ ထိုကဲ့သို့ အားနာတတ်သော မြန်မာ လူ  မျိုးများကို အခြားဘာသာများက ဘာသာရေး အခွင့်အရေး ယူလို့ ယူမှန်းမသိ ယူနေ ကြ၏။ အားနာတတ်သည့်ဆိုရာ၌ သူ့နေရာနှင့် သူ အားနာတတ်ဖို့ လိုပါသည်။ အားမနာသင့်တာ အားနာနေလျှင် ဘ၀ပျက်မည်သာ။ လူမှုရေးနှင့် ဘာသာရေးကို မရောသင့်ပါ။ ယခု တင်ပြမည့် ဖြူဖြူရဲ့ အကြောင်းလေးက အသက်ငယ်ပေမဲ့ အသိကြွယ်နေသည့်အကြောင်းလေးပါ။
တစ်နေ့လို့ပဲဆိုကြပါစို့။မနက်၇နာရီထိုးလောက်မျက်နှာဆူပုတ်ပုတ်နှင့်ဖြူဖြူတစ် ယောက် ကျွန်ုပ်တို့ သာသနာပြု ဗဟိုလ်ကျောင်းပေါ်သို့တက်လာသည်။ ရောက်သည် နှင့်မည်သူ့ကို  နှုတ်မဆက်။ ဘုရားရှိခိုးပြီး ကျောင်းထောင့်နားသွားထိုင်နေသည်။ အရင်နေ့တွေဆို ဖြူဖြူ တစ် ယောက် စကားသွက်သွက် ဖြင့် ကျွန်ုပ်တို့ဦးဇင်းအားလုံးကိုနှုတ်ဆက် စကားပြောသည်။ ဒီနေ့တော့ ဘယ်သူ့ကိုမှစကားမပြော၊ နှုတ်လည်းမဆက်။ နှုတ်ခမ်း ကြိတ်ပြီးစိတ် အတော် လေး တို နေ၏။ တခုခုလုပ်ချင်နေပုံပေါက် နေသည်။ သို့ဖြင့်ကျွန်ုပ် တို့က ဖြူဖြူအနားသွားပြီး မေးကြည့် မိ သည်။
“ ဖြူဖြူ ဘာတွေ ဖြစ်နေတာလဲ  ၊ ဘာလဲ မေမေ ကဆူလိုက်ပြီထင်တယ် ဟုတ်လား” ဟုမေးလိုက်တော့..။
“ မဟုတ်ပါဘူး ဘုန်းဘုန်းရယ်။ ဖြူဖြူ့ သူငယ်ချင်းကို မကျေနပ်လို့ပါ”
“ ဘာကို မကျေနပ်တာလဲ  ဖြူဖြူရဲ့ သူ့ကို စိတ်တိုတာနဲ့ပဲ ဘုန်းဘုန်းတို့ကို တောင် စကားမပြောတော့ဘူားလား” 
“ သမီး သူငယ်ချင်းက ခရစ်ယာန်လေ၊ သူနဲ့ သမီး ကတိ တစ်ခု လုပ်ထားတာ။ အရင်အပတ်က တနင်္ဂနွေနေ့မှာသူတို့ချပ်ကျောင်းကို သမီးကိုလိုက်ဖို့သူကပြောတယ်။ နောက် တစ်ပတ် ဥပုသ်နေ့ကျရင် သူလည်းပြန်ပြီးတော့ သမီးတို့ဘုန်းကြီးကျောင်းကို လိုက်မယ် လို့သမီးကိုကတိ ပေးတယ်လေ။ ဒါနဲ့သမီးလည်းသူတို့ချပ်ကျောင်းကိုလိုက်သွားတာပေါ့။ မနက်က သူ့ကို ဘုန်းကြီး ကျောင်းကိုသွားဖို့သမီး သွားခေါ်တော့ သူ့ မိ ဘ တွက ဘုန်းကြီးကို မသွားရဘူး တဲ့။ ခရစ်ယာန်နဲ့ဗုဒ္ဓဘသာ မတူဘူး ၊ ဒါ့ကြောင့် ဘုန်းကြီး ကျောင်း ကိုမသွားရဘူးလို့ သူ့မိဘတွေက တားလို့ သူက သမီးတို့ ကျောင်း ကို မလိုက်ဘူးတဲ့လေ။ သူက လူပါးဝတယ်။  သူ့ကို သမီး ဒီနေ့က စပြီး ဘယ်တော့မှ မခေါ်တော့ဘူး။ သူငယ်ချင်းလည်း မလုပ်တော့ဘူး။ ပြီးတော့ သူတို့ ဓမ္မဆရာတွေက သမီးကိုလည်း စိတ်ပါပါ မပါပါ  အာမင်ဆိုတာ လုပ်ခိုင်းသေးတယ်။ ဒီကောင်မကို လုံးဝ မကျေနပ်ဘူး”ဟုပြောတော့ ကျွန်ုပ်တို့ပင် အံ့အားသင့်သွားရသည်။
ဖြူဖြူအသက် ၇-နှစ်ပင်ရှိသေးပါသည်။ ဖြူဖြူ၏ မိဘများကား အဖေက နာဂလူမျိုး အမေက မြန်မာလူမျိုးဖြစ်ပါသည်။ လေရှီးမြို့တွင် ကျောင်းဆရာမလုပ်ရင်း အိမ်ထောင် ကျနေပါ သည်။ နာဂလူမျိုးထဲက ဖြူဖြူ၏ ဖခင်မှာ ပါရာနာဂ လူမျိုးဖြစ်ပါသည်။ ပါရာနာဂသည် ဗုဒ္ဓဘာသာအများဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာကို ပထမဆုံး ၀င်ရောက် သူများဖြစ်ပါသည်။ ဖြူဖြူ၏ ပတ်ဝန်းကျင်သည် ခရစ်ယာန်ဘာသာဝင် များသာ ဖြစ်ပါသည်။ သို့သော်လည်း မိဘများ၏ သင်ပြမှုကောင်းသောကြောင့် အသက်ငယ်ပေမဲ့ ဘာသာရေး အသိကြွယ် နေခြင်းဖြစ်ပါသည်။ ဘာသာရေးခံယူချက် ပြင်းပြနေခြင်း ဖြစ်ပါသည်။ ဗဟိုလ် လက် ထောက် ဆရာတော်မှလည်း စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ စာပေများကို သင်ပေးသော ကြောင့်လည်း ဖြစ် ပါသည်။
မြန်မာလူမျိုးအတော်များများ မိမိဘာသာကို တန်ဘိုးမထားကြတော့ချေ။ ထိုင်းမှာ ရောက် နေသည့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ ချပ်ကျောင်းမှာ ဂီတာတီးကာ အာမင်လုပ်နေကြသည်။ အာမင်ရဲ့  အဓိပ္ပါယ်ကိုပင် နားမလည်ပဲ သူတို့ လုပ်တိုင်း လိုက်ပြီး အဟုတ်မှတ်ကာ လုပ်နေကြ သည်။ ဘာသာရေး ကျွန်ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေကြပြီ။ ၀မ်းနည်းစရာ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဟု ဆိုသည့်အတိုင်း ဘုရားမှတစ်ပါး အခြားကိုးကွယ်ရာ မရှိလို့ ဆိုပြီး ချပ်ကျောင်းသွားကာ အာမင် လုပ်နေရင် စင်ကြယ်သော ဗုဒ္ဓဘာသာ မဟုတ်ပါ။ သရဏဂုံပျက်ဆီးနေသောကြောင့် ဖြစ်ပါသည်။ အကကောင်းသည့် ရွှေဒေါင်းလို ရှေ့က ကြည့်တော့ အမြီး ၀ိုင်းပြီး လှတယ်ထင်ရပေမဲ့  နောက်က ကြည့်တော့ ဖင်ဟောင်းလို လိုဖြစ်နေပါပြီ။
ရန်ကုန်မှာဆို ပိုဆိုးနေပေပြီ။ ချပ်ကျောင်းသွားပြီး လူမှုရေးတွေ လုပ်နေ လိုက် ကြတာ။ ပညာတတ်ကြီးတွေပါပဲ။ လူမှုရေးတွေ အတော်နားလည်နေကြသည်။ ချပ် ကျောင်း သွားပြီး အာမင်တွေ လုပ်နေကြသည်မှာ ဦးနှောက်က သုံးစားမရ။ အခြား ဘာသာဝင်များကို ကိုယ့် ဗုဒ္ဓဘာသာကျောင်းကို ခေါ်လာပြီး ရှိခိုး ခိုင်းကြည့်စေချင်သည်။ ဗုဒ္ဓဘာသာသည် ပျော်စရာ မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် ဒဏ္ဍာရီလည်း မဟုတ်။ ပုံပြင်လည်း မဟုတ်။ ဆိုကရေးတီး ဆုတောင်းခြင်းဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို မသိနိုင်ပါ။ ဗုဒ္ဓဘာသာသည် လူသားတိုး လိုလားတောင်းတနေသည့် ဒီမိုကရေစီ အကျဆုံး ဘာသာတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓက  သေပါစေ ၊ ငါ့ကို မရှိခိုး မရိုသေရင် သေပါစေ၊  ငရဲရောက်ပါစေ၊ ကောင်းကင်ရောက်ပါစေ ဟု မည်သူကိုမျှ မကြိမ်းဝါးခဲ့ပါ။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ၊ ကောင်းသောလမ်း ၊ မကောင်းသောလမ်းများကိုသာ ဗုဒ္ဓက ညွှန်ပြပေး တော်မူခဲ့ပါသည်။ မြန်မာတွေက နားလည်မှု အားနာမှု အတော်လေးပင် ရှိသည်။ ဘာ သာခြား တစ်ယောက်က ပြောဖူးသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေက ဖျက်ဆီးရတာ လွယ်သည်။ စည်းရုံးရတာ လွယ်သည်တဲ့လေ။  မြန်မာလူမျိုးတွေ ပိုက်ဆံပေးရင် ဘာမဆို ရသည်တဲ့။ ဘာသာရေးကို အပျော်သဘောလောက် ထားချင်ကြသည်။ အနောက်နိုင်ငံက ပညာရှိများကဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး လေ့လာနေကြသည်။ မြန်မာလူမျိုးများက အရှက်ကင်းမဲ့သည် အနောက်နိုင်ငံက ဖင်ပေါ်ခေါင်းပေါ် ၀တ်စားဆင် ယင်မှုတွေကို အဟုတ်လုပ်ပြီး ၀တ်နေကြသည်။ အနောက်နိုင် ငံကြီးများက မြန်မာ့ယဉ်ကျေးမှုကို သိချင်ကြသည်။ သဘောကျသည်။ မြန်မာတွေက အရူးထပြီး အနောက်နိုင်ငံများ၏ အရှက်ကင်းမဲ့သည့် ၀တ်စားဆင်ယင်မှုမျိုးကို အဟုတ်လုပ်ကာ ၀တ်နေကြသည်။
အမှန်တကယ် မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှုကား မည်မျှယဉ် ကျေးနေသည်ကို မသိကြပေ။ ခေတ်ဆန်တာနဲ့ တိုးတက်တာကိုပင် နားမ လည်ကြတော့ပေ။ အမှန်တကယ်အားဖြင့် ဖင်ပေါ် ခေါင်းပေါ်နေကြသည်မှာ တိရိစ္ဆာန် တို့သာ ဖြစ်သည်။ လူနှင့် တိရိစ္ဆာန် ခြားနားမှုကား အရှက်တရား ရှိခြင်း မရှိခြင်းသာ ဖြစ်ပါသည်။ စား၊ သောက်၊ ကာမဂုဏ် ခံစားမှု အတူတူသာ ဖြစ်ပါသည်။ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကို တန်းဘိုးထားတတ်ရန် နှင် ဖြူဖြူရဲ့ စိတ်ဓာတ်လေးကို အတူယူပြီး နှလုံးသားဝယ် ဘုရားတည်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…

Tuesday, March 1, 2011

ရက်စက်လိုက်တာ ဆောင်းရယ်

ရက်စက်လိုက်တာ ဆောင်းရယ်
ရာသီကအေးလွန်းသောကြောင့်ချမ်း၏။ အဘယ့်ကြောင့်ဆိုသော် အေးသော ကြောင့်ဖြစ်၏။ အေးသည်ဆိုသည်မှာ ဖင်တုန်အောင်အေး၏။ ဖင်တုန်အောင် အေးသော ကြောင့် ချီ်းယိုပြီးသောအခါ ဖင်ကိုပင် ရေမဆေးချင်ပေ။ အေးလိုက်တဲ့ ဆောင်းရာသီ ။ ဆောင်းရာသီ ရောက်တိုင်းလည်း သတိရနေသည်။ မိန်းမရှိတဲ့ သူများအတွက်တော့ ကွေးလို့ကောင်းပေါ့။ ကျွန်ုပ်တို့လို လူပျို လူလွတ်များ အတွက်တော့  ဆောင်းရာသီက အသုံးမ၀င်ဘူးပေါ့။ ဆောင်းရာသီမှာ မနက်ပိုင်း ပေါင်း တင်း မီးဖုတ်စားရသည်ကလည်း ပျော်စရာ။ ကျွန်ုပ်တို့ ဒေသမှာ ဆောင်းရာသီတွင် ပေါင်း တင်း များဖုတ်စားသည်က ရာသီပေါ်စာကဲသို့ ဖြစ်နေ၏။ ပေါင်းတင်းမီးဖုတ်ပြီး ဆီလေးနဲ့ ဆားလေးနဲ့ ရောစပ်ပြီး နယ်စားရသည်မှာ အရသာရှိ၏။ ကျန်တဲ့ လများထက် ဒီဆောင်းလများမှာ ပေါင်းတင်း မီးဖုတ်စားရသည်က ပို၍ အရသာ ရှိသည်ဟုလည်း ထင်၏။ ဒါ့ကြောင့် ဒီဆောင်းလများမှာသာ ပေါင်းတင်း မီးဖုတ်စားလေ့ရှိ၏။
မနက်စောစော မီးလှုံရင်း မီးဖိုဘေး ၀ိုင်းထိုင်ကာ ပျော်ပျော်ပါးပါး စားကြသည်ကို ဆောင်းလရောက်တိုင်း သတိရနေတော့သည်။ ဆောင်းလမှာ ဆင်းရဲသောမိသားစုအတွက် မသက်သာပေ။ စောင်ထူထူ မ၀ယ်နိုင်ကြဘူးလေ။ အေးသည်ကလည်း မေးတုန် မေးခိုက်အောင်အေး၏၊ ချမး။်ဆောင်းရာသီ ဆိုင်ကယ်စီးလျှင် လက်များအေး၍ ကိုင်လို့ ကိုင်မှန်းမသိတော့ပေ။ ဆောင်းရာသီမှာ လယ်သမားများ ကောက်တလင်း ရိပ်သိမ်းချိန်ဖြစ်သည်။ အေးလွန်း၍ တကိုယ်လုံးစောင်ထူထူပတ်ကာ စပါးများကို နွာများဖြင့် နင်းကာ ခြွေကြရသည်။ (အခုတော့ စက်တွေ ထွန်းကားနေပြီပေါ့။) ဒါတောင် နေရာတိုင်း မထွန်းကားသေး။ ဆောင်းရာသီမှာ ကွေးရသည့် အရသာကလည်း အခြားနှင့်မတူ။ ခါးက ပုဆိုးပင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိအောင် ကွေးရ၏။
အခုလည်း ဆောင်းရာသီ ခရီးသွားသည့် လူတစ်ယောက်ပြောပြချင်ပါသည်။ အမှတ်မထင် သူဟာ ကျွန်းလှမြို့ဘက်က ရွာတစ်ရွာ ရောက်သွားသည်။ ရောက်သွားသည့် အိမ်ကလည်း မိသားစုက များသည်။ စောင်ကို မိသားစုအတွက်သာ ၀ယ်ထား၏။ နွေပိုင်းကျတော့လည်း စောင်က လိုတာမဟုတ်ပေ။ ဆောင်းရာသီလောက်သာ လိုတာဆိုတော့။ အမှတ်မထင် ဧည့်သည် ရောက်လာတော့ သူတို့လည်း ဧည့်သည်အတွက် မိသားစုထဲက စောင်ကို မျှဝေခြုံရတာပေါ့။ ကျွန်းလှဖက်ကလည်း နွေရာသီ အလွန်ပူပြီး ဆောင်းရောက်တော့လည်း အတိုင်းထက် အလွန်အေးပြန်၏။ အေးလွန်းလို့ နှုတ်ခမ်းများပင် ကွဲကြ၏။ ထိုအထဲ ရောက်လာသည့် ဧည့်သည်ကို အေးမည် ဆိုးသောကြောင့် တခြားခွဲ မအိပ်စေဘဲ ယောက်ျားလေးများသတ်သတ် စုပေါင်း အိပ်စေပါသည်။ သန်ခေါင် ကျော်သည်နှင့် အအေးက စ လာပါပြီ။ အောက်သားက အထက် အညာ ဘက် ရောက် သွား တာဆိုတော့ တကယ်အေးမည်ဟု မထင်ထားပေ။ အအေးက သန်ခေါင်ကျော်လျှင် တဖြေးဖြေ အေးလာ၏။
အေးလေ ကွေးလေ၊ ကွေးလေ အေးလေဆိုသလိုဖြစ်နေ၏။ လူအများကြားထဲ ပူးအိပ်တာတောင် ဒီလောက်အေးသလားဟုလည်း တစ်ယောက်တည်းတွေးနေမိသည်။ သူများတွေ အိပ် တာငြိမ်နေ၏။ ငါတစ်ယောက်တည်းပဲ အေးနေတာလားဟုလည်း တွေးမိသည်။ တွေးရင်း ကွေးကာ အိပ်ပျော်သွား၏။ ၂-နာရီ ကျော်လောက် အအေးဓာတ်က တအား လွန်ကဲ လာ၏။ တကိုယ်လုံး စောင်ခြုံထားသည်ဟု ပင် မထင်တော့။ လက်တွေကလည်း အအေး လွန်ပြီး ထုံနေပြီ။ ကွေးလိုက်တာ ကွေးရင်း ကွေးရင်းနဲ့ ခေါင်းက ဖင်ကြားထဲရောက်သွား၏။ အေးလေ ကွေးလေပေါ့။ သာမန်အချိန်တွေဆို ခေါင်းကို ဖင်ထဲ ရောက်အောင် မကွေးနိုင်ပေ။ ခါးတောင့်ပြီး နာလို့ မကွေးနိုင်။ အခုတော့ ခေါင်းက ဖင်ကြားထဲ ဘယ်လိုရောက်နေသည်မသိ။ ကြာတော့ အသက်ရှုကြပ်လာ၏။ သူ့နှာခေါင်းနဲ့ သူ့ဖင်က ထိနေသည်။ ဒါပေမဲ့ သူ့ဖင်ဆိုတာကို သူမသိပါ။ အသက်ရှုကြပ်တာနဲ့ သူ့ဖင်ကို သူများဖင်ထင်ပြီး တွန်းလွတ်နေ၏။ အေးတော့ ထုံနေ၏။ ဘယ်လိုမှ တွန်းလို့ မရ။ မျက်စိလည်း မဖွင့်ချင်။ “ ဒါ ..ဘယ်သူ့ ဖင်လဲ” ဟု မျက်စိမဖွင့်ဘဲ မေးသည်။ ဘယ်သူမှ မဖြေ။ အကြိမ်ကြိမ်မေးသည်။ အားလုံးက အေးတော့ ကွေးလို့ကောင်းနေကြ၏။ ကြာတော့ မေးလို့က မရ။ စိတ်တိုလာ၏။ “ အင်း…ငါ့ဘက်ကလည်း မေးတာ တာဝန်ကျေပြီ။ တွန်းလို့ လည်းမရမဲ့ အတူတူ တော့ မထူးဘူးဆိုပြီး ရင်ဘတ်က တွယ်ချိတ် ဖြုတ်ပြီး “ ကဲ ကွာဆိုပြီး ထိုးလိုက်တာ” အဲ့ ဒီအခါ ကျ နာလွန်းလို့ သူ့ဖာသူ ထအော်တော့၏။ ဘေးလူများလည်း လန့်နိုးကြ၏။ “ဘာဖြစ်တာလဲ .ဘာဖြစ်တာလဲ “ လို့ ၀ိုင်းမေးကြတော့ “ ဟာ ကျနော် အသက်ရှုကြပ်လို့ ဒီဖင်ကြီးကို အဖယ်ခိုင်းတာ မရတာနဲ့ မထူးဘူးဆိုပြီး တွယ်ချိတ်နဲ့ ထိုးလိုက်တာ သူများဖင်မဟုတ်ဘဲ ကျနော်ဖင်ဖြစ်နေတာလေ” ဟု ပြောတော့ ဘေးက လူများက နင့်နယ်ဟယ်ဆိုပြီး ရယ်ကြလေတော့၏။ ရက်စက်လိုက်တာ ဆောင်းရယ်လို့ တစ်ယောက် တည်းတွေးနေမိသည်။ ဆောင်းရာသီ၏ အအေးဒဏ်ကို ခံစားချင်သူများ အထက်အညာဘက် ကျွန်းလှဘက် အလည် သွားစေချင်ပါသည်။ ဒီလောက်အေးတဲ့ ဆောင်ရာသီကို ဘယ်တော့မှ မမေ့နိုင် တော့ပေ။

အဆက်

ဘောင်းဘိကွဲနဲ့ ထိုင်ထစွဲခဲ့ရသည့် ကျွန်ုပ်ဘဝ
        ဒီလိုနဲ့ တစ်ရက်က ဆရာ ဆရာမတွေပျင်းတားနဲ့ အလုပ်မရှိ အလုပ်ရှာ ကျွန်ုပ်တို့ ဒုတိယတန်းကျောင်းသား ကျောင်းသူလေးတွေကို  စာများများပေးကာ နာရီဝက်နှင့် အရ ကျက်ရန်၊ ရလျှင် ဆရာ့ဆီကို လာဆိုပြရန် ဆရာကပြောကာ ကျက်ခိုင်း၏။ စာတွေက မနိုင်မနင်း ကျက်ခိုင်းသောကြောင့် ကျွန်ုပ်တို့ ကျောင်းသားများ တစ်ယောက်မှ နာရီဝက်အတွင်း မရကြပေ။ သို့ဖြင့် ဆရာကြီးက မရတဲ့ကျောင်းသား ကျောင်းသူတွေ ၂-ယောက်တစ်တွဲ သူ့နားရွက် ကိုယ့်နားရွက်စွဲကာ ထိုင်ထ လုပ်ရမည်ဟု ပြော၏။ ကျွန်ုပ်က (မ---)နှင့် တွဲကြပါသည်။
ဆင်းရဲသော ကျွန်ုပ်ဘ၀ ဆွေးနေသော ဘောင်းဘိတစ်ထည်ကို ချုပ်ရိုးပေါင်း တစ်ထောင်ဆိုသလို အထပ်ထပ် ဖာထေးကာ ၀တ်နေရသည်။ ဆွေးနေသော ကျွန်ုပ်ဘောင်းဘိသည် ထိုင်ထ သုံးခေါက်လောက် လုပ်လိုက်သည်နှင့် ဖင်နေရာက ပွင့်သွားပါတော့သည်။ သိတဲ့အတိုင်း ဆရာ ဆရာမများ အရမ်းရယ်မောနေကြသည်။ ဖွားဘက်တော်လေးက ထွက်နေပြီလေ။ ကျွန်ုပ် ၂-တန်းကျောင်းသားဘ၀ ရှက်တတ်သည့်စိတ်ရှိနေပြီ။ သို့သော်လည်း ဆရာကိုကြောက်သည့် စိတ်ကြောင့် ကွဲနေသည့် ဘောင်းဘိကိုပင် ဂရုမစိုက်နိုင်ခဲ့။ ဆရာက တော်ခိုင်းသည့်အထိ လုပ်နေရသည်။
ထိုအဖြစ်ပျက်ကလေးကို ကျွန်ုပ်လည်း မေ့နေပါပြီ။ တက္ကသိုလ် ဒုတိယနှစ် ပြီးလို့ ရွာပြန်ကာ မိဘများထံ အလည်ပြန်တော့ မတွေ့ဖြစ်သည့် ရွာက ကျောင်းနေဖက် ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ပါသည်။ တက္ကသိုလ်တက်နေသည့်ဆိုတော့ သူတို့က ကျွန်ုပ်ကို အလိုလိုပင် ရှိန်နေကြသည်။ စကားပင် မပြောရဲကြ။ကျွန်ုပ်က ငယ်ငယ်ကတည်းက မြို့သို့ရောက်ခဲ့သည်လေ။ တချို့ သူငယ်ချင်းများဆို အိမ်ထောင်ကြပြီး ကလေးများပင် ရနေကြပြီ။ မတွေ့တာလည်းကြာ မြို့မှာနေသော ကျွန်ုပ်ကို အထင်လည်းကြီးကြသည်။ ရွာရောက်သည်ဆိုရင်ပဲ ရွာက ဆရာတော်နဲ့ လူကြီးများက ကျွန်ုပ်၏ တရားကို နာယူလိုကြောင်း ၊ ရွာကထွက်သွားကတည်းက တခါမှ တရားမ ဟော ဖူးသောကြောင့် ရွာသားများက ကျွန်ုပ်ဟောသည့် တရားကို နာယူချင်ကြသည်။ သို့နှင့် ကျွန်ုပ်လည်း တရားဟောဖို့ ဆုံးဖြတ်လိုက်ပါသည်။ တရားမဟောခင် ငယ်သူငယ်ချင်းများက အရင်ဦးဆုံး ကျွန်ုပ်ကို လာကန်တော့ပါသည်။ ကျွန်ုပ်ကတော့ ဆရာတော်ကြီးစတိုင်ပေါ့။
သို့သော်လည်း လာကန်တော့သည့် သူငယ်ချင်းတွေက ကျွန်ုပ်ကို စကားမပြောဘဲ ကျိတ်ပြီးရယ်ကြသည်။ “ဟာ ဘာဖြစ်တာလဲဟ၊ စကားတောင် မပြောရသေးဘူး၊ နင်တို့ရော အဆင်ပြေကြလား၊ မတွေ့တာလည်း ကြာပြီနော်။ ဘာတွေလုပ်စားကြလဲ” စသဖြင့် ကျွန်ုပ်ကပင် နှုတ်ဆက်လိုက်ပါသည်။ သူတို့က ဘာပြောလဲဆိုတော့ “တပည့်တော်တို့ အဆင်ပြေပါတယ်ဘုရား၊ ဦးဇင်းကိုတွေ့တိုင်း တပည့်တော်တို့က ခေါ်ချင်ပါတယ် ။နှုတ်ဆက်ချင်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းကိုလည်း မခေါ်ရဲဘူး ။ကြောက်လည်းကြောက်နေတာ၊ ဦးဇင်းက ခပ်တည်တည်နေတော့။ နောက်ပြီး ရယ်ချင်တယ်ဆိုတာက ဦးဇင်း မှတ်မိသေးလား မသိဘူးဘုရား။ တပည့်တော်တို့ ၂-တန်းကျောင်းသားဘ၀တုန်းက ဦးဇင်းက မ--နဲ့ တွဲပြီး ထိုင်ထ လုပ်ရတာလေ”ဟု ပြောတော့မှ ငယ်စဉ်က ဘ၀အကြောင်းလေးကို ပြန်လည်သတိရမိသည်။
ဦးဇင်းကို ဆရာတော်ကြီးစတိုင် ခပ်တည်တည်နဲ့နေတာမြင်ရတော့ ငယ်တုန်းက အကြောင်းလေးကို ပြန်သတိရပြီးရယ်နေတာပါဘုရား” ဟုလျောက်တော့မှ “ဟာ ..နင်တို့ကလည်း ကြံကြံဖန်ဖန် သတိရတယ်နော်။ ကျွန်ုပ်လည်း မျက်နှာ နီးရဲသွားပါသည်။ တရားဟောရမှာပင် အတော်လေး ပူထူသွားရသည်။ အချိန်ရောက်သည်နှင့် တရားဟောဖို့ လူကြီးများက လာပင့်ပါသည်။ တရားဟော မစခင် ရှေ့ဆုံးက နေရာယူထားသည့် စောစောက သူငယ်ချင်းများကို ကြိုပြောထားရသည်။ “ငါ ဟာသပြောလျှင် နင်တို့ မရယ်ကြနဲ့။ ငါဟာသပြောလို့ နင်တို့ရယ်တာမဟုတ်ဘူးဆိုတာ ငါသိနေတယ် ”ဟုပြောလိုက်တကည်းက တဝေါဝေါ ရယ်ကြသည်။ အခြား လူများကတော့ နားမလည်ကြပေ။ စိတ်ကို မနည်းထိန်းပြီး တရားတစ်ပွဲပြီးအောင် ဟောခဲ့ရသည်။
တောင်တန်းဒေသသို့ သာသနာပြုတာဝန်ကျတော့ ကျွန်ုပ်တို့နှင့် မုံရွာက အထက်တန်းပြ ကျောင်းဆရာများ အတူတူနေကြပါသည်။ ကျွန်ုပ်တို့၏ ဝေယျာဝေစ္စကို ထိုကျောင်းဆရာများက တာဝန်ယူ လုပ်ပေးပါသည်။ တစ်နေ့တော့ ဆရာမြင့်ထွန်းက သူ့အထက် တန်း ကျောင်းသားလေးတွေကို စာကျက်ခိုင်းလိုက်တာ မရသည့်အတွက် စိတ်တိုကာ ထိုင်ထ လုပ်ခိုင်းလိုက်ပါသည်။ နာဂတိုင်းရင်းသားတို့သည် ဆယ်တန်းကျောင်းသားဆိုရင် လူကောင်ကြီးတွေက တအားကြီးနေပေပြီ။ ပညာရေး နောက်နှေးသည်လည်းပါ၏။ သူ့ကျောင်းသားလေး တစ်ယောက်လည်း စာမရလို့ ထိုင်ထ လုပ်ခိုင်းလိုက်တာ ဂျင်းဘောင်ဘိ ဖင်ကွဲသွား၏။ အခြားကျောင်းသူ ကျောင်းသားများက ရယ်နေကြ၏။ ထိုကျောင်းသားလေးမှာ ဆရာကိုကြောက်သည့်အတွက် ဖင်ကွဲသွားသည့် ဘောင်းဘိကိုပင် သတိမထားရဲပေ။ ဆရာလည်း ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်ခဲ့ရသည်။ ပြီးတော့ “အော်….ဒီအရွယ်ဆို ရှက်တတ်မှာပဲဟု” ပြန်သတိဝင်ကာ ထိုင်ထမ လုပ်ခိုင်းရက်တော့။ ထိုကဲ့သို့ ဆင်းရဲခဲ့သော ကျွန်ုပ်ဘ၀လေးကို ယနေ့အထိ သတိရနေဆဲပင်။
ဆင်းရဲသည့်ကံက မြို့ရောက်သည့်အထိ မကုန်သေးပေ။ ဘ၀ပေးအ ခြေအ နေအရ မြို့သို့ ပညာသင်ခွင့်ရခဲ့သည်။ ရွာက လက်ဦးဆရာ၏ ပညာရေး အမြော်အမြင် ကြီးမားသောကြောင့် မြို့သို့ ပညာသင်ရန်ရောက်ခဲ့ပါသည်။ ရောက်ခါစ အသိတကာ တကာမလည်း မရှိသေး။ အဆင့်မြင့် ပိဋက စာပေတွေကို သင်ရသည်မှာ အရမ်းကြည် နူးမိသည်။ ရွာမှာနေစဉ်တုန်းက ညစာ မစားဘဲ နေနိုင်သော်လည်း မြို့ရောက်တော့ စာကျက်ရတာက နေ့နှင့်ညဆိုသလို မပြတ် ကျက်နေရသည်။ ညစားလည်း မစားရပေ။ စည်းကမ်းလည်းကြီးသည့် စာသင်တိုက်လည်း ဖြစ်သည်။ ရွာမှာဆို ဗိုက်စာလျှင် အိမ်ပြန်ပြီး အမေ့ဆီပြောလိုက်ရင် အမေက ကျွေးမှာအမှန်ပင်။ အခုတော့ အမေနဲ့က ဝေးနေပြီ။
ဗိုက်ဆာလို့မှ စားစရာမရှိ။ တစ်ရက်ကတော့ ဗိုက်က တအားဆာသည်။ သူငယ်ချင်းသုံးယောက် စာအံကျောင်း နားချိန် ဗိုက်ဆာလွန်း၍ ကြံမိကြံရာ ကြံကြသည်။ သို့ဖြင့် သုံးယောက်ပေါင်းကာ ခေါက်ဆွဲဝယ်စားဖို့ တိုင်ပင်ပြီး ကျောင်းနားနီးသည့် ခေါက်ဆွဲဆိုင်က ခေါက်ဆွဲတစ်ထုပ် ၀ယ်ကာ အိမ်သာနောက်ဖေးသွားကာ ခိုးစားကြသည်။  စာချဘုန်း ကြီးမြင်မှာ ဆိုး သောကြောင့် ဓာတ်မီးလည်း မထိုးရဲ။ အိမ်သာဆိုသော်လည်း ဆယ်လုံးတန်းထားသည့် တိုက်အိမ်သာဖြစ်ပါသည်။ နေ့လည်ဘက်ဆို ကျွန်ုပ်တို့ ဘောကန် ခြင်းခတ် ကစားသည့် နေ ရာလည်းဖြစ်ပါသည်။ တိုက်အိမ်သာဆိုတော့ သန့်ပျံ့နေပါသည်။ ဒီလိုနဲ့ ခေါက်ဆွဲစားဖို့ အိမ် သာ နောက် က သမန်တလင်းပေါ် ခေါက်ဆွဲထုပ်ကို ချကာ ၀ိုင်းထိုင်ပါသည်။ ထိုင် လိုက် သည် ဆို ရင်ပဲ မစင်(ချီး) အနံ့က နံလာပေပြီ။
“နေ့လည်ကတောင် ငါတို့ ကစားနေတာပဲ။ ဘာမှ မရှိပါဘူး။ အခုကျမှ မစင်အနံ့က နံတယ်။
“ဟာ..ဘေးကို စမ်းကြည့်အုံး။ တောက.. ဘယ်သူ ပါသွားလဲမသိဘူး။ တော်တော် စုပ်ပဲ့တာပဲဟု ပါးစပ်မ”ှ ရေရွတ်ကာ ခေါက်ဆွဲကို မစားသေးဘဲ သုံးယောက်သား ဘေးပတ်ဝန်းကျင်ကို လက်ဖြင့် စမ်းကြည့်ကြသည်။ လက်တစ်ဖက်ကလည်း ခေါက်ဆွဲထုပ်ကို ကိုင်ထားရ၏။ ဗိုက်က အရမ်းဆာနေကြည်။ တချို့ကောင်က မစင်ကို လိုက်မစမ်းပဲ ခိုးစားနေမည်ဆိုးသောကြောင့် တစ်ယောက် ကို လက်တစ်ဖက်စီ ကိုင်ထားကြ၏။ လည်တဲ့ကောင်က မစမ်းပဲ ခိုးစားနေရင် ခက်ရ ချည်ရဲ့။ သို့ဖြင့် ဘေးပတ်ဝန်းကျင်ကို စမ်းကြည့်ကြသည်။ အနံ့သာ ရနေသည်။ ဘယ်လို စမ်းစမ်း မတွေ့ပေ။ ဒါနဲ့ မစမ်းတော့ပဲ စားကြရန်ဆုံ့းဖြတ်ကြသည်။ စာချဘုန်းကြီး လာလျှင် မစားရ သည့်အပြင် အရိုက်ခံရအုံးမည် ဆိုးသောကြောင့် နှာခေါင်းပိတ်ကာ စားကြသည်။ စားပြီးမှ စာချဘုန်းကြီးအခြေအနေကို အကဲခတ်ကာ ဓာတ်မီးထိုးပြီး ဘေးပတ်ဝန်း ကျင်ကို ရှာကြည့်တော့လည်း မတွေ့ရ။ ဒါနဲ့ ကျွနု်ပ်တို့ စားထားသည့် ခေါက်ဆွဲထုပ်ကို စွဲမြောက်  လိုက်ကြည့်မှာ မစင်ပုံကြီးက ကြက်ယက်ထာသည့်အလား ပြန့်ကျဲနေသည်။ ပွလကျော ရိုက် နေသည်။ ဒုက်နဲ့ထိုးပြီး စော့ထားသကဲ့သို့။ စာသင်သားဘ၀ ဆင်းရဲခဲ့ရသည့် ထိုနေ့လေးကိုလည်း ယခုထက်မှတ်မိနေဆဲပင်။ ကျွန်ုပ်ဘ၀၏ ဆင်းရဲမှုကို အကြောင်းပြု၍ ဆင်းရဲသော တောင်တန်းဒေသက နာဂတိုင်းရင်း သားလေးများကို မြို့သို့ ခေါ်လာကာ ပညာသင် ပို့ပေးထား ပါသည်။ ဤကုသိုလ်ဖြင့် နောက်ဘ၀ဆက်တိုင်း ဆင်းရဲခဲ့သော် ကူညီမည့်သူများ တွေ့ပါစေဟု ဆန္ဒပြုရင်း.။
လူအချင်းချင်း ကူညီနိုင်ကြပါစေ..
ဆက်လက်ဖတ်ရှုရန်.. ဖြူဖြူလို စိတ်ဓာတ်မွေးပါ..
“ဘာမှန်းမသိတဲ့ အာမင်က လုပ်ခဲ့ရသေးတယ်။
အဲ့ကောင်မကို မကျေနပ်ဘူးစသည်..

အဆက်

အခုလည်း ဆရာမက အိမ်ပြန်ပြီး ကျောင်းအားကစားကြေး ပိုက်ဆံ တောင်းခိုင်းနေချေပြီ။ ပိုက် ဆံမရှိဟုလည်း မပြောရဲပေ။ ပိုက်ဆံမရှိဟု ဆရာမကို ပြောလျှင် ဆရာမက ရိုက်မည်မှာ သေ ချာသည်။ ပြီးတော့ မိဘတွေကို အပြစ်ပြောမှာ သေချာသည်လေ။ အိမ်ပြန်လည်းပိုက်ဆံမဆိုထားဘိထမင်းတောင် မစားခဲ့ရတဲ့ဘ၀ ဘယ်သူ့ဆီသွားတောင်းရမလဲ။ အမေတို့ အဖေတို့လည်း အိမ်မှာ မရှိပေ။ ဒါနဲ့  အသား ထမ်းပြီး အရောင်းသွားတဲ့ အဖေများ ပြန်ရောက်နေမလားဆိုတဲ့ အတွေးနဲ့ အိမ်ကို ပြန်လာခဲ့ပါ သည်။ အိမ် ရောက်တော့ ထုံးစံအတိုင်း တစ်ယောက်မှ မရှိပါ။ ဆရာမက တောင်းခိုင်းသည့် ပိုက်ဆံမပါဘဲ ကျွန်ုပ် ကျောင်းကို မပြန်ရဲပါ။ အတွေးတစ်ခု ရလိုက်သည်။ အဖွားဆီ သွားတောင်းကြည့်မည်ဟု အတွေးဖြင့် သွားလိုက်ပါသည်။  အိမ်ဝိုင်းပေါက် ရောက်ကတည်းက မြင်လိုက်ရသည့် မြင်ကွင်းက မျက်ရည်များပင် ကျမိသည်။ အချိန်က နေ့လည် ၂-နာရီပင်ကျော်နေပြီလေ။ အဖွားအိမ်ရောက်တော့ ကျွဲတွေ အစာ စားဖို့ သွားကျောင်းမည့် သူ မရှိပေ။ နေပူထဲက တိုင်တွေမှာ ချည်ထားလျက်။ သူတို့ ခမျာ အစာကျွေးမည့် သူကို မျော်နေရှာသည်။ ကျွန်ုပ်ကို မြင်တော့ အကြီးဆုံး ကျွဲမကြီးက မျက်ရည်များပင် ကြနေသည်။ အတော်လေး စာနေသည် ထင်ရသည်။ စကားမပြောတတ်ပေမဲ့ ကျွန်ုပ် နားလည်လိုက်သည်။ ကိုယ့်ဒုက္ခအတွက် အကူညီတောင်းဖို့ လာပါသည်ဆိုကာမှ သူများဒုက္ခက အရင်တွေ့ နေရပြီလေ။ အရင်ကတည်းကလည်း အဖွားကျွဲတွေအပေါ် သံယော ဇဉ်ဖြစ် နေပြီးသား။ ကျွဲမကြီးဆီက ကျွန်ုပ် ဗိုက်စာတဲ့ အခါ နို့ညှစ်ပြီး သောက် နေကြလေ။ ဘယ်အချိန် နို့ညှစ်ညှစ် အမြဲတမ်း သည်းခံပြီး နို့ရည်များထွက်ပေးနေသည့် ကျွဲမကြီးအပေါ် သံယောဇဉ် မဖြစ် ဘဲမနေနိုင်တော့ပေ။  ကျွန်ုပ်တို့ဒေသ နေ့လည် ၁၂-နာရီ ထမင်းစားပြီသည်နှင့် ကျွဲ၊ နွားများ တောထဲသွားကာ အစာကျွေးကြလေသည်။ ကျွဲတွေကို မြင်ပြီး ကျွန်ုပ် သနားလွန်းလို့ မျက်ရည်များကျကာ တောင်းပန်မိလေတော့၏။ ငိုယိုလျက်” ငါတို့ကို ခွင့်လွတ်ပါ။ နင်တို့ကိုလည်း ငါပိုင်တာမဟုတ်။ နင်တို့က ငါ့ထက် ကံဆိုးနေတာကိုး။ ကဲ..ပါ ငါ့ဒုက္ခထက် နင်တို့ ဒုက္ခကို ငါကယ်မယ်” ဟုဆိုကာ အဖွားကိုလည်း ပိုက်ဆံအကြောင်းမပြောတော့။ ကျောင်းလည်း နှင်ထုပ်ချင် ထုပ်ပါစေ ဆိုပြီး ကျွဲများ ကြိုးဖြေကာ ကျွဲကျောင်းသွားခဲ့လေတော့၏။ ထိုနေ့က ကံဆိုးချင်တော့ မိုးတွေက ရွာပြန်သည်။ ဆင်းရဲတဲ့ ဘ၀ မိုးကာလေးတောင် မ၀ယ်နိုင်ပေ။ တောထဲက လယ်ကွင်းထဲ မြက်စာများများ ရှိမဲ့ နေရာ ရှာကာ စားစေခဲ့ပါသည်။ ထိုနေရာကာ အရိပ်မရှိ၊ တည်းခိုစရာ “ တဲ ” မရှိသော နေရာဖြစ်နေသည်။ ကျွဲများ အစာ စားနေသည်ကို မြင်ရတော့ ကျွန်ုပ်လေ အရမ်းကျေနပ် နေမိသည်။ “ ကျေးဇူးတင်လိုက်တာ ကောင်လေးရယ်။ ငါ မစားရရင် နေပါ။ ငါ့ကလေးတွေ စားနေရရင် ငါစားရ သလိုပါပဲ” ဟု ထိုကျွဲမကြီးက စကားများ ပြောတတ်ရင် ပြောမှာ သေချာသည်။ ကျွန်ုပ်ထိုင်ကြည့်နေသည်ကို ကျွဲမကြီးကမျက်စောင်းလေး ထိုးကာလှမ်း လှမ်းကြည့် နေသည်ကို တွေ့နေရပါသည်။ ကျွန်ုပ်အထင် ကျေးဇူးတင်လိုက်တာလို့ အကြိမ်ကြိမ် ပြောနေပုံရသည်။ ထားသည့်နေရာမှာပင် စားနေသည်လေ။ ဘယ်မှလည်း မသွား။ စကားမပြောတတ်လို့သာ။  မိုးရွာလာတော့ မိုးရွာထဲထိုင်ပြီး ကျွဲများ အစာ အားရပါးရ စားနေသည်ကို ထိုင်ကြည့်နေမိသည်။ မိုးကလည်း အရမ်းရွာနေပါသည်။ ကြာလာတော့ အရမ်း အေးလာပြီလေ။ အအေးဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာနဲ့ လယ်ကွက်ထဲ ရေထဲမှာ ရေပူငွေ့နဲ့ ခန္ဓာကို အပူပေးနေလိုက်သည်။ မနက်ပိုင်းက နေပူထားတော့ မိုးရွာလိုက်တဲ့ အခါ ရေက နွေးနေသည်။ မိုးချုပ်သည်နှင့် ကျွဲများလည်း ဗိုက်တွေ ကယ်နေပြီ။ ကျွဲတွေကြည့်ရတာ စိတ်ထဲ ကျေနပ်ဖို့ အရမ်းကောင်းပါသည်။ ထိုသို့ဖြင့် တစ်နေ့ ကုန်သွား၏။ အိမ်ရောက်တော့ အဖေ အသားထမ်းက ရလာတဲ့ ပိုက်ဆံနဲ့ ဆန်ဝယ်ကာ ထမင်းချက်ထား၏။ အဖေက သားကိုကြည့်ပြီ ငိုပြန်သည်။ ထိုနေ့ အဖေငိုနေသည့် အဖေ့မျက်နှာကို ယနေ့အထိမြင်ယောင်နေဆဲပါ။ ယောက်ျားတန်မဲ့ အဖေမျက် ရည်ကျနေသည်လေ။ “ အဖေရယ်.. သားက ဘ၀ကို နားလည်ပြီးသားပါ။ သားအတွက် စိတ်မပူပါနဲ့ ၊ သားကျောင်းက ပြန်လာတော့ အားကစားကြေး ပိုက်ဆံတောင်းမလို့လာတာ၊ အဖေ တို့ မရှိလို့ အဖွားဆီ ပိုက်ဆံတောင်း မယ်ဆိုပြီးသွားတာလေ။ ကျွဲတွေ မြင်တော့ သားအရမ်း သနားသွားတာနဲ့ ကျောင်းကို မပြန်တော့ပဲ ကျွဲကျောင်းသွားတာပါ” ဟုအဖေ့ကိုပြောကာ ရေချိုးပြီး ထမင်းစား၏။ ဆန်များများ မ၀ယ်နိုင်၍ ပြောင်းဖူးတစ်ဝက် ဆန်တစ်ဝက်ရောကာ ချက်ထား၏။ မ၀လျှင် ထပ်စားစရာမရှိ၍ ဘူးရုံသီး( ဖရုံသီး) ပြုတ်ထားပေး၏။ ထမင်းက နဲတော့ မ၀တာနဲ့ ဖရုံသီးပြုတ်ကို ဆားလေးနဲ့ တိုးစားခဲ့ရ၏။ ဆင်းရဲတဲ့ ဘ၀ကို ယနေ့ အထိ သတိရနေဆဲ။ဆန်မရှိ၍ ဖရုံသီးချည်း ပြုတ်ပြုတ်ပြီး ဆားနဲ့ စားခဲ့ရတဲ့ နေ့တွေကလည်း မနည်းပေ။ ဆီက တခါ တရံတော့ ပါသည်။ဖရုံသီးပြုတ်ကလည်းဆီလေးနဲ့ ဆား ရောပြီး တို့စားရင်တော့ အတော်လေး အရသာရှိ၏။ဆင်းရဲသားဘ၀မို့လားတော့ မသိ။အဖေ “ ဒီနေ့ ဘာဟင်းချက်လဲ” လို့မေးလိုက်ရင် ရွှေဖရုံးသီးပြုတ်တယ်ငါ့သား” ဟုဖြေ၏။ နောက်နေ့ အဖေ့ “ ဒီ နေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် အဖေက “ ဒီနေ့ ရှယ် ဖရုံးသီးကြော်ထားတယ် ငါ့သား ရေ” ဟုဖြေ၏။ နောက်နေ့ အဖေ့ ဒီနေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် ဒီနေ့ အထူးငါ့သား လေးရေ။ ဖရုံးသီး နှပ်။ ထိုကဲ့သို့ ဖရုံးသီးနဲ့ နှစ်ပါး သွားခဲ့ရ သည် နေ့တွေကလည်း ဘ၀မှာ မမေ့ လောက် အောင် သတိရနေဆဲပါ။ သီရိလင်္ကာ ရောက်တော့ သူငယ်ချင်း တစ်ပါးက ဖရုံသီးပြုတ်ကို ဆီလေးနဲ့ ဆားရောစပ်ပြီး တို့စားနေသည်ကို မြင်လိုက်တော့ ကျွန်ုပ်၏ ငယ်ဘ၀က ဆင်းရဲတဲ့ဘ၀ကို ပြန်လည် သတိရလိုက်ပါသည်။ နောက်နေ့ ကျောင်းပြန်တက်တော့ ဆရာမက ပိုက်ဆံလည်း မယူခဲ့ ကျောင်းလည်း ပြန်မလာသော ကျွန်ုပ်ကို ရိုက်ပါလေတော့၏။ ဆရာမရိုက်တာ စိတ်ထဲမှာ နာသည်ဟုတောင် မထင်မိခဲ့ပေ။ ပြီးမှ ဆရာ မက “ ဘယ်မှာလဲ.. မင်းအတွက် ကျောင်း အား ကစားကြေး ပိုက်ဆံ” မေးလို့ အဖေက ချေးပြီး ပေး လိုက်သည့် ပိုက်ဆံ ၃၀-ကို ပေးလိုက်သည်။ ရင်ထဲကလည်း ဆရာမကို ရှိခိုးပြီးတောင်းပန်မိသည်။” ဆရာမရယ်.. သားက အရမ်းဆင်းရဲလို့ပါ။ ဆရာမတောင်းတဲ့ ကျောင်း အားကစားကြေးမပေးနိုင်လို့ပါ။ မပေးချင်တာ မဟုတ်ပါဘူး။ သားတို့က အတိတ်ကုသိုလ်ကံ နည်းခဲ့လို့ အခုလို ဆင်းရဲနေတာ ပါ။ မ နေ့က ဆရာမကိုပေးဖို့ ပိုက်ဆံထက် မနက်ကတည်း ထမင်းကြမ်း တောင် မစားခဲ့ရပါ ဘူးဆရာမရယ်” လို့ ရင်ထဲကပဲ တောင်းပန်မိပါ၏။ ဆရာမက ရိုက်ပြီးထိုင် ခုံပေါ်ပြန်ရောက်တော့ စိတ်ထဲက ဆရာမကို  ကန်တော့မိပါရဲ့။ ကျောင်းက နှင်မထုတ်တာပဲ ကံကော။င်းနေပါသည်