Tuesday, January 11, 2011

ကလေးမရ လို့ လုပ်ပေးပါ ( ၁၀)


ကျွန်ုပ်  ရော်ပါးမီ ရွာရောက်သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့လေပြီ။ ရာသီဥတု အပါအ၀င် အစစ အရာရာ၌ နေသားတကျရှိလာခဲ့ပြီဖြစ်သည်။  ဆီမပါသည့် ရေလုံပြုတ် ဟင်းများကိုလည်း မျိုချနိုင်စွမ်း ရှိလာခဲ့ပြီ။ ရိုးရာ စကား ကိုလည်း အတော် နားလည် လာပြီးထမင်းစားရေသောက် ပြောတတ်ဆိုတတ် ရှိနေပါသည်။ ရွာ သူ ရွာ သား အားလုံးနှင့် လည်း ရင်းံနှီးခင်မင်လာသည်။ရောက်ခါစ နေခါစကလို  ပျင်းရိငြီးငွေ့ဖွယ် မဟုတ်တော့။ ကျွန်ုပ် သင်ခဲံ့။ တတ်ခဲ့သည့် တိုင်းရင်းဆေးပညာလေးဖြင့် ရွာသူ ရွာသားများကို စောင့်ရှောက်ခဲ့သည်ကလည်း  အဆင်ပြေ၏။ တော်ရုံ တန်ရုံဖျား နာနှင့် ထိခိုက် ရှနာတို့ကိုကျွန်ုပ်ပင်ကုသပေး၏။ကလေးမွေးပေးရတာလည်း အပါအ၀င်ဆိုပါတော့ ။ဒါ့ကြောင့်လားမသိ။ ရွာသားများက ကျွနုပ်ကို အစစအ၇ာ၇ာ အားကိုးသမှု ပြုကြသည်။ ကျွန်ုပ် ကို တကယ်အစွမ်းထက်သော ဆရာကြီး အဖြစ် ထင်မှတ်ကြသည်။
ခုရေးမည့် အားကိုးမှုက ကျွန်ုပ် ဘယ်လိုမှ မကူညီနိုင်သည့်အဖြစ်။ ဂွတ်ညှစ် ဆေးလို ဂါထာမန်းတိုက်လည်း အဆင်မပြေနိုင်။ သူတို့က မသိလို့ အကူညီလာ တောင်းကြသော်လည်း ကူညီရမည့် ကျွနှုပ် မှာ အတော်ပင် ပြဿနာကြီး၏။ အစစ အရာရာမှာ ဒီကိစ္စ မပါ။ဒီကိစ္စကို  ချွင်းချက် အဖြစ်ထားရ၏။ ဒီကိစ္စ၇ဲ့ အစက........
တစ်နေ့လိုပဲ ဆိုပါတော့ ။အချိန်က ညနေ ၅-နာရီ ကျော်ကျော် ။ညနေ နေ၀င်ရီတရော ။ညီအကို မကွဲမကွဲ အချိန်။ ရာသီဥတု အနည်းငယ်အေးသဖြင့် ကျွန်ုပ် လည်းရေးနွေးကြမ်း  ထိုင်သောက်နေ၏။  တစ်ယောက်တည်း ဆိုတော့ ရောက်တတ်ရာရာ တွေးရင်း လမ်းဘက်ကို ကြည့်နေမိသည်။ ထိုစဉ် တကာမ နှစ်ယောက် ကြက်ဥ နှင့် ဟင်းသီး။ ဟင်းရွက် များဆွဲကာ ကျောင်းပေါ်တက်လာသည်။ ကျွန်ုပ်ကို လာလှုတာ နေမှာပဲ ဟုထင်မှတ်၍ ကိုယ်ဟန်အနေထား ပြင်ထိုင်ရင်း စကားပြောဖို့ စတင်လိုက်သည်။ ကျွန်ုပ်သိရ သလောက်ဆို သူတို့ နှစ်ယောက်စလုံး ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် မတတ်ပေ။ နှစ်ပေါင်း ပြော၇င်တော့ အဆီအငေါ်တည့်ပါလိမ့်မည်။
ဒါနဲ့ ကျွန်ုပ်က ပင် '''ေ၇ာ့ လောင့် အီေ၇ာလူဘော့ ''(လာခဲ့ ဒီမှာ လာထိုင် )ဟု ခေါ် လိုက် ၏။ ပြီးတော့ '''ကျန ''(ဘာကိစ္စလဲ  ) ဟုမေးတော့ သူတို့ ပြောသော စကားကို ကြားရသည့်အခါ ကျွန်ုပ် မျက်နှာ မီးဟပ်သည့်အလား ထူပူသွား၏။ အေးသော ရာသီဥတုပင် ဘယ်ေ၇ာက်သွားသည်မသိ ဖြစ်ရသည်။
          သူတို့ပြောလိုက်ပုံကိုံ''ုဘုန်းဘုန်းသူကကလေးမရလို့ ကလေးရအောင် လုပ်ပေးပါ။ဘုန်းဘုန်း လုပ်ပေးမှ ကလေးရမယ်ထင်တယ်။ အဲ့ ဒါ လုပ်ပေးပါဦး'' ဟူ၏။မျက်နှာပူစရှိတုန်းပင်အပူပေါ်အပူဆင့်ပြန်သည်။ကလေးလိုချင်သည့်ဒကာမကလည်း ''အဲ့ဒါ ဆို ငါဘယ်အချိန် လာခဲ့၇မလဲ။ မင်းအတွက် ကြက်ဥတွေလည်း ယူလာခဲ့တယ်။မင်း အားရှိအောင်လို့ ''ဟုပြောပြန်၏။ ကျွန်ုပ်လို ရဟန်းတစ်ပါး အဖို့ တစ်သက်တာတွင် တောင်တန်းဒေသေ၇ာက်မှ ပထမဆုံးကြားဖူးသည့် စကားများသာ ဖြစ်သည်။ ဘယ်လိုပြောရ ။နေရမည်မှန်းပင်မသိတော့ တစ်ကိုယ်လု့းံ လည်း ပူလာတော့သည်။ တဖြည်းဖြည်း စဉ်းစားပြီး "''သြော်......သူတို့ဟာ ဗမာစကားလည်းကောင်းကောင်း မပြောတတ်။ ခုမှ ဗုဒ္ဓဘာသာ ဖြစ်ခါစ ဆိုတော့ ရဟန်းတွေနဲ့ အပ်စပ်တာ မအပ်စပ်တာ ၇ဟန်း တို့အကြောင်း ဘာမှမသိသူတွေပါလား။ ဘုန်းကြီးဆိုတာ အကုန်လုပ်ပေးနိုင်သူဟု ရိုးသားစွာ မှတ်ထင်အားကိုးကြသူတွေပါါလား'ဟုတွေးပြီး သည်းခံဖြေသိမ့်ရင်း စိတ်ကိုငြိမ်အောင် ထိမ်းရသည်။ ပြီးတောာ့ ''မင်း ယောက်ျားတယ်ရှိ်မလား ဟု မေးလိုက်၏။သူတို့က''ငါတို့ နာဂတွေရဲ့ ထုံးစံကယောက်ျားရပြီး၃နှစ်ကြာလို့မှကလေးမရခဲံ့၇င်မိန်းကလေးကိုမိဘအိမ်ပြန်ပို့ပြီးယောကျာ်း
လေးကနောက်မိန်းမယူခွင့်ရျှတယ.်။ ဒါဟာ ငါတို့ နာဂတွေရဲံ့ ရှေးရိုးရာ အစဉ်အလာပါ။ ခု ငါအိမ်ထောင်ကျတာ သုံးနှစ်ပြည့်တော့မယ်။ခုထိ ကလေးက မ၇သေးဘူး။ ဒါကြောင့် ဘုန်းဘုန်းကိုလာပြှီး အကူအညီတောင်းတာပါ။ မင်းကူညီရင် ဖြစ်မှာပါ ဟု ပြောဆိုလေပြန်၏။
                       ဒါနဲ့ ကျွန်ုပ်က '' ဟ ..ဒီကိစ္စမျိုးက ငါတို့ ဘုန်းကြီးတွေ ကူညီရမယ့် ကိစ္စမဟုတ်ဘူး။ မင်းကို  မကူညီချင်လို့မဟုတ်ဘူး။ ကူညီရင် ဘုန်းကြီးဘ၀ နေလို့မရတော့ဘူး။ကလေးမရတာကမင်းနဲ့ မင်းယောကျာ်းေ၇ာ နှစ်ဦးလုံးနဲ့သက်ဆိုင် တယ်။ တစ်ယောက်ယောက်မှာ ချိုံ့ယွင်းချက်ရှိရင် ကလေးမရတတ်ဘူး။ မင်းယောက်ျားကို ခေါ်လာခဲ့ပါ။ မင်းတို့ နှစ်ယောက်လုံးကို ဒီကစ္စနဲ့ ပတ်သက်ပြီးပြောစရာ တွေရှိတယ်''' ဟုဆိုကာ ပြန်လွှတ်လိုက်ရ၏။
ထိုတကာမနှင့် သူ့ယောကျာ်းတို့ရောက်လာသည့် အခါ''  အိမ်ထောင်ရေးမှာ တစ်ဦးကိုတစ်ဦး နားလည်မှုရှိဖို့ရိုးသားးပွင့်လင်းဖို့ ကြင်နာမှုရှိဖို့ က ရိုးရာထက်အရေးကြီးကြောင်း ကလေးမရသည်မှာ နှစ်ဦးစလုံးနှုင်ဆိုင်ကြောင်း ။ခုခေတ်တွင်ဆေးဝါးအကူအညီဖြင့် ကလေးရနိုင်သည့်အကြောင့်း ''စသည့် စသည့် အိမ်ထောင်ရေး ဗဟုသုတ တို့ကို ရဟန်းတစ်ပါးနှင့် မသင့်တော်သည့် စကား များဖြစ် သောာ်လည်း ပြောခဲ့ဟောခဲ့ရပါသည်။
သာသနာပြု ရဟန်းဘ၀ မှာ ဤသို့ဤနယ်လည်း ပြောမယုံကြုံဖူးမှတွေရသည့် အဖြစ်တို့နှင့် ရင်ဆိုင်ရသည်ကိုမှတ်မှတ် ရရ ရှိနေပါတော့သည်။။
                      ဆက်လက်ဖတ်ရှုရန်..........
                            'သားဖွား ဆရာ'' လက်သည်ဘုန်းဘုန်း''
                              ဟု မခေါ်သည်ကိုဘဲ ကြံဖန် ကျေးဇူးတင်ရ၏။
                             ''လက်သည်ဘုန်းဘုန်း ''ဟုသာခေါ်က အဓိပ္ပါယ်နဲ့ဆို
ခက်ရချေရဲ့     ဟု............သားဖွားဘုန်းဘုန်း....သို့











No comments:

Post a Comment