Tuesday, January 11, 2011

ဂွတ်ညှစ်မွေးနည်း သစ်( ၉)


ယခုဆက်လက်ေ၇းသားမည့် အကြောင်းအရာများတွင် ဂါမ္မဒေါသသင့်သည့် စကားလုံးများ အသုံးပြုထားသည့် အတွက်စာဖတ်သူအား ကြိုတင်တောင်းပန်ပါသည်။ သာသနာပြု ရဟန်းတစ်ပါး အမှန်တကယ် ကြုံတွေ့ခဲံ့ရသည်များကို သိစေလို၍ ဂါမ္မဒေါသ သင့်သည့်စကားလုံးများကို သိလျက်ပင် အသုံးပြုခဲံ့ရခြင်းဖြစ်သည်။
စာသင်သားဘ၀ကနေ ရုတ်တရက်ပင် လူ့လောကထဲ တိုးဝင်ရသည့် သာသနာပြုရဟန်းဘ၀တွင် ပျော်စရာလည်း ဆုံရ၏။တစ်ခါ တစ်ရံ စိတ်ညစ်စရာ လည်း ကြုံရ၏။ ဆေးဆ၇ာမရှိ။ ဆေးပေးခန်း မရှိ။ သားဖွားဆရာ မ မရှိ။ .ယုတ်စွအဆုံးလက် သည်ပင် မရှိသော ကျွနုပ်၏ ရော်ပါးမီ ရွာကလေးသသည် ကျွန်ုပ်အပေါ် အစစ အရာရာ အားကိုးကြသည်။ကျွန်ုပ်ကို အစစ အ၇ာ၇ာမှာ တတ်ကျွမ်းသည်ဟု ထင်ကြယုံကြည် ကြလေသည်။
          သို့နှင့် တစ်ရက်တွင် ကျောင်းသို့ ဥက္ကဋ္ဌနှင့်သိသည့် ဒကာတချိုံ့ ရောက်လာကာ '' ဘုန်းဘုန်း ရွာထဲမှာဒကာမ တစ်ယောက်က လေးမမွေးနိုင်လို့ ဒုက္ခရောက်ေ နတယ်။ လာ မွေးပေးလှည့်ပါဦး''ဟုပင့်ခေါ်ကြသည်။ယခုမှခက်တော့တာပါပဲ။ကျွန်ုပ်တို့တက္ကသိုလ်ဆေးသင်တန်း တက်စဉ်ကလည်း '' ကလေးမီးမဖွားနိုင်လျှင် ဘယ်လိုလုပ်ရမည်'' ဟု သင်မပေး လိုက်။ခွဲစိတ် မွေးဖွားပေးဖို့ဆိုတာ ကျွန်ုပ်နှင့်အဝေးကြီး။ ခု ကျွန်ုပ်ကို အားကိုးတကြီး လာ ခေါ်နေကြပြီ။ ငြင်းလို့မရ။ နဖူးတွေ့ဒူးတွေ့ကြုံလာရ သည့်အခြေအနေမှာ အကြံအိုက်လာ ရတော့၏။မီးဖွားမည့် ကလေး၏ မိခင်သည် ဗမားစကားလည်း မပြောတတ်တော့ မည်သို့ ပြော၇မည်ကို ပင် မသိဖြစ်ရသည်။
ဒီလိုနဲ့ လာခေါ်၍သာ လိုက်သွားရသည်။ ဘာလုပ်ရမှန်းမသိသေး။ အင်္ဂုလိမာလ သုတ် ပရိတ်ရွတ်ကာ ရေမန်းတိုက်ရမည်ဟုတော့ ကြံစည်ထား၏။ မိခင်ကိုလည်း မေတ္တာ ပို့ထားလိုက်၏။ အိမ်ရောက်တော့ ကျွနု်ပ်ကို ကိုယ်တိုင်ဝင်ကြည့်ပြီး မွေးဖွားပေးဖို့ အခန်း ထဲဝင်ခိုင်း သည်။ ရဟန်းတစ်ပါးနှင့် သင့်တော်မှန်း မသင့်တော်မှန်း။ အပ်စပ်မှန်း မအပ် စပ်မှန်း မသိရှာပေ။ လွယ်ကူသက်သာစွာ  မွေးနိုင်ဖို့ပဲ  မျှောလင့်ကြသည်။ ဒါ့ ကြောင့် လည်း  အခန်းထဲ ၀င်ခိုင်းခြင်းဖြစ်သည်။ ကျွန်ုပ်က ''  ငါတို့ဘုန်းကြီး ရဟန်း တွေဆိုတာ မိန်းမတွေကို သာယာသည့်စိတ်ဖြင့် ကိုင်ခွင့် မရှိကြောင်း။ သာယာ မသာ ယာမှုဆိုတာ ပြောရခက် သည့်အကြောင်း။ ကိုင်လျှင် အပြစ်ရှိကြောင်း ရှင်းပြရသေး၏။ ပြီး လျှင် ရေသန့် တစ်ခွက်ခတ်ခိုင်းပြီး သရဏဂုံ၊ မေတ္တာသုတ်။ သမ္ဗုဒ္ဓေဂါထာ နှင့် အင်္ဂုလိမာလသုတ် ပရိတ် သုံးကြိမ်ရွတ်ပြီး ရေမန်းလုပ်ရသည်။
                 '''   ကဲ ကဲ ဒီရေကိုသောက် ။ လွယ်လွယ်နဲ့ မွေးစေရမယ်။ ဘယ်လို သောက် ရမလဲဆိုတော့ ရေကို ပါးစပ်ထဲဝင်တာနဲ့ တန်းမျို မချနဲ့  ။ ငုံထားပြီး ''  ဂွတ် '''ကနဲ မျိုချရ မယ်။  ဂွတ်ခနဲ မျို ချတာနဲ့ တပြိုင်နက် '' အင့်'' ကနဲ ညှစ်ရမယ်။ဂွတ်ကနဲနဲ့ ညှစ်ထုပ် မှု တို့ဟာထပ်တူဖြစ်ရမယ်နော် ''ဟု ဥက္ကဋ္ဌ ကိုအရင် နားလည်အောင် သေချာပြောပြပြီး တိုက်ခိုင်းလိုက်၏။ ဘုန်းကြီးကို စွမ်းသည်ဟု ယုံကြည်ကတစ်ပိုင်း။ ပရိတ်အစွမ်းကလည်း တစ်ဖုံ၊ ညှစ်အားကလည်း တကဏ္ဍ အားလုံးပေါင်းလိုက်တော့ ကလေးမွေးလာခဲ့၏။ကလေးကလည်းသန်မာ။မိခင်ကလည်းသားဦးဖြစ်တာကြောင့်မွေးရခက်နေခြင်းဖြစ်သည်။
အကယ်၍သာ မမွေးနိုင်ခဲ့သော်ကျွန်ုပ်ကိုယုံကြည်မည်မဟုတ်တော့။ပရိတ်မေတ္တာ   နှင့် ''' ဂွတ်ညှစ်  '' အကြံအစည်တို့ ပေါင်းဆုံမိ၍သာ ကံကောင်းသည် ဟု ဆိုရမည်ဖြစ် သည်။  ကျွန်ုပ်လည်း ကိုယ်တိုင် တီထွင်ေ အာင်မြင်ခဲ့သည့် ''  ဂွတ်ညှစ် "'ဆေးကို လက် သုံးအဖြစ်ထားရှိတော့ သည်။ ထိုဆေးဖြင့်ပင် မကြာခဏ မွေးပေးခဲံ့ရ၏။ သာသနာပြု ရဟန်း တစ်ပါးအနေဖြင့် ထိုကဲ့သို့တွေ့ရကြုံလာရသောအခါအကြံထုတ်တတ်ဖို့ လို၏။ ငါနဲ့ မဆိုင်ဟု လျစ်လျူ ရှုလို့ မဖြစ်ပေ။ လောကတွင် မလုပ်သင့်သောအရာသာ ရှိ၍ မသိသင့်    သော အရာဟူ၍ မရှိသည် မဟုတ်တုံလော။ မိမိသိသမျှ ကြံသမျှဖြင့် လူအသက်နှစ်ချောင်း ကယ်ခွင့်ရလိုက်သည်ကိုပြန်တွေးတိုင်း ၀မ်းသာပီတိဖြစ်ရသည်။
          ဆက်စပ်နေ၍ ပြောရလျှင် နာဂတိုင်း၇င်းသူများသည် ကျွန်ုပ်တို့ အရပ်ဒေသ များ ကဲ့သို့ မီးတွင်းခုနှစ်ရက် နေခြင်းမရှိပေ။ ဆနွင်းလိမ်းခြင်း၊ ရှုခြင်းများမရှိ။  မီးနေ ခန်း အ တွင်း ယောကျာ်းလေးများမ၀င်ရ စသည့် အယူမရှိပေ။ အဆင်ပြေသလို မွေးကြ သည်။ မွေးပြီးပြီးေ၇ာ သဘောထားသည်။
              တစ်ခါက အိမ်တစ်အိမ် တွင် ကလေးမွေး၍ ဥက္ကဋ္ဌကြီးကပင် လာခေါ်၍ လိုက် သွာားရ၏။ လိုက်အပ်ပါက ကူညီရန် လည်းပါ၏။ အချိန်က  နနံက်ဝေလီ ဝေ လင်းနှင်း မကွဲသေး။ ခုနှစ်နာရီလောက်  ကျွန်ုပ်တို့ အိမ်ရောက်တော့ ကလေး မွေး ဖွားပြီးသွားပြီ။ မြင်လိုက်ရသည့်မြင်ကွင်းက လန့်စရာ။ ကလေးမိခင်သည်  မေွးးဖွား ပြီးပြီးခြင်းပင် မီးဖို နဘေးထိုင်ကာ ထမင်းစားနေ၏။ ခြေထောက်မှာ သွေးတွေက ပေကျံနေ၏။ နဘေး မှ ခွေးက သွေးနံ့ ရ၍ အောက်တွင်ကျနေသော သွေးတို့ကို လျှာဖြင့် လျက်နေ၏။ အနံ့အ သက်ကလည်း မကောင်း။စာဖတ်သူသာ မြင်ယောင်ကြည့်ပေတော့။
          တကယ်တော့ ဒါဟာ သူတို့ရဲံ့  ပကတိအရိုးခံဘ၀ဖြစ်သည်။ သူတို့မှာ ''ကလေးမီးဖွားပြီး ဘယ်လိုနေ၇မယ် ။ဘယ်လိုလုပ်ရမယ်ဘာစားရမယ်။ ဘယ်ဆေး သောက်သင့်တယ် '''စသည့် ဗဟုသုတ မရှိပါပေ။ ခေတ်မမှီပါပေ။ မြင်မကောင်းတာနဲ့ ''ဥက္ကဌကြီး ဒီလိုမနေစေနဲ့ ။ မိခင်ကို ရေနွေးနဲ့ အ၀တ်သန့်သန့်နဲ့ ကိုယ်ပတ်တိုက်ခိုင်းဗျာ ။ကျုပ် ကျောင်းမှာရှိတဲံ့ နနွင်း မှုန့်ကို သွားယူချေ။ နနွင်း နဲ့ ရေနွေး ဖျော်ပြီး ခန္ဓာကိုယ် တစ်ခုလုံး လိမ်းခိုင်းဗျာ။ ( ဤနေရ၌လည်း ကျွန်ုပ်ကို လိမ်းခိုင်းပြန်၏။ ) ပြီးတော့ ရေနွေးနဲ့ နနွင်းသောက်ခိုင်းဗျာ''ဟုပြောရ၏။ ဤသို့ ခုနှစ်ရက်လောက် လုပ်ခိုင်းရ၏။ တစ်ခါတစ်ရံ နနွင်းမှုန့် ကို မီးးစပေါ်တင်၍ နနွင်းမှိုင်းရှုရ၏။
နောက်တစ်ခါအစည်းအဝေးတွင် ကလေးမိခင်များနှင့်ပတ်သက်၍စည်းဝေးပြောဆိုသင်ပြခဲံ့သည်။ မီးဖွးလျှင် နနွင်း အသုံးတည့်ပုံ အနံ့ အသက်များ ကင်းစင်ပုံတို့ နှင့် မီးဖွားပြီးစ မိခင်အား ဘာမှ မလုပ်စေဘဲ အနားယူခိုင်းရမည့် အကြောင်းတို့ကိုပါ သေချာပြောပေးခဲ့ရသည်။
            ပြီးမှ ''   ငါတို့ ကိုးကွယ်တဲ့ ဘု၇ားက တန်ခိုးကြီးတယ်။ သူရဲံ့ စကားတွေက အစွမ်းထက်တယ်။ ရေက စွမ်းတာမဟုတ်ဘူး။ သူ့ စကားတွေက စွမ်းတာ။ စသဖြင့် ရှင်းပြပြီး နောင် ကျွန်ုပ်မရှိသည့်အခါ မွေးဖွားခဲ့လျှင် အဆင်ပြေစေ ရန် ရေမန်းထားခဲ့ပြီး ''ဂွတ် ညှစ် ''ကို
ပါလိုက်နာရန် ပြောထားခဲ့ပါသတည်း။
                        ဆက်လက်ဖတ်ရှုရန်............
                        ဒါဟာ ငါတို့ နာဂတွေရဲ့ ရှေးရိုးအစဉ်လာပါ။
                       ခု ငါ အိမ်ထောင်ကျတာ သုံးနှစ်ပြည့်တော့မယ်။
                       ခုထိ ကလေးမရသေးဘူး။ ဒါ့ကြောင့်  ဘုန်းဘုန်းကို
                       လာပြှီး အကူအညီ တောင်းရတာပါ။ မင်း ကူညီမှ
                       ဖြစ်မှာပါ....ကလေး မရလို့ လုပ်ပေးပါ...




No comments:

Post a Comment