လေရှီးမြို့နယ်ရှိ နာဂလူမျိုးများနှင့် နာမည် မှည့်ခေါ်ပုံ
လေရှီးမြို့နယ်ရှိနယ်တွင် နေထိုင်သည့်နာဂလူမျိုး ( ၆) မျိုးရှိပါသည်။ ယင်းတို့မှာ--
၁။ ပါရာနာဂ
၂။ ကူကီးနာဂ (ကိုကီး)
၃။ တန်ကွန်နာဂ
၎။ မကူရီနာဂ
၅။လောမ္ဖုရီနာဂ
၆။ နောက်အော်နာဂ ဟူ၍ နာဂလူမျိုး (၆) မျိုးနေထိုင်ကြပါသည်။ ယင်းကဲ့သို့ လူမျိုးကွဲရကား စကားလည်း ကွဲပြားကြပေသည်။ ယဉ်ကျေးမှုလည်း အနည်းငယ် ကွဲပြားကြသည်။ ၀တ်စား ဆင်ယဉ်မှုလည်း ကွဲပြားကြပြန်သည်။ ထို့အတူ နာမည် မှည့်ခေါ်ရာ၌လည်း မတူကြပေ။
စကားစပ်လို့ ကြားညှပ်ပြီး ပြောချင်သည်။ နာဂလူမျိုး ၆- မျိုးထဲတွင် ကျွန်ုပ်တာဝန်ကျ၇ာ ရော်ပါးမီ နာဂ (လောမ္ဖုရီနာဂ ) သည် လူမျိုးစု အနည်းဆုံး ၊ ပညာပိုင်းဆိုင်ရာနှင့် အသိညာဏ်အနည်းဆုံး၊ ဒါ့ကြောင့်လည်း ကျွန်ုပ်သည် ပို၍ သံယောဇဉ်ဖြစ်ခဲ့ရပါသည်။
ပါရာနာဂသည် မိန်းကလေးများကို နာမည် မှည့်ခေါ်ရာ၌ “ ချော “ ကို နာမည်၏ နောက်က ထား၍ နာမည်များကို မှည့်ကြသည်။ နောက်ဆုံး စာလုံး “ ချော “ ကို ကြည့်၍ ပါရာနာဂ ဟု သတ်မှတ်နိုင်ပေသည်။
ဥပမာ = မတာရီချော
=မတွယ်ခေါ်ချော
=မပူရီချော
=မဖွားယုချော
=မကြနုချော စသဖြင့် “ ချော “ ဆုံးသော နာမည်များကို မှည့်ကြ လေသည်။
တန်ကွန် နာဂသည် မိန်းခလေးများကို နာမည် မှည့်ခေါ်ရာ၌ “ သေး “ နှင့် “ ဖိုင်း “ စာလုံးကို အဆုံး၌ထားကာ မှည့်ခေါ်ကြလေ၏။ နောက်ဆုံးဖြစ်သော “ သေး “ နှင့် “ ဖိုင်း “ ကို ကြည့်၍ “ တန်ကွန် ‘” ဟု သိနိုင်ပါသည်။
ဥပမာ = မလွပ်လပ်ဖိုင်း
= မလွန်းလေဖိုင်း
= မဂြိုတုဖိုင်း
= မဂျူပလီဖိုင်း ဟူ၍၄င်းစသဖြင့် နာမည်များ မှည့်ကြလေသည်။
လောမ္ဖုရီနာဂသည် မိန်းကလေးများကို နာမည် မှည့်ခေါ်ရာ၌ “ ဖျက် “ ဟု ကို အဆုံး၌ ထားကာ မှည့်ခေါ်ကြလေသည်။ နောက်ဆုံး စာလုံ့းဖြစ်သော “ ဖျက် “ ကိုကြည့်၍ လောမ္ဖုရီ နာဂ ဟု မှတ်နိုင်လေသည်။
ဥပမာ = မငြိမ်းဆန်းဖျက်
= မကြင်ဖျက်
= မခုံရာဖျက်
= မကြင်ရာဖျက်
= မငြိမ်းထိန်ဖျက်
စသဖြင့်လည်းကောင်း ၊ နာမည် မှည့်ခေါ်ကြလေသည်။ မကူရီနာဂ နှင့် နာမည်ပေးခြင်း သိပ်မကွာလှပေ။ ယောက်ျားလေးများ ကို နာမည် မှည့်ခေါ်ရာ၌ “ ထောင်း “ ဟူသော စာလုံးကို အဆုံး၌ ထားကာ အများဆုံး သုံးကြ၏။
ဥပမာ = ဆန်ခေါ်ထောင်း
= ချုထောင့်
= ဝေါင့်စီထောင်း
= လှိုင်လီထောင်း
စသဖြင့် ၄င်း၊ မှည့်ခေါ်တတ်ကြ၏။ “ ထောင့် ၊ထောင်း “ကို ကြည့်၍ လောမ္ဖုရီ နာဂ ဟု သိရှိနိုင်ပါသည်။ ကျွန်ုပ် တာဝန်ကျရာ ဒေသ ၏ နဂလူမျိုးများကား လောမဖ္ဖုရီ နာဂဖြစ်ပါသည်။
ဘုန်းကြီးကို---
၁။ တန်ကွန် နာဂသည် = ထိုရူး
၂။ ကူကီးနာဂသည် = ထိုဇူး
၃။ ပါရာနာဂသည် = ဟိုဆွာပါ
၎။ လောမ္ဖုရီနာဂသည် = ကျောမီးပူး (ပီူး )
အချို့ နာဂလူမျိုးများသည်သူတို့မမြင်ဖူးသေးသော အရာကို နာမည်မ ပေးတတ်ပေ။ တောင်ပေါ်ဒေသများတွင် အုန်းသီး မရှိသောကြောင့် နာဂစကားနှင့် အုန်းသီးကို “ အုန်းသီး “ ဟု ခေါ်ကြရလေ၏။ နာဂ စာပေမရှိသောကြောင့် စာရေးသားပြီး လေ့လာရန် မလွယ်ကူပေ။ သို့သော်လည်း အသံကို စာအဖြစ် မှတ်သားကာ လေ့လာမှတ်သား ရလေ၏။ေ၇ာ်ပါးမီ ရွာလေးသို့ အလည်ေ၇ာက်လျင် ထမင်းစား ရေသောက် စကားလွယ်ကူစေရန် အလျဉ်းသင့်၍ ထည့်သွင်း ရေးသားလိုက်ပါ၏။
ကျွနု်ပ် ရော်ပါးမီ ရွာလေးသို့ ဆာ၇ာမေရိတောင်တက်သူများ ရော်ပါးမီရွာက လေးကို မ၀င်ဘဲ သွားလို့ မရပါ။ ရောက်ခဲ့လျှင် စကားလက်ဆောင် ပေးလိုက်ပါသည်။
ဘယ်သွားမှာလဲ = ကော
ဘာလုပ်နေတာလဲ= ကျီချူးရီးယား
ဘာဟင်းချက်စားသလဲ=ကျီပူးရေးး ချူးချီးယား
နေကောင်းသလား = နပ္ဖင်ဖတ် ကျိရိလဲ
ကောင်းသလား = ကျိရိလဲ
မကောင်းဘူးလား = မကျိရိလဲ
ထမင်းစားပြီးပြီလား = ညာဇာကျိလဲ
ထမင်းစားမလား =ညာကျိလဲ
စားပြီးပြီ =ကျခဲ
မစားရသေးဘူး =မာပူကြူး
ရေသောက်မလား =ဇလန်းသောင့်လဲ
ဗွီဒီယို ကြည့်မလား = မက္ခိခီယန့်လဲ
မကြည့်ဘူးလား =မာယန့်လဲ
လာလည်ပါ =ယူပရ ရေး
နားလည်သလား =မဇာလဲ
နားမလည်ဘူး =မ မဇာလဲ
မသိဘူး ၊နားမလည်ဘူး =မ မဇား
သိတယ်၊ နားလည်တယ် = မဇား
သွားတော့မယ် =၀ူးမခဲ
သွားတော့မလား =၀ူးလဲ
ငါ =ဂီ
မင်း =ညာ
ငါနားမလည်ဘူး =ဂီ မ မဇား
မင်းနားလည်သလား =ညာမဇာလဲ
ဟင်းသီး ဟင်းရွက်များ----------
ပဲပုပ် =ထီးမနား
မုန့်ညှင်း =ခုံထံ
ခရမ်းသီး =ခါးသဆီ
ဇီးဖြူးသီး =ခါးရစ်စီ
ဖရုံသီး =ဖက်မီစီး
ဆတ်သား =ယောက်ချိ
ကြက်သား =ဟေ့ချိ
ဝက်သား =ဟချိ
ထမင်း = ဇာ
ရေနွေး =ဇလန်းမ်ဆက်
ရေကျက်အေး =ဇလန်းမ်
ခွေးသား =သုသူချိ
ကြောင်သား =ပူစီချိ
ရော်ပါးမီ ရွာကလေးသည် စစ်ကိုင်းတိုင်း ၊ခန္တီးခရိုင်၊ လေရှီးမြို့နယ် မြောက်ဘက်အရပ်တွင်တည်ရှိပါသည်။ဆာရာမေရိတောင်သို့ တစ်ရက်ခရီးသွားလျှင် ရောက်နိုင်ပါသည်။ ရော်ပါးမီ ရွာကလေးမှ ဆာရာမေရိတောင် တက်မည့်သူများကို အမြဲတမ်းကြိုဆိုလျက်ရှိပါသည်။
No comments:
Post a Comment