Tuesday, January 11, 2011

နနွင်း ဆရာတော် ( ၁၃)



ကျွန်ုပ်၏  သားဖွားဘုန်းဘုန်း ရာထူးရပုံကို ပြောပြ ပြီး နနွင်းဆရာတော် ဖြစ်ခဲ့ရပုံအ
ကြောင်းလေးကလည်း  အမှတ်ရနေသေးသမို့ ပြောပြချင်သေးသည်။
          တောင်ပေါ်ဒေသ၏ အအေးဒဏ်ကို လက်တွေ့ဝင်ရောက်နေထိုင်ကြည့်မှ ပိုသိရ
သည်။ အရိုးထဲကပါ  စိမ့်နေတယ်ဟူသောစကားကိုဤဒေသေ၇ာက်မှခံ စား နားလည်မိသည်။ ယုန်မွေးစောင် အကောင်းစား နှစ်ထပ် ခြုံ ထာသည့်တိုင် တောင်ပေါ်ရာသီဥတု ၏ အအေးဒဏ်ကိုကို မကာကွယ်နိုင်ပေ။ မြေပြန့်အညာသား တစ်ယောက် အဖို့ မေးချင်းခိုက် အေးသည့် ညများကို ကျော်ဖြတ်ရသည်မှာ မလွယ်ပေ။ တစ်ချို့ ရက်တွင် ရေခဲ့ပင် ခဲ ၍ ကျသည့် နှင်းတို့ ပါ ခဲနေသည်။ ထို ရက်တွင် အအေးဒဏ် သည် အရိုးပါမက ရိုးတွင်း ချဉ်ဆီတိုင် ရောက်နေသည်ဟု ခံစားရသည်။  ထိုသို့သော  ရက်များတွင် စောင်မကယ်နိုင်ပေ။ မီးဖို ဘေးသို့သာပြေးရ၏။ ဒါတောင် မီးလှုံလို့ ရှေ့ကပူမေပယ့် ကျောတော့ချမ်းသေးသေး၏။
ထိုသို့  အေးလွန်းသော တောင်ပေါ်ဒေသတွင် နေ့စဉ် ရက်ဆက် ရေချိုဖို့ကား စိတ်ပင်မကူးမိသော အရာဖြစ်သည်။ ခန္ဒာကိုယ်တွင် ချေးထူး၍လေးလာသည့် ၁၅ -ရက် မှတစ်ခါ ။ တစ်ခါတစ်ရံ တစ်လပြည့် မှ တစ်ကြိမ်သာ ရေချိုးရသည်။ ထိုသို့ ချိုးဖို့ ရာတောင်
အတော်လေး အားခဲရ၏။ ခေါင်းရိပ်ရမှာ မို့ မချိုးမဖြစ် ချို့းရခြင်းဖြစ်သည်။ ထိုသို့ေ၇မချိုးသည်မှာ ကျွန်ုပ်သာ မဟုတ်။ နာဂတိုင်းရင်းသားများလည်း ကျွန်ုပ်လိုပင်ေ၇မချိုးကြပေ။ သူတို့တောင် မချိုးနိုင်။ကိုယ်ရေ လက်ရေသပ်ကြသည်ကို သာ အများဆုံးပြုလုပ်ကြသည်။ ခြေဆေး ခေါင်းဆေး ကိုယ်ေ၇လက်ရေသပ်ခြင်း သည် ယောကျာ်းလေးများအတွက် ဘာမှ မဖြစ်သော်လည်း မိန်းကလေးများအတွက် ကျန်းမာေ၇းပြဿနာဖြစ်တတ်သည်။ ထိုအချက်ကို နာဂတိုင်းရင်းသူလေးများ သတိမပြုမိချေ။ တောင်ယာ မှ ပြန်လာလျှင် မစဉ်းစား မဆင်ခြင်ဘဲ ခြေဆေးခေါင်းဆေးပြုလုပ်ကြသည်။ ထို့ ကြောင့် နာဂတိုင်းရင်းသူများတွင် ရာသီထိန်ခြင်း။ ဓမ္မတာမမှန်ခြင်း ရောဂါများ အဖြစ်များသည်။
          ရောဂါဖြစ်လာလျှင် ထုံးစံအတိုင်း ကျွန်ုပ်ကပင် ကုသပေးရ၏။ တက္ကသိုလ်တွင် နှစ်လသင်တန်း တက်ခဲ့ရသည့် တိုင်းရင်းဆေး ပညာ၏ အကျိုးကို ခံစားရသည်။ တက္ကသိုလ်က  သင်ပေးလိုက်သည့် သင်ခန်းစားထဲတွင် ဤအချက်ပါသည်ကို သတိရလို်က်၏။  “ရာသီ ဓမ္မတာ မမှန်သော မိန်းကလေးကို နှမ်းပါသည့် မုန့်ကျွေးရမည်” တဲ့ ။ သို့သော် ခက်သည်က တောင်ပေါ်ဒေသတွင် နှမ်းမစိုက်သည့် အတွက် နှမ်းရှာရခက်ခြင်းပင်။ နှမ်းဖြူ မုန့် ၀ယ်ကျွေးစ၇ာ ဆိုင်ကမရှိ။ မြို့ပေါ်တက်၍ ရှာသော်လည်း နှမ်းစိုက်သည့်ဒေသ မဟုတ်သည့်အတွက် မုန့်ကို မတွေ့ခဲ့ရ။ သို့ နှင့် ဆက်စဉ်းစားရင်း” ဆေးတိုက် စရာ မရှိလျှင် ရာသီ ကို သိအောင်လုပ် ။ ရာသီ သိလျှင် ဆေးရှိသည် “ ဟူသော ပို့ချချက်ကို ရုတ်တရက် သတိရလိုက်ပြန်၏။ အေးသော ရာသီဥတုကြောင့် ဟုသာ ဆုံးဖြတ်လိုက်သည်။
          ထို့ကြောင့် မိမိလက်သုံးတော် ၉၆ -ပါး ရောဂါပျောက်ဆေး နနွင်းကိုပင် အားကိုး၇တော့၏။ နနွင်းကို တူးခိုင်းပြီး ရေနွေးသောက်ခိုင်းကြည့်လိုက်သည့်။ ၃- ကြိမ်လောက် သောက်သည့်အခါ  အမျိုသမီးရောဂါပျောက်သွားသည်ဟု သိရသည်။
          ကျွန်ုပ်လည်း နနွင်း၏ အစွမ်းကို တစ်စတစ်စ သိလာရပြီ။ နောက်ရွာရှိ အမျိုးသမီးများကို နနွင်းဥ တူး၍ ပါးပါးလှီးကာ အခြောက်လှမ်းပြီး အမှုန့်ထောင်း၍ သိမ်းထားဖို့ ပြောရ၏။ ချမ်းစိမ့်စိမ့် ဖြစ်လာသည့်အခါနှင့် ဓမ္မတာ မလာသည့် အခါ သောက်ပေးရန် ဆောင်ဆေးအဖြစ် ထားဖို့လည်း မှာထားရ၏။
          ကျွန်ုပ် ကိုယ်တိုင်လည်း  ထိုနနွင်းဆေးကို သောက်ခဲ့ရ၏။ တစ်ခါတစ်ရံ ငှက်ဖျားဖြတ်ဆေး ဘာမီတွန်စသည့်  ဆေးများ ကုန်သွားလျှင် ထိုနနွင်းကိုပင် မှီဝဲခဲ့ရသည်။ ပြည်မထဲ အလည်ပြန်လာသည့်အခါ “ တောင်တန်း အတွေ့ အကြုံများဘယ်လိုလဲ “ ဟု နီးစပ်ရာ တွေက မေးကြသည့် အခါ ထိုသောအကြောင်းများကို ပြောပြရသည်။ ကျွန်ုပ်ပြောသည့် အကြောင်းအရာများကို နားထောင်ပြီး သူတို့က “ ဒါဆို အရှင်ဘုရားက နနွင်းနဲ့ ကုတဲ့ နနွင်း ဆရာတော်ပေါ့  “ ဟု ရယ်ရယ်မောမော နာမည်ပေးကြသည်။
          တစ်ခါတစ်ရံ ဆရာဖြစ်လိုက် တစ်ခါတစ်ရံ သားဖွား ဘုန်းဘုန်းဖြစ်လိုက်။တစ်ခါ တစ်ရံ နနွင်းဆရာတော်ဖြစ်လိုက် နှင့် ဘ၀မျိုးစုံကြုံသလိုကပြခဲံ့ရသည်။ တောင်တန်း သာသနာပြု ရဟန်းဘ၀ကား ထာဝရ အမှတ်ရနေမည့်  ဘ၀လေးတစ်ခု ဟုသာ ဆိုချင်တော့သည်။
         
          ဆက်လက်ဖတ်ရှုရန်….(၁၄ )ပါရာကို ဂါထာပြောင်းတ
                   ကျန်သည့် ဆေးများကုန်သွား၍
                             လူနာလာသောအခါ  ဆေးမရှိတော့ဟု ပြောမဖြစ်။
                             ထို အခါ အကြံထုတ်ရပြန်သည်။ ပထမဖျား၍ လာသူ
                             ကို မေတ္တာ ပရိတ်ဖြင့်……..ိုက်ခဲ့ရသည်..

No comments:

Post a Comment