Tuesday, January 11, 2011

သားဖွား ဘုန်းဘုန်း ( ၁၁)


ကျွန်ုပ် ရှေ့မှာဆိုခဲ့သလိုပင် လက်သည်ပင်အတည် တကျ မရှိရှာသော ရော်ပါးမီ ရွာကလေးတွင် ကလေးမွေးတိုင်း ကျွန်ုပ်ပင် လက်သည်လုပ်မွေးခဲ့ရသည် ။ကံကောင်းသည်ဟုပြောရမလား မသိ။ ကျွန်ုပ် မွေးပေးရသည့် ကလေးေ၇ာ မိခင်ပါ  အဆင်ပြေခဲံ့သည်သာ များသည်။ ဤသို့ အဆင်ပြေသည့်အတွက်အကြောင့် ပတ်ဝန်းကျင်ရွာများကပါ မီးဖွားစရာ ကိစ္စရှိတိုင်း ကျွန်ုပ်ကိုလာပင့် တတ်ကြပြီး အကူအညီတောင်းကြသည်။ ပတ်ဝန်းကျင်ရွာဟု ဆိုသဖြင့် အနီးကလေး မမှတ်လင့်။ တစ်ရွာနှင့် တစ်ရွာ အကွာအဝေးကာ (၁၀)မိုင် ကျော်။ မြေပြန့် ခရီးမရှိ။ တောင်ဆင်းတောင်တက်လမ်းချည်းဖြစ်သည်။ ဘုန်းကြီးကျောင်းမရှိ။ ကျွန်ုပ်ကို ရဟန်းတစ်ပါးအနေဖြင့် လာပင့်ခြင်းမဟုတ်။ ဆေးဆရာ တစ်ယောက်အမှတ် ဖြင့် လာခေါ်ခြင်းသာ ။ကျွန်ုပ်မှ လိုက်ပြီးမကူညီလျှင် ကူညီမည့်သူ မရှိ။ ကျွန်ုပ်တာဝန်ကလည်းလူများကို ကူညီရန်ပင်ဖြစ်သည် မဟုတ်လား။
          သို့ဖြင့် လာခေါ်တိုင်း လိုက်မွေးပေးရင်း ပတ်ဝန်းကျင်ရွာများက ကျွန်ုပ်ကို သိလာကြသည်။ ကလေးမွေးတော်သည့်ဆရာအဖြစ် အသိအမှတ်ပြုလာကြပါ၏။ နောက်တော့ ရာထူးပါ တိုးပေးလိုက်သည်။ သူတို့ပေးလိုက်သည့်ရာထူးက “သားဖွား ဘုန်းဘုန်း”တဲ့။ “သားဖွားဆရာ” “လက်သည် ဘုန်းဘုန်း” ဟု မခေါ်သည်ကိုဘဲ ကြံဖန် ကျေဇူးတင်ရ၏။ “လက်သည်ဘုန်းဘုန်း” ဟုသာ ခေါ်က တစ်ခြား အဓိပ္ပါယ်နဲ့ဆို ခက်ရချေရဲ့ ဟု အတွေးဖြန့်ရင်း ထိုနာမည်လေးကို သတိရတိုင်း အတိတ်ပုံရိပ်တို့ ပြန်မြင်ယောင်နေမိချေတကား။
   ဆက်လက်ဖတ်ရှုရန်…
 ဟင်းနံ့ ရသဖြင့်…
“ ကနေ့ရော ဘာဟင်းချက်သလ”ဲ ဟု မေးလိုက်သည်။
ထင်သည့် အတိုင်းပင် ‘ခွေးသား ‘ချက်သည် ဟု ဖြေ
လေသည်။ မီးဖိုထက် စောင်းကြည့်လိုက်တော့
ကြက်သီးထစရာပင်…….ခြေထောက်ရောင် ရောဂါနှင့် ကျွန်ုပ်..

No comments:

Post a Comment