Saturday, February 5, 2011

တွေ့ရကြုံရ ခရီးသွားဘ၀(၁)

နားလည်မှုလွဲ၍..
သီရိလင်္ကာမှ ပညာသင်ပြီးတော့ အိန္ဒိယဘက်ကို ဘုရားဖူးရင်း ဒေသစာရီ အလည်ပတ်သွားဖို့ ဆုံးဖြတ်မိလိုက်သည်။ သူငယ်ချင်းကလည်း သူ့နိုင်ငံရဲ့ ဗုဒ္ဓဘာသာကို လေးစားပုံကို မြင်စေချင်ပုံပေါက်နေသည်။ အိန္ဒိယနိုင်ငံဆိုတာ ဗုဒ္ဓဘုရားရှင်လက်ထက်က တော့ သာသနာ နေလို လလို ထွန်းပခဲ့တဲ့နိုင်ငံဆိုတာ စာဖတ်သူလည်း သိပြီး ဖြစ်ပါလိမ့် မည်။ အခုတော့လည်း….
သီရိလင်္ကာမှ မနက် ၉-နာရီခွဲ လေယာဉ်နဲ့ လိုက်ပါခဲ့သည်။ အိန္ဒိယနှင့် သီရိလင်္ကာ ကား သမုဒ္ဒရာလေးခြားနေလို့သာ။ အမှန်တကယ်မဝေးလှပေ။ ကျွန်ုပ်တို့ လိုက်ပါ လာခဲ့သော လေယာဉ်ကလေးသည် ဘယ်လောက်မှ မကြာလိုက် သမုဒ္ဒရာကို ကျော်ဖြတ်ပြီးသည့်နှင့် Chennai ဆိုတဲ့ လေယာဉ်ဆိပ်သို့ ဆိုက်ရောက် ခဲ့ပါ သည်။ လေယာဉ်ဆိပ်မှ ခေတတ္တနားခိုမည့် ရထားဘူးအနီးသို့ သုံးဘီးကား ငှါးကာ သွားရသည်။ လေဆိပ်နဲ့ ဘူတာကို ၁-နာရီခွဲလောက် စီးရသေးသည်။အမှတ်တမဲ့ သတိပြုလိုက် မိသည်က လူတွေ စီကား ရှုပ်ထွေးလှပါဆိုတဲ့ နေရာ ကားလမ်း အလည်ခေါင်တည့်တည့် မှာ သေးပေါက်နေခြင်းပင်။ ကြားဖူးသည်က အိန္ဒိယနိုင်ငံက အတော်လေး စုပ်ပဲ့ သည်ဆိုသည့် စကားတစ်ခွန်း။
အိန္ဒိယနိုင်ငံသည် အတော်လေးကျယ်ဝန်းသည်မဟုတ်ပါလော။ Chennai မှHyderabad သို့ ညနေ ၅-နာရီခွဲ ရထားဖြင့် လိုက်ပါခဲ့သည်။ ဟိုက်ဒရာဘတ်သို့ မနက် ၇-နာရီခွဲရောက်ပါသည်။ တစ်ည လုံးစီးရသည်။ ရထားပေါ်မှာလည်း ဆူညံနေသည်။ ကျောင်းသူလေးများ ကျောင်းပိတ်၍ မိမိတို့ အိမ်သို့ ပြန်ကြဟန်တူသည်။ အရမ်းပျော်မြူးနေကြသည်။ ရထားက ထိုင်ခုံက အိပ်စင်ပါသည်။ အိပ်စင်ဆိုပေမဲ့ သီခြားတော့မဟုတ်ပေ။ အပေါ်မှာ တစ်စင် အိပ်ဖို့ရန်ထားပေးသည်။ ကျွန်ုပ်တို့ က အောက်စင်ကို နေရာ ရသည်။ ခုံနံပါတ်ကလည်း ၂-ပါးမှ တစ်ခုံသာရသည်။ ပင်ပန်းလာတာနဲ့ စောစော အိပ်မယ်လို့ဆုံးဖြတ်လိုက်သည်။ မကြာပါဘူး ခုံမဲ့ တစ်ယောက် အသက်ကြီးကြီး အဖိုးကြီး ကျွန်ုပ်တို့ နှင့် ကပ်လျက် ခုံသို့ပြောင်းလာသည်။ အမှန်မှာ ကပ်လျက်ခုံက လူ မလာပေ။ ထို့ကြောင်း ထိုအဖိုးကြီးကို  ထိုင်ပါ၊ ရပါတယ်လို့ ပြောပြီးနေရာပေးလိုက်သည်။ ကျွနု်ပ်နှင့် ပါလာသည့်် သူငယ်ချင်း တစ်နေရာကို သွားပြီး ဖုန်း ဘက်ထရီကုန်နေ၍ အားဖြည့်နေသည်။ ဒါနဲ့ ကျွန်ုပ်လည်း  အိပ်ဖို့ရန် ပြင်ဆင်လိုက်သည်။ ကျွန်ုပ် အိပ်မည်ဟု သိသော အဖိုးကြီး က နေရာ ဖယ်ပေးပြီး ကျွန်ုပ် ၏ အထက်အပေါ်တည့်တည့် အထက်စင်ပေါ်သို့ တက်သွားပြီး သူလည်း အိပ်လေ တော့သည်။
အိပ်လို့ မကြာသေးဘူး လက်ခုပ်တီးပြီး ကျွန်ုပ်ကို လာနှိုးသည်။ ….ကျွန်ုပ်လည်း လန့်ပြီး နိုးသွား၏။ ဒါနဲ့ ခြုံထားသည့် သင်္ကန်းကို ရုတ်တရက်ဖွင့်ပြီး ကြည့်လိုက်တော့ ကုလားမလေး။ ဟာ……ဘာလဲ..ကျွန်ုပ်လည်း (what is problem? What do you want?)လို့ မေးလိုက်တယ်။ သူက ဘာမှမပြောဘဲ လက်ဟန်ဖြင့် လာခဲ့ပါဟုသာ ခေါ်နေသည်။ သူ့ကို အင်္ဂလိပ်စကား တတ်မည်ဟု ထင်လိုက်သည်။ သူတို့စကားလည်း ကျွန်ုပ်မတတ်ပါ။ သူငယ်ချင်းက ထိုအချိန်ထိ ဘက်ထရီအားသွင်း၍ မပြီးသေးပါ။ သူက ကျွန်ုပ်ကို မျက်လုံးများဖြင့် လိုက်ခဲ့ပါဟု ခေါ်နေသည်ကိုတော့ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်စိတ်ထဲမှာ သူငယ်ချင်းကများ ခေါ်ခိုင်းတာလား ဟုလည်း ထင်မိလိုက်သည်။ သူ့နိုင်ငံဆိုတော့ သူ့အသိတွေကများတယ်လေ။  ဒီလိုနဲ့ ကျွန်ုပ်လည်း ထပ်မမေးတော့ ။သူ့နောက်ကိုသာ သင်္ကန်းပြင်ဝတ်ပြီးလိုက်သွားမိသည်။ တံခါးပေါက်နား ရောက်တော့ သူက အိမ်သာ တံခါးကို ဖွင့်လိုက်သည်။ ကျွန်ုပ်စိတ်ထဲ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်သည်။ ရပ်ပြီး စဉ်းစားနေစဉ် သူငယ်ချင်းက ပြေးလာသည်။ ပြီးတော့ သူက ကျွန်ုပ်ကို မေးသည်က…
(Hey…bhaddanta, What are you doing now? Why do you follow to him? Are you interest to him?) မင်း ဘာလုပ်နေတာလဲ ။ ဘာ့ကြောင့် သူ့နောက်ကို လိုက်သွားတာလဲ ။ မင်းက သူ့ကို စိတ်ဝင်စားလို့လား စသဖြင့် ရယ်မော လျက်မေး ခွန်းတွေမေးတော့မှ ကျွန်ုပ် နားလိုက်သည်။ ကုလားအခြောက်ဖြစ်နေတာကိုး။ ကိုယ်ကို့ လည်း သေစမ်းဟဲ့ ငါ့နှယ်လို့ စိတ်ထဲက ရေရွတ်မိသည်။ ဒီလောက်တိုး တက်နေတဲ့  ခေတ်ကြီး အခြောက်နဲ့ တောင် သရုပ်မကွဲသေးဘူးနော် ဟု တွေးရင်း…။ သူငယ်ချင်းကို မေးလိုက်မိသည်။ ဘာလဲ ငါနားမလည်ဘူး ။ မင်းက ခေါ်ခိုင်းတယ်ထင်လို့ ငါလည်း ဘာမှဆက်မမေးတော့ဘဲ လိုက်သွာားတာလေ။ အဲ့ဒီအခါ ကျမှ သူက ရှင်းပြတယ်လေ။ တော်သေးတာပေါ့လို့ ကိုယ့်ကိုကိုယ်လည်း နှစ်သိပ်မိတယ်။ ကျွန်ုပ်လိုပဲ မှားခဲ့သော သူငယ်ချင်းအကြောင်းကိုလည်း စကားစပ်လို့ ကြားညှပ်ပြီး ပြောပြချင်ပါသည်။
ဆက်လက်ဖတ်ရှုရန်….ခလုပ်နိပ်မှားရင်..
“…သြော် …နိုင်ငံခြားသားများ မစင်ကို လက်နဲ့ဆေးရမှာကို ပျင်းလို့ စက်ခလုပ် လုပ်ထားတာပါလားလို့ သဘောပေါက်ပြီး သူ့အဖြစ်အပျက်ကို ဘယ်သူမှ မမြင်ခင် သူတစ်ယောက်တည်း ရယ်နေမိတော့သည်။ ပြီးတော့ သူတွေးလိုက်သည်။ ခလုပ်နှိပ်မှားရင် ဖင်ထိုးခံရတတ်တယ်ဆိုရယ်…၊ အော်ဒါလည်း ဗဟုသုတ တစ်မျိုးပဲလေ” ဟု သူတစ်ယောက်တည်းဖြေသိပ်နေသည်။

No comments:

Post a Comment