Thursday, February 10, 2011

ဖြစ်ရပ်မှန်လောကဓံနှင့် ကျွန်ုပ်အတွေး ကျွန်ုပ်အမြင်

ဖြစ်ရပ်မှန် လောကဓံနှင့် ကျွန်ုပ်အတွေး ကျွန်ုပ်အမြင်
 ဆက်လက်ပြီး လောကဓံနဲ့ ကျွန်ုပ်ဘ၀ရဲ့ အဖြစ်အပျက်ကလေးကို တင်ပြ ချင်ပါသည်။ စာဖတ်သူအတွက် အကျိုးရှိလိမ့်မည်ဟုလည်း မျှော်လင်ပါ့သည်။ ကျွန်ုပ်ဘ၀ရဲ့ အတိတ်က ဖြစ်စဉ်လေးတွေကို ပြန်လည် တွေးမိတိုင်း စိတ်ထဲမှာ တစ်မျိုးခံစားမိသည်။ ကျွန်ုပ် ဘ၀တစ်လျောက် ဖြတ်သန်းလာခဲ့ရသော အခက်အခဲ လောကဓံတွေက အတိတ်အကြောင်းလို့ ဆိုပေမဲ့ မမေ့ ကောင်း စရာဖြစ်နေလို့ပါ။ စာဖတ် သူတို့လည်း ကျွန်ုပ်လိုများ အခက်အခဲများနဲ့ ကြုံကြိုက် လာတဲ့အခါ ဖြေသိမ့်နိုင်ဖို့ နည်းလမ်းလေးတွေ ရစေချင်ပါသည်။ လူတိုင်းလည်း ဒုက္ခအမျိုး မျိုးနဲ့ တွေ့ကြူံရ သည်ချည်းပါ။ စိတ်ဓာတ်မကျဖို့ရန် အရေးကြီးပါသည်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးသင့်။ အရှုံးပေးခြင်းသည် ညံ့ရာရောက်ပါသည်။ လှေခွက်ချည်းကျန် အလံ မလဲဘူးဟူသော စကားပုံအတိုင်း မသေသေးသ၍ အားဖြည့်ပြီး လုပ်ချင်တာ ဖြစ်ချင်တာကို မလျော့ သော ဇွဲလုံ့လဖြင့် ကြိုးသင့်ပါသည်။
မြတ်စွာဘုရားကလည်း လူ့ဘ၀ လူ့အသိုင်းဝိုင်းနဲ့ ပတ်သက်ပြီး ကြုံရ တွေ့ရတတ်သည့် လောကဓံ ၈-ပါးကို ဟောပေးပြီးသည်မဟုတ်ပါလော။ ဒီလောကဓံ ၈-ပါးကို ကြိုတင်နားလည်ထား သိထားမည်ဆိုလျှင် စာဖတ်သူတို့လည်း ဖြေဆေးအတွက် ဆေးတစ်ခွက်ဖြစ်မှာပါ။ လောကဓံ ၈-ပါးကို ကြိုတင်သိထားပါလျက်နဲ့တောင် မဖြေနိုင် ကြလို့ အဆိပ်ဆေးသောက်သေတာတို့၊ ကြိုးစွဲချသေတာတို့၊ ကိုယ့်ကိုယ်ကို သတ်သေ တာတို့ ကလည်း ဒုနှင့်ဒေး။ ဒါ့ကြောင့် “Prevention is batter than cure” ဆိုသလို ကြိုတင် သိထားခြင်းဟာလည်း ကြိုတင်ကာကွယ်ခြင်း တမျိုးပဲလေ။
၁။ လာဘော =လာဘ်ရခြင်း တနည်းအားဖြင့် ဆုလာဘ်များရခြင်း၊
၂။ အလာဘော =လာဘ်မရခြင်း တနည်းအားဖြင့် ဆုလာဘ်များမရခြင်း၊
၃။ ယသော = အခြွေအရံများခြင်း၊
၎။ အယသော = အခြွေအရံများမရှိခြင်း၊
၅။ နိန္နံ= ချီးမွမ်းခံရခြင်း၊
၆။ ပသန္နံ= ကဲ့ရဲ့ခံ၇ခြင်း၊
၇။ သုခံ = ချမ်းသာခြင်း၊
၈။ ဒုက္ခံ= ဆင်းရဲခြင်း၊
ဆင်းရဲချမ်းသာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေ သည် မ ဟုတ် ပါ လော။ လူ့လောကမှာ ဆင်းရဲချင် ဆင်းရဲမည်။ မဆင်းရဲလျင် ချမ်းသာမှာပဲလေ။ မထူးဆန်းပေ။ ထူးဆန်းသည်က ဆင်းရဲတဲ့ဒဏ် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြသည်က ထူးဆန်းနေသည်။ လူ့ဘ၀ လူ့အသိုင်းဝိုင်းထဲမှာနေရင်တော့ ကဲ့ရဲ့ချင်သူက ကဲ့ရဲ့မှာပဲ ။ ထို့ အထူ ချီးမွမ်း ချင် သူကြတော့ မရှိ ရှိတာကို ရှာကြံပြီး ချီးမွမ်းတတ်ကြသည်။ ထိုဒဏ် တွေကို ခံနိုင်ကြရင် လောကမှာ နေလို့ အဆင်ပြေမှာပါ။လောကကြီးက နေတတ်ရင် ကျေနပ်စရာပါ။ လောကကြီးက ရှင်းရှင်းလေးပါ ။ လူတွေက ရှုပ်နေတာပါ။ ဒါကို နားမလည်တော့ လောကကြီးက ရှုပ်ထွေးတယ်လို့ပြောနေကြတာ။ အမှန်တကယ် တော့မဟုတ်ပါ။ အဓိက က အရှုပ်ထဲ မှာ ရှင်းအောင် နေတတ်ဖို့သာ လိုအပ်ပါသည်။ သူများတွေ ရှုပ်တိုင်း ကိုယ်ပါ ၀င်မရှုပ်မိဖို့ လိုပါသည်။ သူများ ရူးတိုင်း လိုက်ရူးနေမယ်။ သူများရှုပ်တိုင်း လိုက်ပြီးရှုပ်နေမယ်ဆိုရင်တော့ ရူးရုံပဲရှိမှာပါ။
ကျွနု်ပ်ဘ၀ကံဆိုးချင်တော့ ကျွန်ုပ်တို့ မောင်နှမတွေ အရွယ်ရောက်တော့  အဖေ ဖြုန်းပြစ်လို့ အဖိုးထားခဲ့တဲ့ လယ်ယာမြေနဲ့ တောင်ယာလုပ်စားရန် ထားပေးခဲ့ သည့် နွား များပါ မကျန်တော့။ အဖေဖြုန်းရန်းပြစ်တယ်ဆိုတာလည်း စောစောကပြောတဲ့ လောက ဒဏ်တွေကို အဖေလည်း လူးလိမ့်ပြီး ခံနေရသည်။ မခံနိုင်သည့်အဆုံး ပြန် ချေပတော့ ရှိတဲ့ပစ္စည်းတွေကုန်တာပေါ့။ ပြန်မလုပ်တော့ လည်း လူတွေက သေအောင် များသတ် မလား မသိ။ လူတွေက ရက်စက်တဲ့ နေရာမှာ မည်သည့် သတ္တ၀ါနှင့်မှ မတူအောင် ရက်စက်ကြ၏။ ဒီလိုနဲ့ ….
စားစရာမရှိအောင် ဆင်းရဲခဲ့ရ၏။ အဖေ့ဘ၀ကို နားလည်ပါ၏။ စားစရာမရှိ၍ အဖေက တောင်တန်းတွေပေါ် တက်ကာ သူများ သစ်တောများ အငှါးခုတ်ကာ လုပ်ကျွေးခဲ့ပါသည်။ ထို့အပြင် တောဓလေ့ ဟိုဘက်ရွာ သည်ဘက်ရွာ သွားကာ အသား ငါးများလည်း အငှါးထမ်းကာ အဖေက လုပ်ကျွေးပါသည်။ အဖေ အိမ်မှာ နားရသည့်နေ့ဆိုတာ မရှိခဲ့ပေ။ အသားငှါးထမ်းခ ရတဲ့ ပိုက်ဆံလေးနဲ့ ကျွန်ုပ်ကို ကျောင်းထားပေးပါသည်။ အဖေက သူ့တာဝန်ကျေပွန်ပါသည်။ တစ်ခါ တရံ အဖေ တောင်ပေါ်တက်ရင်း ငှက်ဖျားမိကာ နေ့ ည မသိအောင်ပင် ဖျားနေသည်ဟု မြင်တွေ့ခဲ့သူများက ပြောတောာ့ ကျွန်ုပ်အဖေ့ကို အရမ်းသနားသည်။ ကျွန်ုပ်ကလည်း ကလေးအရွယ်ဆိုတော့ အဖေ့ကို မကူညီနိုင်ခဲ့ပေ။ ရွာသားများကလည်း အဖေ့ကို ၀ိုင်းနိမ်လို့ အားမရ။ ကျွန်ုပ်ကို ဆင်းရဲသား သာသမီးဆိုပြီး ၀ိုင်းပြီး နိမ်ကြသေးသည်။
တစ်ရက်က ဆရာမက “ တပည့်တို့ အားကစားကြေး ပေးရမည်။ ကျောင်းသားတစ်ယောက်ကို ၃၀-ကျပ်စီ မင်းတို့ မိဘတွေဆီ ပြန်ပြီး တောင်းယူကြ၊ ကျောင်း ခဏ နားပေးမည် “ ဟု ပြောတာနဲ့ ကျောင်းသားလုံး စာသင်ချိန် နားပေးသောကြောင့် ပျော်ရွှင်စွာ ကိုယ့်အိမ် ကိုယ့်မိဘများထံသို့ ပြန်ပြေးကြသည်။ သူများတွေ ပျော်ရွှင်စွာ ပြေးကြလွှားကြနေပေမဲ့ မပျော်နိုင်သည်က အမောင် တစ်ယောက်ပေါ့။ မနက်ကတည်းက အဖေ အသားထမ်းသွား၍ မနက်စာ ထမင်းကြမ်းပင် မစာခဲ့ရပေ။ မိုးချုပ် အဖေပြန်လာမှ အသားထမ်းက ရလာသည့် ပိုက်ဆံဖြင့် ဆန်ဝယ်ကာ ထမင်းချက်စားရပေမည်။ မနက်စာ နေ့လည်စာ အငတ်ခံပြီး ကျောင်းတက်နေရသည်။ သူများတွေ နေ့လည်စာ စားဖို့ ပြန်တဲ့ အချိန် ကျွန်ုပ်တစ်ယောက်တည်း ကျောင်းမြောက် ဘက်က လယ်ကွင်းထဲက ကောက်ရိုးပုံနဘေးမှာ တစ်ယောက်တည်း ထမင်းစားမည့်အစား တမှေး သွားအိပ်လိုက်သည်။ ဆက်လက်ဖတ်ရှုရန်………

No comments:

Post a Comment