Saturday, February 5, 2011

အပိုင်း (၄)

၃။ သာသနာငတ်နေသောရွာလေးများ
ကျွန်ုပ်သည် ထိုတရားပွဲပြီး အခြားဗဟုသုတများ ရချင်သည့် ဆန္ဒဖြင့် အချို့သော ရွာလေးများသို့လည်း အလည်ရောက်ခဲ့ပါသည်။ တချို့ရွာများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် ရဟန်းသံဃာများ မရှိသောကြောင့် တရားနာခွင့်မရကြပေ။ ကျွန်ုပ် တာဝန်ကျခဲ့သည့် တောင်တန်းဒေသကဲ့သို့ သာသနာငတ်နေသော ရွာလေး များသို့ လည်း  ရောက်ခဲ့ပါသည်။ ကျွန်ုပ်တို့ ရောက်လာသည်နှင့် “၀န္ဒာမိ ဘန္ဒေဂျီ” အသံက ကြားနေ ရပြီလေ။ ကျောင်းက ဘယ်နားမှာလဲ၊ဆရာတော်က ဘယ်မှာနေတာလဲ မေးကြည့်တော့ ကိုးကွယ်စရာ ဘုန်းကြီးမရှိကြောင်း၊ တစ်ရွာကတော့ အရင်က ဘုန်းကြီး တစ် ပါးရှိကြောင်း၊ အခုတော့ ပျံလွန်တော်မူသွာားကြောင်း ပြောကြလေသည်။
ကလေးငယ်များသည် ကျွန်ုပ်တို့ကို မြင်သည်ဆိုရင်ပဲ ပြေးလာကာ ရှိခိုးကြလေသည်။ ကျွန်ုပ် အထင်က မမြင်ဘူးသည့် ဘုန်းကြီးများမြင်လျှင် ကြောက် နေမည်ထင်သည်။ အခုတော့ ထိုသို့မဟုတ်၊ ကျွန်ုပ်တို့ဆီ ပြေးလာကာ ခြေထောက် များဖက်၍ ရှိခိုးလေတော့သည်။ ထိုရွာများ၌လည်း သီလပေးခြင်း၊ တရားဟောခြင်း များ လုပ်ပေးခဲ့ရပါသည်။ မိန်းမပျိုလေးများ ၊ လူပျိုလေးများကပါ တရားဟောပြီးသည်နှင့် တတ်နိုင် သမျှ ၀တ္ထုငွေများ လာရောက်လှုဒါန်းကြသည်။ လူဆင်းရဲပေမဲ့ စေတနာ မဆင်းရဲကြဘူး။
ကျောင်းထိုင်မည့် ဘုန်းကြီး မရှိသောကြောင့် ဘုရားသွား ကျောင်းတက် လုပ်ချင်ပေမဲ့ မလုပ်နိုင်ကြဘူး။ ဒါနဲ့ ကျွန်ုပ်က မေးကြည့်မိသည်။ ခင်ဗျားတို့ သာရေး နာရေးကိစ္စကြုံတဲ့အခါ ဘယ်လို လုပ်ကြလဲလို့ မေးကြည့်တော့ ဘုန်းကြီးမရှိတော့ ဖြစ်သလိုပဲ လုပ်ကြရတာပေါ့ ဟု ဖြေလေ၏်။ သူတို့ အတွက် ဘယ်လိုများ ကူညီကြမလဲ။ တရားကို အရမ်း နာချင်ကြသည်။ တရားဟောလျှင် ကလေးများ၊ လူငယ်များက ရှေ့ဆုံးက နေရာယူကြသည်။ ခဏတစ်ဖြုတ်လာသော ကျွန်ုပ်တို့ ပြန်လျှင် သူတို့ ၀မ်းနည်း နေကြသည်။ နောက်ကိုလည်း လာဟောပေးဖို့ တောင်းဆိုကြသည်။ ကျွန်ုပ်နဲ့ စကားပြော ချင်ကြသည်။ ကျွန်ုပ်ကလည်း ဘာသာပြန်နှင့် ပြောနေရသည်။ ကျွန်ုပ်ကိုတောင် သူတို့ စကားကို မြန်မြန်သင်ဖို့ တိုက်တွန်းကြသေးသည်။ ဘုန်းကြီး မရှိပေမဲ့ သြကာသ ကန်တော့ကျိုးများ အလွတ်ဆိုနိုင်ကြသေးသည်။
တရားဟောပြီးသည်နှင့် မြန်မာနိုင်ငံယဉ်ကျေးမှုများကဲ့သို့ ဘုန်းကြီးကို သူတို့ အိမ်များကိုလည်း အချိုဘုန်းပေးရန် ပင့်ကြသေးသည်။ ရဟန်းသံဃာများထံမှ ဆုပေး သည့်အသံကို ကြားချင်ကြောင်းလည်းပြောသေးသည်။ ပရိတ်တရားများလည်း နာယူချင် ကြသည်။ ရောက်သည့် အိမ်တိုင်းကိုလည်း ပရိတ်များ ရွတ်ပေးခဲ့ရသည်။
ထိုရွာကလေးများသည် ကျွန်ုပ်နေခဲ့သည့် တောင်တန်းဒေသနှင့်ယှဉ်လျှင် အများကြီးသာပါသည်။ ကားလမ်းပေါက်နေပါသည်။ အိန္ဒိယအစိုးရသည် မည်သည့် ကျေးရွာမဆို ကားလမ်းများ ကတ္တရာလမ်းများ ခင်းပေးထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် သာသနပြုရန် လွယ်ကူပါသည်။ ထိုရွာလေးကို သာသနာပြုရင်း နေရလျှင် ဘယ်လောက်များ ကုသိုလ်ရမည်နည်း။  သူများနိုင်ငံကိုသာ သနားနေသည်။ ကိုယ့်နိုင်ငံ မှာလည်း ဗုဒ္ဓဘာသာဖြစ်နေပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မသိသေးသော လူတန်းစား တွေကလည်း အများကြီး။ သာသနာနဲ့တွေ့ပြီး ကိုးကွယ်ခွင့်ကား မရကြပေ။
ထိုသို့သော အခွင့်ရေးများက ဟိန္ဒူနဲ့ မူစလင်များအတွက် အခွင့်ရေး တစ်ရပ်ပင်ဖြစ်ပါသည်။ အားကိုးရာ ရှာနေချိန်မှာ နောက်ဆုံးတော့ တွေ့ရာကို ကိုးကွယ်ရတော့သည်။ ဆရာမရှိတော့ သင်ပြမည့်သူမရှိဘူး။ သင်ပြမည့် မရှိတော့ ရှိတဲ့နေရာ ရောက်ကုန်တာပေါ့။ ကျွန်ုပ် ရောက်ခဲ့သည့်နေရာများကား ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော နေရာများဖြစ်ပါသည်။ ထိုနေရာများကား Hyderabad , Nanded, purna, Pune, Maharasta, ဤနေရာများကား ဗုဒ္ဓဘာသာပြန်လည် ထွန်းကားေ န သည့် နေ  ရာများပင် ဖြစ်ပါသည်။

No comments:

Post a Comment