Saturday, February 5, 2011

အပိုင်း(၂)

၂။ ခလုပ်နှိပ်မှားရင် ဖင်ထိုး ခံရမယ်
ကြားဖူးထားသည်က အကွက်ရွေ့မှားရင် အစားခံရမယ်လို့တော့ ကြားဖူးထားတာ။ ကျားကွက် ကစားတဲ့အခါပေါ့။ သူကတော့ ကျွန်ုပ်လို မဟုတ်တော့။သီရိလင်္ကာကို သွားစဉ်က ဖြစ်ခဲ့တာပါ။ တစ်ခါတစ်ခါ အထွေထွေက ဗဟုသုတကလည်း အတော် လေးအရေးကြီးသည်။ ဖြစ်စဉ်က ဒီလိုပါ…
နိုင်ငံခြားကို သွားမယ်ဆိုတော့ ထွိတ်၊ ဟိတ်တွေ အပြည့်ပေါ့လေ။ ရန်ကုန်ကတည်းက ဟန်အမူရာတွေ ပြောင်းလို့ပေါ့။ ခြေထောက်လေးတွေ လှမ်းတာက အစ မြေကြီး မထိသလိုပဲလေ။ သူတို့ ကတော့ အဖွဲ့လိုက်ပါ။ သူငယ်ချင်း ငါး ယောက် သွားကြာတာပါ။ ရန်ကုန်ကထွက်လာတဲ့ လေယာဉ်ကြီ်းကို စီးပြီး ထိုင်းကို ရောက်ပါတယ်။ သီရိလင်္ကာသို့ မြန်မာပြည်ကနေ တိုက်ရိုက်လေယာဉ်လည်းမရှိဘူးလေ။ ထိုင်း (Transit) ထရန်စစ်နဲ့ သွားရတာပါ။ စီးရမှာကလည်း ည ၁၁-နရီ မှာ သီရိလင်္ကာကို ဆက်ထွက် ရမှာလေ။ ထိုင်းလေ ဆိပ်မှာ တစ်နေကုန်ပဲဆိုပါတော့ ။ပျင်းအောင်နေရတယ်။
်ဒါနဲ့ ထိုင်နေမဲ့ အတူတူတော့ ဗဟုသုတ ရအောင်ဆိုပြီး ထိုင်းလေဆိပ်ထဲကို ဟိုသွားဒီသွား အနှံ့ လျှောက်လည်ကြတယ်။ ၀ယ်စရာရှိတာလည်း ၀ယ်ပေါ့။ ထိုအဖွဲ့ထဲ မှာ အကြံထူးသူ ဗဟုသုတကို ပိုပြီး လိုချင်သူ။ ဇာတ်လိုက်ကြီး လှဖေ ခေါ် ဦးစန္ဒာသီရိပါပဲ။ ကျွန်ုပ်တို့က ချစ်စနိုးနဲ့ ကိုလှဖေလို့ပဲ ခေါ်ကြာတပါ။စာပေလည်း အတော်ဖတ်ပါတယ်။ မှတ်ဉာဏ်ကောင်းတော့ အတော်လေး လည်းမှတ်မိတယ်လေ။ စာပေနဲ့ပတ်သက်ပြီး ဗဟုသုတအတော် လေးရှိပါတယ်။ စူးစမ်းချင်သည့် စိတ်လည်းရှိသည်။ ထို့ကြောင့်လည်း ဗဟုသု တရှိနေသူဖြစ်သည်။
အခုလည်း သူကြံလိုက်သည်။ ထိုင်းလေဆိပ်ေ၇ာက်တုန်း ဗဟုသုတ လည်းရအောင်၊ပြီးတော့ ဘယ်နားမှာ ဘာရှိတယ်လို့ သူများတွေမေးရင် ပြောနိုင် ဖြေနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူကြံလိုက်သည်က” အင်း….ဒီထိုင်းလေဆိပ်ကို ရောက်တုန်း အိမ်သာ တက်လိုက်မယ်ကွာ ၊အီးပါဖူးလည်း နည်းသလား၊ မြန်မာပြည်ကနေ တမင်သက်သက် လာပါချင်လို့လည်း လွယ်တာမဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူများ ထက်တော့ တစ်ခု ဗဟုသုတသာတာပဲ” ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ကိုလှဖေ တစ်ယောက် ဘေးသူငယ်ချင်းတွေ မပြောပဲ အိမ်သာဘက်သို့ ဦးတည်လိုက်သည်။ အိမ်သာက ဗိုလ်ထိုင်အိမ်သာဆိုတော့ ရေလောင်း၍မရပေ။ စွန့်ပြီးသား မစင်တွေကို ခလုပ်နှိပ်ရ မည်မဟုတ်ပါလော။ အခက်တွေ့ပါပြီ။ မစင်စွန့်ပြီး ခလုပ်က ဘယ်ခလုပ်က ဘာဆိုတာ သူမသိတော့ပေ။ ဒါနဲ့ ခလုပ် လေးခု တန်းထားတဲ့ အထဲက တစ်ခုကို အရင် နှိပ်ကြည့် မယ်ဆိုပြီး ထိုင်လျက် ခလုပ် တစ်ခုကို နှိုပ်လိုက်သည်။
ကိုလှဖေ ကံမကောင်းပါ။့သူ နှိပ်လိုက်သည် ဆိုရင်ပဲ သူနှိပ်လိုက်သည့်ခလုပ်က မစင်ကို အော်တိုသုပ်ပေးတဲ့ အော်တိုလက်က ကိုလှဖေ ဖင်ကို  လာနှိုက်ပါတော့သည်။ ကိုလှဖေ လည်း အလန့်တကြား ခုန်ချလိုက်ပါတော့သည်။ အမှတ်တမဲ့ ကိုလှဖေ တွေးမိလိုက်သည်က “ ဟာ ..ဒီထိုင်းလေဆိပ်က လည်း သရဲခြောက်တာပဲဟ “ ဟု သူတွေးမိလိုက်သည်။ပတ်ဝန်းကျင်ကို မှာလည်း တစ်စုံတစ်ရာမတွေ့ရပေ။  ပြီးမှ ခလုပ်နေရာကို ပြန်ကြည့်လိုက်တော့ ဖင်အောက်မှာ လက်ဖ၀ါးပုံသဏ္ဍာန် လက်အတုကြီးက နှိုက်မဲ့ ဟန်။ …သြော် …နိုင်ငံခြားသားများ မစင်ကို လက်နဲ့ဆေးရမှာကို ပျင်းလို့ စက်ခလုပ် လုပ်ထားတာပါလားလို့ သဘောပေါက်ပြီး သူ့အဖြစ်အပျက်ကို ဘယ်သူမှ မမြင်ခင် သူတစ်ယောက်တည်း ရယ်နေမိတော့သည်။ ပြီးတော့ သူတွေးလိုက်သည်။ ခလုပ်နှိပ်မှားရင် ဖင်ထိုးခံရတတ်တယ်ဆိုရယ်…၊ အော်ဒါလည်း ဗဟုသုတ တစ်မျိုးပဲလေ” ဟု သူတစ်ယောက်တည်းဖြေသိပ်နေသည်။
ဒီလိုနဲ့ hyedrabad သို့ မနက် ၇-နာရီခွဲတော့ ရောက်ပါသည်။ ဟိုက်ဒရာဘတ်တွင် အာနန္ဒ ဗုဒ္ဓ၀ိဟာရကျောင်း(Ananda Buddha Vihara) တွင် တည်းခိုခဲ့ရပါသည်။ ထိုကျောင်းတွင် ဘင်္ဂလားဒေရ် ဘုန်းကြီးကျောင်းထိုင်ပါသည်။ ဆရာတော်က အတော် လေး သဘောကောင်းပါသည်။ မြန်မာနိုင်ငံသို့ လေး ငါးခေါက်လောက် ရောက်ဖူး သည်ဆို၏။ မြန်မာရဟန်းတော်များကို လည်းကြည်ညိုပါသည်။ သူ့ကျောင်းတွင် နေချင် လျှင်လည်း နေနိုင်ကြောင်း၊ ဆရာတော်က အင်္ဂလိပ်လည်း အတော် လေးပြောနိုင်သည်။ ကျွန်ုပ်အတွက် အဆင်ပြေပါသည်။ မြန်မာရဟန်းတော်များလည်း အရင်က လာဖူးကြောင်း၊ အစစ အရာရာ ကူညီဖြစ်ကြောင်း စသဖြင့် ဆက်ဆံရေး ကောင်းပါသည်။ ထိုကျောင်းတွင် ၅- နာရီလောက် အနားယူပြီး မိုးချုပ်သည်နှင့် ဂျစ်ကားတစ်စီးငှါးကာ ဟိုက်ဒရာဘတ် လေဆိပ်သို့ သီရိလင်္ကာမှ ကျွန်ုပ် နေခဲ့သည် ဆရာတော် (ပါလီမန်အကြံပေး) ကို သွား ကြိုရသည်။ ဟိုက်ဒရာဘတ်လေဆိပ်မှ -နာရီခွဲထွက်လာသည်။ အပန်းဖြေ ဆိုင်တစ်ဆိုင် ထိုင်ပြီး အစာဖြေ နွားနို့နှင့် ချက်ပါတီဝယ်စားခဲ့သည်။
ထိုဆိုင်မှ ၉- နာရီထွက်ခဲ့သည်။ ၁၀-နာရီခွဲတွင် မြို့အပြင် တစ်နေရာမှ ဆိုင်တစ်ဆိုင်သို့ ၀င်ကာ ကားမောင်းသမားအိပ်ချင်မည်ဆိုးသောကြောင့် ကော်ဖီထပ်ပြီး သောက်ကြပြန်သည်။ ကော်ဖီသောက်ပြီးကတည်းက ထွက်လာခဲ့ရာ လမ်းတစ်နေရာတွင် ခဏရပ်နားသည်။ င်္ပြီးဆက်မောင်းခဲ့ရာ အချိန်က အတော်လေးလင့်သွားသည်။ လမ်းခွဲတွေ များသောကြောင့် ဟိုမေး ဒီမေးနဲ့ သွားရသည်။လမ်းခွဲသွားမိသည်က မကြာခဏဆိုသလို။ ဒီလိုနဲ့ Nanded သို့ မနက်မိုးလင်း ၅-နာရီခွဲမှ ရောက်ပါသည်။ မျက်စိတွေလည်း နီရဲနေပြီ။ အိပ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကားသမား အိပ်ငိုက်သွားလျှင် မလွယ်ပေ။ ဒါ့ကြောင့် သူမအိပ်အောင် စကားမရှိ စကားရှာပြောနေရပေသည်။
Nanded သို့ရောက်သည်နှင့် တည်းခိုခန်းမှာ စီစဉ်ပေးသည်။ အစစ အရာရာ အဆင်ပြေပါသည်။ ကျွန်ုပ်တို့ ရောက်သည်ဆိုရင်ပဲ တည်းခိုးခန်း တာဝန်ကျသူများက ကျွန်ုပ်တို့ကို မြင်ကတည်းက “ ၀န္ဒာမိ ဘန္တေ” ဟု ပါးစပ်မှ ရွတ်ကာ ကန်တော့လေသည်။ ကျွန်ုပ်တို့ အိပ်ရမည့် နေရာကို လိုက်ပို့ပေးသည်။ ခရီးပန်းသောကြောင့် ဟန်ပင်မ ဆောင်နိုင်တော့ အခန်းထဲရောက်သည်နှင့် တခါတည်း အိပ်ပျော်သွားတော့သည်။ မနက်မိုး လင်းသည်နှင့် စားသောက်ဖွယ်ရာများ လာကပ်သည်။ထူးခြားမှုတစ်ခုက ကျောင်း သား အရွယ်ကလေးငယ်များက ကျွနု်ပ် မနက်စာ စားနေစဉ် အခန်းထဲ ၀င်လာ သည်။ ပြီးတော့ ဒူးတုပ်ပြီး တညီတညွတ်တည်း သြကာသံ ကရောဟိ စသည့် ပါဠိများဖြင့် ရှိခိုးကန်တော့ကြသည်။ ကျွန်ုပ် အရမ်းအံ့သြခဲ့ရသည်။ အိန္ဒိယကို ကုလားနိုင်ငံ ၊ ဟိန္ဒူနှင့် မူစလင်များ အုပ်စိုးထားသည့် နိုင်ငံဟု သိထားသည်။ ဗုဒ္ဓဘာသာ ပျောက်ကွယ် နေသည်မဟုတ်ပါလော။ အခုတော့ တွေ့တဲ့ လူ ကလေး လူကြီး အရွယ်မရွေး ဘယ်နေရာ မှာ တွေ့တွေ့ “၀န္ဒာမိ ဘန္တေ” ဟု ဆိုကာ ကန်တော့နေပုံက ကျွန်ုပ်အဖို့ မအံ့သြဘဲ မနေ နိုင်တော့ပေ။

No comments:

Post a Comment