Tuesday, March 1, 2011

ရက်စက်လိုက်တာ ဆောင်းရယ်

ရက်စက်လိုက်တာ ဆောင်းရယ်
ရာသီကအေးလွန်းသောကြောင့်ချမ်း၏။ အဘယ့်ကြောင့်ဆိုသော် အေးသော ကြောင့်ဖြစ်၏။ အေးသည်ဆိုသည်မှာ ဖင်တုန်အောင်အေး၏။ ဖင်တုန်အောင် အေးသော ကြောင့် ချီ်းယိုပြီးသောအခါ ဖင်ကိုပင် ရေမဆေးချင်ပေ။ အေးလိုက်တဲ့ ဆောင်းရာသီ ။ ဆောင်းရာသီ ရောက်တိုင်းလည်း သတိရနေသည်။ မိန်းမရှိတဲ့ သူများအတွက်တော့ ကွေးလို့ကောင်းပေါ့။ ကျွန်ုပ်တို့လို လူပျို လူလွတ်များ အတွက်တော့  ဆောင်းရာသီက အသုံးမ၀င်ဘူးပေါ့။ ဆောင်းရာသီမှာ မနက်ပိုင်း ပေါင်း တင်း မီးဖုတ်စားရသည်ကလည်း ပျော်စရာ။ ကျွန်ုပ်တို့ ဒေသမှာ ဆောင်းရာသီတွင် ပေါင်း တင်း များဖုတ်စားသည်က ရာသီပေါ်စာကဲသို့ ဖြစ်နေ၏။ ပေါင်းတင်းမီးဖုတ်ပြီး ဆီလေးနဲ့ ဆားလေးနဲ့ ရောစပ်ပြီး နယ်စားရသည်မှာ အရသာရှိ၏။ ကျန်တဲ့ လများထက် ဒီဆောင်းလများမှာ ပေါင်းတင်း မီးဖုတ်စားရသည်က ပို၍ အရသာ ရှိသည်ဟုလည်း ထင်၏။ ဒါ့ကြောင့် ဒီဆောင်းလများမှာသာ ပေါင်းတင်း မီးဖုတ်စားလေ့ရှိ၏။
မနက်စောစော မီးလှုံရင်း မီးဖိုဘေး ၀ိုင်းထိုင်ကာ ပျော်ပျော်ပါးပါး စားကြသည်ကို ဆောင်းလရောက်တိုင်း သတိရနေတော့သည်။ ဆောင်းလမှာ ဆင်းရဲသောမိသားစုအတွက် မသက်သာပေ။ စောင်ထူထူ မ၀ယ်နိုင်ကြဘူးလေ။ အေးသည်ကလည်း မေးတုန် မေးခိုက်အောင်အေး၏၊ ချမး။်ဆောင်းရာသီ ဆိုင်ကယ်စီးလျှင် လက်များအေး၍ ကိုင်လို့ ကိုင်မှန်းမသိတော့ပေ။ ဆောင်းရာသီမှာ လယ်သမားများ ကောက်တလင်း ရိပ်သိမ်းချိန်ဖြစ်သည်။ အေးလွန်း၍ တကိုယ်လုံးစောင်ထူထူပတ်ကာ စပါးများကို နွာများဖြင့် နင်းကာ ခြွေကြရသည်။ (အခုတော့ စက်တွေ ထွန်းကားနေပြီပေါ့။) ဒါတောင် နေရာတိုင်း မထွန်းကားသေး။ ဆောင်းရာသီမှာ ကွေးရသည့် အရသာကလည်း အခြားနှင့်မတူ။ ခါးက ပုဆိုးပင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိအောင် ကွေးရ၏။
အခုလည်း ဆောင်းရာသီ ခရီးသွားသည့် လူတစ်ယောက်ပြောပြချင်ပါသည်။ အမှတ်မထင် သူဟာ ကျွန်းလှမြို့ဘက်က ရွာတစ်ရွာ ရောက်သွားသည်။ ရောက်သွားသည့် အိမ်ကလည်း မိသားစုက များသည်။ စောင်ကို မိသားစုအတွက်သာ ၀ယ်ထား၏။ နွေပိုင်းကျတော့လည်း စောင်က လိုတာမဟုတ်ပေ။ ဆောင်းရာသီလောက်သာ လိုတာဆိုတော့။ အမှတ်မထင် ဧည့်သည် ရောက်လာတော့ သူတို့လည်း ဧည့်သည်အတွက် မိသားစုထဲက စောင်ကို မျှဝေခြုံရတာပေါ့။ ကျွန်းလှဖက်ကလည်း နွေရာသီ အလွန်ပူပြီး ဆောင်းရောက်တော့လည်း အတိုင်းထက် အလွန်အေးပြန်၏။ အေးလွန်းလို့ နှုတ်ခမ်းများပင် ကွဲကြ၏။ ထိုအထဲ ရောက်လာသည့် ဧည့်သည်ကို အေးမည် ဆိုးသောကြောင့် တခြားခွဲ မအိပ်စေဘဲ ယောက်ျားလေးများသတ်သတ် စုပေါင်း အိပ်စေပါသည်။ သန်ခေါင် ကျော်သည်နှင့် အအေးက စ လာပါပြီ။ အောက်သားက အထက် အညာ ဘက် ရောက် သွား တာဆိုတော့ တကယ်အေးမည်ဟု မထင်ထားပေ။ အအေးက သန်ခေါင်ကျော်လျှင် တဖြေးဖြေ အေးလာ၏။
အေးလေ ကွေးလေ၊ ကွေးလေ အေးလေဆိုသလိုဖြစ်နေ၏။ လူအများကြားထဲ ပူးအိပ်တာတောင် ဒီလောက်အေးသလားဟုလည်း တစ်ယောက်တည်းတွေးနေမိသည်။ သူများတွေ အိပ် တာငြိမ်နေ၏။ ငါတစ်ယောက်တည်းပဲ အေးနေတာလားဟုလည်း တွေးမိသည်။ တွေးရင်း ကွေးကာ အိပ်ပျော်သွား၏။ ၂-နာရီ ကျော်လောက် အအေးဓာတ်က တအား လွန်ကဲ လာ၏။ တကိုယ်လုံး စောင်ခြုံထားသည်ဟု ပင် မထင်တော့။ လက်တွေကလည်း အအေး လွန်ပြီး ထုံနေပြီ။ ကွေးလိုက်တာ ကွေးရင်း ကွေးရင်းနဲ့ ခေါင်းက ဖင်ကြားထဲရောက်သွား၏။ အေးလေ ကွေးလေပေါ့။ သာမန်အချိန်တွေဆို ခေါင်းကို ဖင်ထဲ ရောက်အောင် မကွေးနိုင်ပေ။ ခါးတောင့်ပြီး နာလို့ မကွေးနိုင်။ အခုတော့ ခေါင်းက ဖင်ကြားထဲ ဘယ်လိုရောက်နေသည်မသိ။ ကြာတော့ အသက်ရှုကြပ်လာ၏။ သူ့နှာခေါင်းနဲ့ သူ့ဖင်က ထိနေသည်။ ဒါပေမဲ့ သူ့ဖင်ဆိုတာကို သူမသိပါ။ အသက်ရှုကြပ်တာနဲ့ သူ့ဖင်ကို သူများဖင်ထင်ပြီး တွန်းလွတ်နေ၏။ အေးတော့ ထုံနေ၏။ ဘယ်လိုမှ တွန်းလို့ မရ။ မျက်စိလည်း မဖွင့်ချင်။ “ ဒါ ..ဘယ်သူ့ ဖင်လဲ” ဟု မျက်စိမဖွင့်ဘဲ မေးသည်။ ဘယ်သူမှ မဖြေ။ အကြိမ်ကြိမ်မေးသည်။ အားလုံးက အေးတော့ ကွေးလို့ကောင်းနေကြ၏။ ကြာတော့ မေးလို့က မရ။ စိတ်တိုလာ၏။ “ အင်း…ငါ့ဘက်ကလည်း မေးတာ တာဝန်ကျေပြီ။ တွန်းလို့ လည်းမရမဲ့ အတူတူ တော့ မထူးဘူးဆိုပြီး ရင်ဘတ်က တွယ်ချိတ် ဖြုတ်ပြီး “ ကဲ ကွာဆိုပြီး ထိုးလိုက်တာ” အဲ့ ဒီအခါ ကျ နာလွန်းလို့ သူ့ဖာသူ ထအော်တော့၏။ ဘေးလူများလည်း လန့်နိုးကြ၏။ “ဘာဖြစ်တာလဲ .ဘာဖြစ်တာလဲ “ လို့ ၀ိုင်းမေးကြတော့ “ ဟာ ကျနော် အသက်ရှုကြပ်လို့ ဒီဖင်ကြီးကို အဖယ်ခိုင်းတာ မရတာနဲ့ မထူးဘူးဆိုပြီး တွယ်ချိတ်နဲ့ ထိုးလိုက်တာ သူများဖင်မဟုတ်ဘဲ ကျနော်ဖင်ဖြစ်နေတာလေ” ဟု ပြောတော့ ဘေးက လူများက နင့်နယ်ဟယ်ဆိုပြီး ရယ်ကြလေတော့၏။ ရက်စက်လိုက်တာ ဆောင်းရယ်လို့ တစ်ယောက် တည်းတွေးနေမိသည်။ ဆောင်းရာသီ၏ အအေးဒဏ်ကို ခံစားချင်သူများ အထက်အညာဘက် ကျွန်းလှဘက် အလည် သွားစေချင်ပါသည်။ ဒီလောက်အေးတဲ့ ဆောင်ရာသီကို ဘယ်တော့မှ မမေ့နိုင် တော့ပေ။

No comments:

Post a Comment