Tuesday, March 1, 2011

အဆက်

ဘောင်းဘိကွဲနဲ့ ထိုင်ထစွဲခဲ့ရသည့် ကျွန်ုပ်ဘဝ
        ဒီလိုနဲ့ တစ်ရက်က ဆရာ ဆရာမတွေပျင်းတားနဲ့ အလုပ်မရှိ အလုပ်ရှာ ကျွန်ုပ်တို့ ဒုတိယတန်းကျောင်းသား ကျောင်းသူလေးတွေကို  စာများများပေးကာ နာရီဝက်နှင့် အရ ကျက်ရန်၊ ရလျှင် ဆရာ့ဆီကို လာဆိုပြရန် ဆရာကပြောကာ ကျက်ခိုင်း၏။ စာတွေက မနိုင်မနင်း ကျက်ခိုင်းသောကြောင့် ကျွန်ုပ်တို့ ကျောင်းသားများ တစ်ယောက်မှ နာရီဝက်အတွင်း မရကြပေ။ သို့ဖြင့် ဆရာကြီးက မရတဲ့ကျောင်းသား ကျောင်းသူတွေ ၂-ယောက်တစ်တွဲ သူ့နားရွက် ကိုယ့်နားရွက်စွဲကာ ထိုင်ထ လုပ်ရမည်ဟု ပြော၏။ ကျွန်ုပ်က (မ---)နှင့် တွဲကြပါသည်။
ဆင်းရဲသော ကျွန်ုပ်ဘ၀ ဆွေးနေသော ဘောင်းဘိတစ်ထည်ကို ချုပ်ရိုးပေါင်း တစ်ထောင်ဆိုသလို အထပ်ထပ် ဖာထေးကာ ၀တ်နေရသည်။ ဆွေးနေသော ကျွန်ုပ်ဘောင်းဘိသည် ထိုင်ထ သုံးခေါက်လောက် လုပ်လိုက်သည်နှင့် ဖင်နေရာက ပွင့်သွားပါတော့သည်။ သိတဲ့အတိုင်း ဆရာ ဆရာမများ အရမ်းရယ်မောနေကြသည်။ ဖွားဘက်တော်လေးက ထွက်နေပြီလေ။ ကျွန်ုပ် ၂-တန်းကျောင်းသားဘ၀ ရှက်တတ်သည့်စိတ်ရှိနေပြီ။ သို့သော်လည်း ဆရာကိုကြောက်သည့် စိတ်ကြောင့် ကွဲနေသည့် ဘောင်းဘိကိုပင် ဂရုမစိုက်နိုင်ခဲ့။ ဆရာက တော်ခိုင်းသည့်အထိ လုပ်နေရသည်။
ထိုအဖြစ်ပျက်ကလေးကို ကျွန်ုပ်လည်း မေ့နေပါပြီ။ တက္ကသိုလ် ဒုတိယနှစ် ပြီးလို့ ရွာပြန်ကာ မိဘများထံ အလည်ပြန်တော့ မတွေ့ဖြစ်သည့် ရွာက ကျောင်းနေဖက် ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ပါသည်။ တက္ကသိုလ်တက်နေသည့်ဆိုတော့ သူတို့က ကျွန်ုပ်ကို အလိုလိုပင် ရှိန်နေကြသည်။ စကားပင် မပြောရဲကြ။ကျွန်ုပ်က ငယ်ငယ်ကတည်းက မြို့သို့ရောက်ခဲ့သည်လေ။ တချို့ သူငယ်ချင်းများဆို အိမ်ထောင်ကြပြီး ကလေးများပင် ရနေကြပြီ။ မတွေ့တာလည်းကြာ မြို့မှာနေသော ကျွန်ုပ်ကို အထင်လည်းကြီးကြသည်။ ရွာရောက်သည်ဆိုရင်ပဲ ရွာက ဆရာတော်နဲ့ လူကြီးများက ကျွန်ုပ်၏ တရားကို နာယူလိုကြောင်း ၊ ရွာကထွက်သွားကတည်းက တခါမှ တရားမ ဟော ဖူးသောကြောင့် ရွာသားများက ကျွန်ုပ်ဟောသည့် တရားကို နာယူချင်ကြသည်။ သို့နှင့် ကျွန်ုပ်လည်း တရားဟောဖို့ ဆုံးဖြတ်လိုက်ပါသည်။ တရားမဟောခင် ငယ်သူငယ်ချင်းများက အရင်ဦးဆုံး ကျွန်ုပ်ကို လာကန်တော့ပါသည်။ ကျွန်ုပ်ကတော့ ဆရာတော်ကြီးစတိုင်ပေါ့။
သို့သော်လည်း လာကန်တော့သည့် သူငယ်ချင်းတွေက ကျွန်ုပ်ကို စကားမပြောဘဲ ကျိတ်ပြီးရယ်ကြသည်။ “ဟာ ဘာဖြစ်တာလဲဟ၊ စကားတောင် မပြောရသေးဘူး၊ နင်တို့ရော အဆင်ပြေကြလား၊ မတွေ့တာလည်း ကြာပြီနော်။ ဘာတွေလုပ်စားကြလဲ” စသဖြင့် ကျွန်ုပ်ကပင် နှုတ်ဆက်လိုက်ပါသည်။ သူတို့က ဘာပြောလဲဆိုတော့ “တပည့်တော်တို့ အဆင်ပြေပါတယ်ဘုရား၊ ဦးဇင်းကိုတွေ့တိုင်း တပည့်တော်တို့က ခေါ်ချင်ပါတယ် ။နှုတ်ဆက်ချင်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းကိုလည်း မခေါ်ရဲဘူး ။ကြောက်လည်းကြောက်နေတာ၊ ဦးဇင်းက ခပ်တည်တည်နေတော့။ နောက်ပြီး ရယ်ချင်တယ်ဆိုတာက ဦးဇင်း မှတ်မိသေးလား မသိဘူးဘုရား။ တပည့်တော်တို့ ၂-တန်းကျောင်းသားဘ၀တုန်းက ဦးဇင်းက မ--နဲ့ တွဲပြီး ထိုင်ထ လုပ်ရတာလေ”ဟု ပြောတော့မှ ငယ်စဉ်က ဘ၀အကြောင်းလေးကို ပြန်လည်သတိရမိသည်။
ဦးဇင်းကို ဆရာတော်ကြီးစတိုင် ခပ်တည်တည်နဲ့နေတာမြင်ရတော့ ငယ်တုန်းက အကြောင်းလေးကို ပြန်သတိရပြီးရယ်နေတာပါဘုရား” ဟုလျောက်တော့မှ “ဟာ ..နင်တို့ကလည်း ကြံကြံဖန်ဖန် သတိရတယ်နော်။ ကျွန်ုပ်လည်း မျက်နှာ နီးရဲသွားပါသည်။ တရားဟောရမှာပင် အတော်လေး ပူထူသွားရသည်။ အချိန်ရောက်သည်နှင့် တရားဟောဖို့ လူကြီးများက လာပင့်ပါသည်။ တရားဟော မစခင် ရှေ့ဆုံးက နေရာယူထားသည့် စောစောက သူငယ်ချင်းများကို ကြိုပြောထားရသည်။ “ငါ ဟာသပြောလျှင် နင်တို့ မရယ်ကြနဲ့။ ငါဟာသပြောလို့ နင်တို့ရယ်တာမဟုတ်ဘူးဆိုတာ ငါသိနေတယ် ”ဟုပြောလိုက်တကည်းက တဝေါဝေါ ရယ်ကြသည်။ အခြား လူများကတော့ နားမလည်ကြပေ။ စိတ်ကို မနည်းထိန်းပြီး တရားတစ်ပွဲပြီးအောင် ဟောခဲ့ရသည်။
တောင်တန်းဒေသသို့ သာသနာပြုတာဝန်ကျတော့ ကျွန်ုပ်တို့နှင့် မုံရွာက အထက်တန်းပြ ကျောင်းဆရာများ အတူတူနေကြပါသည်။ ကျွန်ုပ်တို့၏ ဝေယျာဝေစ္စကို ထိုကျောင်းဆရာများက တာဝန်ယူ လုပ်ပေးပါသည်။ တစ်နေ့တော့ ဆရာမြင့်ထွန်းက သူ့အထက် တန်း ကျောင်းသားလေးတွေကို စာကျက်ခိုင်းလိုက်တာ မရသည့်အတွက် စိတ်တိုကာ ထိုင်ထ လုပ်ခိုင်းလိုက်ပါသည်။ နာဂတိုင်းရင်းသားတို့သည် ဆယ်တန်းကျောင်းသားဆိုရင် လူကောင်ကြီးတွေက တအားကြီးနေပေပြီ။ ပညာရေး နောက်နှေးသည်လည်းပါ၏။ သူ့ကျောင်းသားလေး တစ်ယောက်လည်း စာမရလို့ ထိုင်ထ လုပ်ခိုင်းလိုက်တာ ဂျင်းဘောင်ဘိ ဖင်ကွဲသွား၏။ အခြားကျောင်းသူ ကျောင်းသားများက ရယ်နေကြ၏။ ထိုကျောင်းသားလေးမှာ ဆရာကိုကြောက်သည့်အတွက် ဖင်ကွဲသွားသည့် ဘောင်းဘိကိုပင် သတိမထားရဲပေ။ ဆရာလည်း ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်ခဲ့ရသည်။ ပြီးတော့ “အော်….ဒီအရွယ်ဆို ရှက်တတ်မှာပဲဟု” ပြန်သတိဝင်ကာ ထိုင်ထမ လုပ်ခိုင်းရက်တော့။ ထိုကဲ့သို့ ဆင်းရဲခဲ့သော ကျွန်ုပ်ဘ၀လေးကို ယနေ့အထိ သတိရနေဆဲပင်။
ဆင်းရဲသည့်ကံက မြို့ရောက်သည့်အထိ မကုန်သေးပေ။ ဘ၀ပေးအ ခြေအ နေအရ မြို့သို့ ပညာသင်ခွင့်ရခဲ့သည်။ ရွာက လက်ဦးဆရာ၏ ပညာရေး အမြော်အမြင် ကြီးမားသောကြောင့် မြို့သို့ ပညာသင်ရန်ရောက်ခဲ့ပါသည်။ ရောက်ခါစ အသိတကာ တကာမလည်း မရှိသေး။ အဆင့်မြင့် ပိဋက စာပေတွေကို သင်ရသည်မှာ အရမ်းကြည် နူးမိသည်။ ရွာမှာနေစဉ်တုန်းက ညစာ မစားဘဲ နေနိုင်သော်လည်း မြို့ရောက်တော့ စာကျက်ရတာက နေ့နှင့်ညဆိုသလို မပြတ် ကျက်နေရသည်။ ညစားလည်း မစားရပေ။ စည်းကမ်းလည်းကြီးသည့် စာသင်တိုက်လည်း ဖြစ်သည်။ ရွာမှာဆို ဗိုက်စာလျှင် အိမ်ပြန်ပြီး အမေ့ဆီပြောလိုက်ရင် အမေက ကျွေးမှာအမှန်ပင်။ အခုတော့ အမေနဲ့က ဝေးနေပြီ။
ဗိုက်ဆာလို့မှ စားစရာမရှိ။ တစ်ရက်ကတော့ ဗိုက်က တအားဆာသည်။ သူငယ်ချင်းသုံးယောက် စာအံကျောင်း နားချိန် ဗိုက်ဆာလွန်း၍ ကြံမိကြံရာ ကြံကြသည်။ သို့ဖြင့် သုံးယောက်ပေါင်းကာ ခေါက်ဆွဲဝယ်စားဖို့ တိုင်ပင်ပြီး ကျောင်းနားနီးသည့် ခေါက်ဆွဲဆိုင်က ခေါက်ဆွဲတစ်ထုပ် ၀ယ်ကာ အိမ်သာနောက်ဖေးသွားကာ ခိုးစားကြသည်။  စာချဘုန်း ကြီးမြင်မှာ ဆိုး သောကြောင့် ဓာတ်မီးလည်း မထိုးရဲ။ အိမ်သာဆိုသော်လည်း ဆယ်လုံးတန်းထားသည့် တိုက်အိမ်သာဖြစ်ပါသည်။ နေ့လည်ဘက်ဆို ကျွန်ုပ်တို့ ဘောကန် ခြင်းခတ် ကစားသည့် နေ ရာလည်းဖြစ်ပါသည်။ တိုက်အိမ်သာဆိုတော့ သန့်ပျံ့နေပါသည်။ ဒီလိုနဲ့ ခေါက်ဆွဲစားဖို့ အိမ် သာ နောက် က သမန်တလင်းပေါ် ခေါက်ဆွဲထုပ်ကို ချကာ ၀ိုင်းထိုင်ပါသည်။ ထိုင် လိုက် သည် ဆို ရင်ပဲ မစင်(ချီး) အနံ့က နံလာပေပြီ။
“နေ့လည်ကတောင် ငါတို့ ကစားနေတာပဲ။ ဘာမှ မရှိပါဘူး။ အခုကျမှ မစင်အနံ့က နံတယ်။
“ဟာ..ဘေးကို စမ်းကြည့်အုံး။ တောက.. ဘယ်သူ ပါသွားလဲမသိဘူး။ တော်တော် စုပ်ပဲ့တာပဲဟု ပါးစပ်မ”ှ ရေရွတ်ကာ ခေါက်ဆွဲကို မစားသေးဘဲ သုံးယောက်သား ဘေးပတ်ဝန်းကျင်ကို လက်ဖြင့် စမ်းကြည့်ကြသည်။ လက်တစ်ဖက်ကလည်း ခေါက်ဆွဲထုပ်ကို ကိုင်ထားရ၏။ ဗိုက်က အရမ်းဆာနေကြည်။ တချို့ကောင်က မစင်ကို လိုက်မစမ်းပဲ ခိုးစားနေမည်ဆိုးသောကြောင့် တစ်ယောက် ကို လက်တစ်ဖက်စီ ကိုင်ထားကြ၏။ လည်တဲ့ကောင်က မစမ်းပဲ ခိုးစားနေရင် ခက်ရ ချည်ရဲ့။ သို့ဖြင့် ဘေးပတ်ဝန်းကျင်ကို စမ်းကြည့်ကြသည်။ အနံ့သာ ရနေသည်။ ဘယ်လို စမ်းစမ်း မတွေ့ပေ။ ဒါနဲ့ မစမ်းတော့ပဲ စားကြရန်ဆုံ့းဖြတ်ကြသည်။ စာချဘုန်းကြီး လာလျှင် မစားရ သည့်အပြင် အရိုက်ခံရအုံးမည် ဆိုးသောကြောင့် နှာခေါင်းပိတ်ကာ စားကြသည်။ စားပြီးမှ စာချဘုန်းကြီးအခြေအနေကို အကဲခတ်ကာ ဓာတ်မီးထိုးပြီး ဘေးပတ်ဝန်း ကျင်ကို ရှာကြည့်တော့လည်း မတွေ့ရ။ ဒါနဲ့ ကျွနု်ပ်တို့ စားထားသည့် ခေါက်ဆွဲထုပ်ကို စွဲမြောက်  လိုက်ကြည့်မှာ မစင်ပုံကြီးက ကြက်ယက်ထာသည့်အလား ပြန့်ကျဲနေသည်။ ပွလကျော ရိုက် နေသည်။ ဒုက်နဲ့ထိုးပြီး စော့ထားသကဲ့သို့။ စာသင်သားဘ၀ ဆင်းရဲခဲ့ရသည့် ထိုနေ့လေးကိုလည်း ယခုထက်မှတ်မိနေဆဲပင်။ ကျွန်ုပ်ဘ၀၏ ဆင်းရဲမှုကို အကြောင်းပြု၍ ဆင်းရဲသော တောင်တန်းဒေသက နာဂတိုင်းရင်း သားလေးများကို မြို့သို့ ခေါ်လာကာ ပညာသင် ပို့ပေးထား ပါသည်။ ဤကုသိုလ်ဖြင့် နောက်ဘ၀ဆက်တိုင်း ဆင်းရဲခဲ့သော် ကူညီမည့်သူများ တွေ့ပါစေဟု ဆန္ဒပြုရင်း.။
လူအချင်းချင်း ကူညီနိုင်ကြပါစေ..
ဆက်လက်ဖတ်ရှုရန်.. ဖြူဖြူလို စိတ်ဓာတ်မွေးပါ..
“ဘာမှန်းမသိတဲ့ အာမင်က လုပ်ခဲ့ရသေးတယ်။
အဲ့ကောင်မကို မကျေနပ်ဘူးစသည်..

No comments:

Post a Comment