Tuesday, March 1, 2011

အဆက်

အခုလည်း ဆရာမက အိမ်ပြန်ပြီး ကျောင်းအားကစားကြေး ပိုက်ဆံ တောင်းခိုင်းနေချေပြီ။ ပိုက် ဆံမရှိဟုလည်း မပြောရဲပေ။ ပိုက်ဆံမရှိဟု ဆရာမကို ပြောလျှင် ဆရာမက ရိုက်မည်မှာ သေ ချာသည်။ ပြီးတော့ မိဘတွေကို အပြစ်ပြောမှာ သေချာသည်လေ။ အိမ်ပြန်လည်းပိုက်ဆံမဆိုထားဘိထမင်းတောင် မစားခဲ့ရတဲ့ဘ၀ ဘယ်သူ့ဆီသွားတောင်းရမလဲ။ အမေတို့ အဖေတို့လည်း အိမ်မှာ မရှိပေ။ ဒါနဲ့  အသား ထမ်းပြီး အရောင်းသွားတဲ့ အဖေများ ပြန်ရောက်နေမလားဆိုတဲ့ အတွေးနဲ့ အိမ်ကို ပြန်လာခဲ့ပါ သည်။ အိမ် ရောက်တော့ ထုံးစံအတိုင်း တစ်ယောက်မှ မရှိပါ။ ဆရာမက တောင်းခိုင်းသည့် ပိုက်ဆံမပါဘဲ ကျွန်ုပ် ကျောင်းကို မပြန်ရဲပါ။ အတွေးတစ်ခု ရလိုက်သည်။ အဖွားဆီ သွားတောင်းကြည့်မည်ဟု အတွေးဖြင့် သွားလိုက်ပါသည်။  အိမ်ဝိုင်းပေါက် ရောက်ကတည်းက မြင်လိုက်ရသည့် မြင်ကွင်းက မျက်ရည်များပင် ကျမိသည်။ အချိန်က နေ့လည် ၂-နာရီပင်ကျော်နေပြီလေ။ အဖွားအိမ်ရောက်တော့ ကျွဲတွေ အစာ စားဖို့ သွားကျောင်းမည့် သူ မရှိပေ။ နေပူထဲက တိုင်တွေမှာ ချည်ထားလျက်။ သူတို့ ခမျာ အစာကျွေးမည့် သူကို မျော်နေရှာသည်။ ကျွန်ုပ်ကို မြင်တော့ အကြီးဆုံး ကျွဲမကြီးက မျက်ရည်များပင် ကြနေသည်။ အတော်လေး စာနေသည် ထင်ရသည်။ စကားမပြောတတ်ပေမဲ့ ကျွန်ုပ် နားလည်လိုက်သည်။ ကိုယ့်ဒုက္ခအတွက် အကူညီတောင်းဖို့ လာပါသည်ဆိုကာမှ သူများဒုက္ခက အရင်တွေ့ နေရပြီလေ။ အရင်ကတည်းကလည်း အဖွားကျွဲတွေအပေါ် သံယော ဇဉ်ဖြစ် နေပြီးသား။ ကျွဲမကြီးဆီက ကျွန်ုပ် ဗိုက်စာတဲ့ အခါ နို့ညှစ်ပြီး သောက် နေကြလေ။ ဘယ်အချိန် နို့ညှစ်ညှစ် အမြဲတမ်း သည်းခံပြီး နို့ရည်များထွက်ပေးနေသည့် ကျွဲမကြီးအပေါ် သံယောဇဉ် မဖြစ် ဘဲမနေနိုင်တော့ပေ။  ကျွန်ုပ်တို့ဒေသ နေ့လည် ၁၂-နာရီ ထမင်းစားပြီသည်နှင့် ကျွဲ၊ နွားများ တောထဲသွားကာ အစာကျွေးကြလေသည်။ ကျွဲတွေကို မြင်ပြီး ကျွန်ုပ် သနားလွန်းလို့ မျက်ရည်များကျကာ တောင်းပန်မိလေတော့၏။ ငိုယိုလျက်” ငါတို့ကို ခွင့်လွတ်ပါ။ နင်တို့ကိုလည်း ငါပိုင်တာမဟုတ်။ နင်တို့က ငါ့ထက် ကံဆိုးနေတာကိုး။ ကဲ..ပါ ငါ့ဒုက္ခထက် နင်တို့ ဒုက္ခကို ငါကယ်မယ်” ဟုဆိုကာ အဖွားကိုလည်း ပိုက်ဆံအကြောင်းမပြောတော့။ ကျောင်းလည်း နှင်ထုပ်ချင် ထုပ်ပါစေ ဆိုပြီး ကျွဲများ ကြိုးဖြေကာ ကျွဲကျောင်းသွားခဲ့လေတော့၏။ ထိုနေ့က ကံဆိုးချင်တော့ မိုးတွေက ရွာပြန်သည်။ ဆင်းရဲတဲ့ ဘ၀ မိုးကာလေးတောင် မ၀ယ်နိုင်ပေ။ တောထဲက လယ်ကွင်းထဲ မြက်စာများများ ရှိမဲ့ နေရာ ရှာကာ စားစေခဲ့ပါသည်။ ထိုနေရာကာ အရိပ်မရှိ၊ တည်းခိုစရာ “ တဲ ” မရှိသော နေရာဖြစ်နေသည်။ ကျွဲများ အစာ စားနေသည်ကို မြင်ရတော့ ကျွန်ုပ်လေ အရမ်းကျေနပ် နေမိသည်။ “ ကျေးဇူးတင်လိုက်တာ ကောင်လေးရယ်။ ငါ မစားရရင် နေပါ။ ငါ့ကလေးတွေ စားနေရရင် ငါစားရ သလိုပါပဲ” ဟု ထိုကျွဲမကြီးက စကားများ ပြောတတ်ရင် ပြောမှာ သေချာသည်။ ကျွန်ုပ်ထိုင်ကြည့်နေသည်ကို ကျွဲမကြီးကမျက်စောင်းလေး ထိုးကာလှမ်း လှမ်းကြည့် နေသည်ကို တွေ့နေရပါသည်။ ကျွန်ုပ်အထင် ကျေးဇူးတင်လိုက်တာလို့ အကြိမ်ကြိမ် ပြောနေပုံရသည်။ ထားသည့်နေရာမှာပင် စားနေသည်လေ။ ဘယ်မှလည်း မသွား။ စကားမပြောတတ်လို့သာ။  မိုးရွာလာတော့ မိုးရွာထဲထိုင်ပြီး ကျွဲများ အစာ အားရပါးရ စားနေသည်ကို ထိုင်ကြည့်နေမိသည်။ မိုးကလည်း အရမ်းရွာနေပါသည်။ ကြာလာတော့ အရမ်း အေးလာပြီလေ။ အအေးဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာနဲ့ လယ်ကွက်ထဲ ရေထဲမှာ ရေပူငွေ့နဲ့ ခန္ဓာကို အပူပေးနေလိုက်သည်။ မနက်ပိုင်းက နေပူထားတော့ မိုးရွာလိုက်တဲ့ အခါ ရေက နွေးနေသည်။ မိုးချုပ်သည်နှင့် ကျွဲများလည်း ဗိုက်တွေ ကယ်နေပြီ။ ကျွဲတွေကြည့်ရတာ စိတ်ထဲ ကျေနပ်ဖို့ အရမ်းကောင်းပါသည်။ ထိုသို့ဖြင့် တစ်နေ့ ကုန်သွား၏။ အိမ်ရောက်တော့ အဖေ အသားထမ်းက ရလာတဲ့ ပိုက်ဆံနဲ့ ဆန်ဝယ်ကာ ထမင်းချက်ထား၏။ အဖေက သားကိုကြည့်ပြီ ငိုပြန်သည်။ ထိုနေ့ အဖေငိုနေသည့် အဖေ့မျက်နှာကို ယနေ့အထိမြင်ယောင်နေဆဲပါ။ ယောက်ျားတန်မဲ့ အဖေမျက် ရည်ကျနေသည်လေ။ “ အဖေရယ်.. သားက ဘ၀ကို နားလည်ပြီးသားပါ။ သားအတွက် စိတ်မပူပါနဲ့ ၊ သားကျောင်းက ပြန်လာတော့ အားကစားကြေး ပိုက်ဆံတောင်းမလို့လာတာ၊ အဖေ တို့ မရှိလို့ အဖွားဆီ ပိုက်ဆံတောင်း မယ်ဆိုပြီးသွားတာလေ။ ကျွဲတွေ မြင်တော့ သားအရမ်း သနားသွားတာနဲ့ ကျောင်းကို မပြန်တော့ပဲ ကျွဲကျောင်းသွားတာပါ” ဟုအဖေ့ကိုပြောကာ ရေချိုးပြီး ထမင်းစား၏။ ဆန်များများ မ၀ယ်နိုင်၍ ပြောင်းဖူးတစ်ဝက် ဆန်တစ်ဝက်ရောကာ ချက်ထား၏။ မ၀လျှင် ထပ်စားစရာမရှိ၍ ဘူးရုံသီး( ဖရုံသီး) ပြုတ်ထားပေး၏။ ထမင်းက နဲတော့ မ၀တာနဲ့ ဖရုံသီးပြုတ်ကို ဆားလေးနဲ့ တိုးစားခဲ့ရ၏။ ဆင်းရဲတဲ့ ဘ၀ကို ယနေ့ အထိ သတိရနေဆဲ။ဆန်မရှိ၍ ဖရုံသီးချည်း ပြုတ်ပြုတ်ပြီး ဆားနဲ့ စားခဲ့ရတဲ့ နေ့တွေကလည်း မနည်းပေ။ ဆီက တခါ တရံတော့ ပါသည်။ဖရုံသီးပြုတ်ကလည်းဆီလေးနဲ့ ဆား ရောပြီး တို့စားရင်တော့ အတော်လေး အရသာရှိ၏။ဆင်းရဲသားဘ၀မို့လားတော့ မသိ။အဖေ “ ဒီနေ့ ဘာဟင်းချက်လဲ” လို့မေးလိုက်ရင် ရွှေဖရုံးသီးပြုတ်တယ်ငါ့သား” ဟုဖြေ၏။ နောက်နေ့ အဖေ့ “ ဒီ နေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် အဖေက “ ဒီနေ့ ရှယ် ဖရုံးသီးကြော်ထားတယ် ငါ့သား ရေ” ဟုဖြေ၏။ နောက်နေ့ အဖေ့ ဒီနေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် ဒီနေ့ အထူးငါ့သား လေးရေ။ ဖရုံးသီး နှပ်။ ထိုကဲ့သို့ ဖရုံးသီးနဲ့ နှစ်ပါး သွားခဲ့ရ သည် နေ့တွေကလည်း ဘ၀မှာ မမေ့ လောက် အောင် သတိရနေဆဲပါ။ သီရိလင်္ကာ ရောက်တော့ သူငယ်ချင်း တစ်ပါးက ဖရုံသီးပြုတ်ကို ဆီလေးနဲ့ ဆားရောစပ်ပြီး တို့စားနေသည်ကို မြင်လိုက်တော့ ကျွန်ုပ်၏ ငယ်ဘ၀က ဆင်းရဲတဲ့ဘ၀ကို ပြန်လည် သတိရလိုက်ပါသည်။ နောက်နေ့ ကျောင်းပြန်တက်တော့ ဆရာမက ပိုက်ဆံလည်း မယူခဲ့ ကျောင်းလည်း ပြန်မလာသော ကျွန်ုပ်ကို ရိုက်ပါလေတော့၏။ ဆရာမရိုက်တာ စိတ်ထဲမှာ နာသည်ဟုတောင် မထင်မိခဲ့ပေ။ ပြီးမှ ဆရာ မက “ ဘယ်မှာလဲ.. မင်းအတွက် ကျောင်း အား ကစားကြေး ပိုက်ဆံ” မေးလို့ အဖေက ချေးပြီး ပေး လိုက်သည့် ပိုက်ဆံ ၃၀-ကို ပေးလိုက်သည်။ ရင်ထဲကလည်း ဆရာမကို ရှိခိုးပြီးတောင်းပန်မိသည်။” ဆရာမရယ်.. သားက အရမ်းဆင်းရဲလို့ပါ။ ဆရာမတောင်းတဲ့ ကျောင်း အားကစားကြေးမပေးနိုင်လို့ပါ။ မပေးချင်တာ မဟုတ်ပါဘူး။ သားတို့က အတိတ်ကုသိုလ်ကံ နည်းခဲ့လို့ အခုလို ဆင်းရဲနေတာ ပါ။ မ နေ့က ဆရာမကိုပေးဖို့ ပိုက်ဆံထက် မနက်ကတည်း ထမင်းကြမ်း တောင် မစားခဲ့ရပါ ဘူးဆရာမရယ်” လို့ ရင်ထဲကပဲ တောင်းပန်မိပါ၏။ ဆရာမက ရိုက်ပြီးထိုင် ခုံပေါ်ပြန်ရောက်တော့ စိတ်ထဲက ဆရာမကို  ကန်တော့မိပါရဲ့။ ကျောင်းက နှင်မထုတ်တာပဲ ကံကော။င်းနေပါသည်

No comments:

Post a Comment