Showing posts with label ဆောင်းပါးရှည်. Show all posts
Showing posts with label ဆောင်းပါးရှည်. Show all posts

Monday, January 10, 2011

ကော်ဖီမစ် တစ်ထုပ်ဖြင့် အစည်းအဝေးလုပ်ခဲ့ရသည် ( ၆)


ရွာသို့ ရောက်ပြီး ၂-လ၊ ၃-လ အနေကြာလာသောအခါ ရွာသူ ရွာသားများ၏ ရိုးရာနှင့် စိတ်ဓာတ်ရေးရာတို့ကို အတော်အသင့် တီးမိ ခေါက်မိ ရှိနေပြီ။ ကျွန်ုပ် တတ်နိုင်သည့် အကူညီများကိုလည်း လုပ်ဆောင်ပေးပြီးပြီ။ သူတို့ကို လူမှုရေး ဗဟုသုတ၊ ဘာသာရေး ဗဟုသုတများ ရရှိစေရန် ရည်သန်၍ တနင်္ဂနွေနေ့ ရောက်တိုင်း ဘုန်းကြီး ကျောင်းသို့ လာရန်ဖိတ်ခေါ်ထားသည်။
          ကလေးငယ်များ ပညာသင်ကြားရေး၊ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ရွာသားများ စည်းလုံးညီညွတ်ရေး စသည့် အရေးများကို ကျွန်ုပ် ကပင် ဦးဆောင်ကာ ဆွေးနွေးကြသည်။ဆွေးနွေးရာတွင် ရယ်စရာများ ကြားညှပ်၍ ဘာသာရေးဘက်ကို ဦးတည်စေ၏။ တစ်ခါ တစ်ရံ သူတို့ကို စဉ်းစားခိုင်း၏။ ဗမာ စကားနားမလည်သူကို ဥက္ကဋ္ဌနှင့် တစ်ခြား နားလည်သူ တစ်ယောက်ကို စကားပြန်ခိုင်းရသည်။ ဤသို့ အစည်းအဝေးလေး ကျင်းပလာဖြစ်သည်မှာ အတော်ကြာကြာပင် အရှိန်ရနေပြီ ဖြစ်ပါသည်။ သို့ သော် ကြာလာ၍လားမသိ။ တစ်ချို့ မလာကြတော့ပေ။ သို့ဖြင့် ကျွန်ုပ်လည်း တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟု စဉ်းစားရတော့၏။ နောက်တစ်ခါ အစည်းအဝေးလုပ်တိုင်း ကော်ဖီမစ်ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ကြေငြာလိုက်၍လား မသိ။နောက်တစ်ခါ အစည်းအဝေးမှာ လူ အတော်လာ၏။ လူတိုင်းကို တစ်ထုပ်နှုန်းကျ မတိုက်နှိုင်၊ ကော်ဖီမစ်တစ်ထုပ်ကို သကြားများများ ၊ နို့ဆီများများ၊ ထည့်ကာ ဖျော်ရ၏။ ကော်ဖီက အနံ့ရရုံ အပေါ်မှ ဖြူးကာ မွှေ၍ တိုက်ရသည်။ အစည်းအဝေးဆွေးနွေးစဉ် စကားစပ်လာသောအခါ “ မင်းတို့ကို ငါက ကော်ဖီလည်း တိုက်တယ်၊ ဗဟုသုတများလည်း ပြောပေးရတယ်။ ဒါတောင် မင်းတို့က ပုံမှန် မလာချင်ကြဘူး။ ဒါဆို မင်းတို့ ရဲ့ အသိဉဏ်နည်းတဲ့ ဒီဘ၀က ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ တိုးတက် ပြောင်းလဲနေတဲ့ ဒီ ကမ္ဘာလောကကြီးရဲ့ အခြေအနေတွေကို မျက်ခြေမပြတ်ဖို့၊ ဒီနေ့ ခေတ်မှာ ယောကျာ်းတောင် ကိုယ်ဝန်ဆောင်လို့ရနေပြီဖြစ်သည့် အကြောင်း “ စသည်တို့ကို တတ်သမျှ မှတ်မိသမျှ မမောနိုင် ပြောရသသည်။
          အစည်းအဝေးပြီး ပြန်သွားသောအခါ ကော်ဖီထုပ်ကို “ ဘယ်နှစ်ထုပ်ကျန်သေးလဲ “ ဟု ကြည့်မိသည်။ ခရီးဝေးလွန်းလှသောကြောင့် ရွာသို့ ကော်ဖီမစ် တစ်ထုပ် ရောက်ဖို့ ကားခက်ခဲလှသည်။ ပိုက်ဆံရှိလည်း ၀ယ်မရနိုင်။ ကိုယ်ကလည်း ကော်ဖီကြိုက်လွန်းသည်။ တက္ကသိုလ်ကျောင်းသားဘ၀ လက်ကျန်တစ်ခုပဲဆိုပါတော့။ တစ်ခါ တစ်ရံ သူငယ်ချင်း ရဟန်းတော်များ၊ ဧည့်သည်များ လာခဲ့လျှင် ကိုယ့်အတွက် ချန်ထားသော ကော်ဖီတစ်ထုပ်ဖြင့် ဧည့်ခံလိုက်ရသည်။ ထို အခါ စိတ်ထဲတွင် မချိ တင်ကဲ ဖြစ်ရသည်။ အမှန်တကယ် မတိုက်ချင်၍ကား မဟုတ်ပါ။ အခက်အခဲက သင်ပေးလိုက်သည့် သင်ခန်းစား ဟု ဆိုရမည်ထင်။ ကိုယ်တိုင်လည်း တတ်နိုင်သမျှ ချွေတာရ၏။ ကော်ဖီမှုန့်၊ နို့မှုန့်၊ သကြားသုံးမျိုးကို ရောစပ်ထာ၍ 3 in 1 ဆိုသည့်အဓိပ္ပါယ်ကို ၃-ရက်တစ်ထုပ်ပြောင်းပြန်လုပ်ကာ ချွေတာရသည်။ ကော်ဖီကိုအမှုန့် ဖြူး၍ တိုက်ကာ အစည်းအဝေး ပုံမှန်ကျင်းပဖြစ်ခဲ့သည်။ရလဒ်ကား သူတို့ ဗမာစကားကို နားရည်ဝပြီး ပိုမိုကျွမ်းကျင်စွာ ပြောဆို လာနိုင်သည်။ ဘာသာစကားနားလည်မှ ကိုယ်ပြောလိုရာကို ထိရောက်အောင် ပြောဆိုနိုင်မည် မဟုတ်ပါလော။
          ဤကားမေ့မရသည့်သာသနာပြုရဟန်းဘ၀အတွေ့အကြုံများထဲက အမှတ်ရနေ သည့် တစ်ခုသော အဖြစ်အပျက်လေး ဖြစ်ပါ၏။
          သို့ဖြစ်၍ ရသည့် ၂-နှစ်အတွင်းမှာပင်
                    ယုံကြည်မှုရရန်နှင့် ဗုဒ္ဓဘာသာသို့ ၀င်ရောက်
                   လာစေရန် သူတို့ စိတ်ဝင်စားသည့် နည်းလမ်းဖြင့်
                   ကြိုးစားရသည်။ ယင်းကားဗီဒီယိုပြသ ပေး၍စည်းရုံး
                   ရ ခြင်းဖြစ်သည်။

ရော်ပါးမီနှင့် သာသနာပြုအခြေအနေ (၄)


ရော်ပါးမီနှင့် သာသနာပြုအခြေအနေ
ကျွန်ုပ်၏ ကိုယ်တွေ့ကို အခြေခံ၍ ကျွန်ုပ်သိမြင်ခံစားရသော သာသနာပြုအရပ် ဒေသ၏ အနေ အထားနှင့် ဖြစ်သင့်သည်ထင်၏။ ကောင်းသည်ဟု ယူဆရသော အကြံ အစည်များကို အနည်း ငယ်ပြော လိုပါသည်။ ရှေ့မှာပြောခဲ့သည့်အတိုင်းလမ်းပန်းဆက် သွယ်ရေးကလည်း အ လွန်ကြမ်း ၏။ ကားဆိုင်ကယ် သွားမရသည့်ကျွန်ုပ်တာဝန်ကျရာ ရော်ပါးမီရွာကလေးသို့ တောင် တက် တောင်ဆင်း များလှသောကြောင့် ဌာနဆိုင်ရာမှ  တာဝန်ရှိသူများလာ ရောက်မှုနည်းပါး သည်။ကျွန်ုပ် သူငယ်ချင်း များ ကိုအလည်ခေါ်သွားဖူးသည်။ တစ်ခေါက်ရောက်ပြီး နောက်တစ်ခေါက် ခေါ်မရတော့ပေ။ ပတ်ဝန်း ကျင်ရှိ ရွာအများစုမှာလည်း ခရစ်ယာန်ဘာသာဝင်များဖြစ်သည်။ ကျွန်ုပ်၏ ရော်ပါးမီရွာကလေး သည်ပင် ကျွန်ုပ်ရောက်မှ ဗုဒ္ဓဘာသာဝင်ရွာဖြစ်ခဲ့သည်။

ဤသို့ ရွာလုံးကျွတ် ဗုဒ္ဓဘာသာဝင်ရွာဖြစ်လာအောင် မည်သို့ လုပ်ဆောင်ခဲ့ရပုံနှင့် အခြေ အနေများကို အရှိကို အရှိတိုင်း မြင်သည့်အတိုင်း ရိုးသားစွာ တင်ပြလိုသဖြင့် ဤစာစုများကို ရေးရခြင်း ဖြစ်ပါသည်။ စာရေးဆရာမဟုတ်သည့်အတွက် စကားလုံးလှလှမသုံးတတ်၊ နားလည်စွာဖြင့် ဖတ်ရှုစေ လို၏။ အရှိကို အရှိတိုင်း မြင်သည့်အတိုင်းပြောသည့်အတွက် တစ်ခြားဘာသာကို ထိခိုက်သ လိုဖြစ်သော်လည်း ဤအခြေအနေကား အမှန်ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသို့ ရွာလုံးကျွတ် ပြောင်းလိုက်သည့် ကျွန်ုပ်တာဝန်ကျရာ ရွာကလေးကို အခြားရွာများက အထင်သေးကြတော့သည်။ သိပ်မကြည်ကြပေ။ အမျိုးမျိုး တားဆီး နောက် ယှက်ကြ သည်။ ဗုဒ္ဓဘာသာသို့ ၀င်ရောက်ခိုဝင်လာသည့် အိမ်ထောင်စုများကို ကြဉ်ဖယ်ကြ သည်။ ပြည်မထဲ တွင် မသိသာသော်လည်း တောင်တန်းဒေသများတွင် သိသာလှသည်။ မျက်ဝါးထင် ထင်မြင်ခဲ့ရ သည်။ဗုဒ္ဓဘာသာဝင် အားလုံးသတိမူသင့်သည်ဟု ဆိုချင်သည်။ ထိုအခြေအနေထဲမှာပဲ " မြွေပူရာ ကင်းမှောင့်" အခြေအနေကလည်း ကြုံရသည်။ ကျွန်ုပ်၏ ရော်ပါးမီရွာသို့ တော တွင်းသူပုန်များ မကြာမကြာ ရောက်လာတတ်သည်။ ရွာထဲရှိ လူလတ်ပိုင်းများကို ခေါ် သွားတတ်သည်။ ဖမ်းဆီးခေါ် ဆောင်ပြီး သူပုန်ထဲ ၀င်ခိုင်းသည်။ အစိုးရ တာဝန်ထမ်း ဆောင်သူများကိုကားမဖမ်းဆီးဝံ့ပေ။

တောတွင်း သူပုန်အများစုမှာလည်း ခရစ်ဘာသာဝင်များပင်ဖြစ်ပါသည်။ ၄င်း သူပုန်များသည် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ပြောင်းပြီး ကျောင်းထိုင်ဘုန်းကြီး၏ တပည့်ရင်းလုပ်ကာ လူသာပြု( လူသာသနာပြု) အဖြစ် နေထိုင်သည့် မောင်ချူထောင့်ကို ဖမ်းဆီးလိုကြသည်။ အစိုးရ ၀န်ထမ်း ခန့်ထားသော်လည်း ခန့်စာမရှိသဖြင့် လိမ်သည်ဟု စွပ်စွဲကာ ဖမ်းဖို့ ကြိုးစားကြသည်။ ခန့်စာကို ၂၀၀၈-ကတည်းက သာသနာရေးဌာနသို့ တင်ထားသော်လည်းထိုအချိန် ၂၀၀၉ - ၇လပိုင်းရောက် သည့်အထိခန့်   အတော်ပင် ဒုက္ခရောက်ရရှာ၏။ ဟိုပြေး ဒီပုန်းလုပ်နေရ၏။

ကျွန်ုပ်သိရသလောကနာဂလူမျိုးအတော်များများသညဗုဒ္ဓဘာသာသို့ကူးပြောင်းချင်ကြသည်။လူသာသနာပြုအမည်ခံဖြင့်ရဟန်းတော်များနှင့်လက်တွဲကာသာသနာပြုလုပ်ငန်းများကိုလုပ်ကိုင်ချင်ကြသည်။သို့သော်လည်းထိုဒေသအခြေအရမလုပ်ရဲကြပေ။မပြောင်းရဲကြပေ။ သာသနာရေး ၀န်ကြီးဌာန အနေဖြင့် ထိုအခြေအနေကို အပြည့်အ၀ ကာကွယ်ပေးသင့်ပါသည်။

ကျွန်ုပ် နားလည်သည့် "လွပ်လပ်စွာ ကိုးကွယ်ခွင့်" ဟူသည် ဤဘာသာကို မကြိုက်က ပြောင်းလဲနိုင်ခွင့်ရှိသည်။ပြောင်းလဲမှုကိုမနှောက်ယှက်ခြင်းပင်ဖြစ်သည်"ဟုနားလည်ထားသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ ရဟန်းတော်များ၏ ဓမ္မအာဟာရဖြင့် ငြိမ်းချမ်းစွာ သာသနာပြု၍ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းလာမည့်သူများအား နှောက်ယှက်ခြင်းကို ကာကွယ်ပေးမှ သာလျှင်ဘာ သာရေးလွတ်လပ်ခွင့်ကိုခံစားရမည်ဟုထင်မြင်မိသည်။သာသနာရေးဝန်ကြီးဌာနအနေဖြင့်ထိုသို့ လွတ်လပ်စွာ ဘာ သာ ကူးပြောင်းလာသူများအား ကာကွယ်ပေးခြင်း၊ ခန့်စာများကို အချိန်မီ ရောက်အောင် စီမံခြင်းများ ကိုဆောင်ရွက်ပေးသောအားဖြင့်တာဝန်လည်းကျေကုသိုလ်လည်းရသဖြင့် ပြုမူသင့်ပါသည်။

တောတွင်းးသူပုန်များသည် ဓမ္မဆရာ၏ မြောက်ထိုးပင့်ကော်မှုဖြင့် ဗုဒ္ဓဘာသာ ၀င်များ ကို ပို၍ဖိနှိပ် နှိပ်စက်ကြသည်။ ရွာသားများ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားမည်ကို အလွန်ပင် စိုးရိမ်ကြသည်။ ဓမ္မချင်း မယှဉ်နိုင်၍ လူကို အနိုင်ထက် ပြုမူကြသည်။ ဗုဒ္ဓဘာသာကို စိတ်ဝင် စားသဖြင့် ဘာသာပြောင်းလိုသူတို့သည် တစ်ဦးတစ်ယောက် တစ်မိသားစုတည်း မပြောင်း ရဲကြပေ။ ပြောင်းမည်ဆိုလျှင် ဓမ္မဆရာက ဦးစွာတားမြစ်သည်။ ဓမ္မဆရာက တားမြစ်၍ မရလျှင် တောတွင်း သူပုန်များကို အကြောင်းကြား၍ အဓမ္မတားမြစ်စေ၏။ အသက်စည်းစိမ်တို့ကိုပင် ရန်မူခြိမ်းခြောက်၍ တားမြစ်သည်များလည်း ရှိ၏။ဤအကြောင်းများသည် လုပ်ကြံရေးထား သည်မဟုတ်။ ကိုယ်တွေ့ ကြုံခဲ့ရ၊ ကြားခဲ့ရ သိခဲ့ရသည့် အဖြစ်မှန်များသာဖြစ်သည်။

သာသနာပြုရာတွင် စည်းရုံးရာ၌ လူသာသနာပြုနှင့် ရဟန်း သာသနာပြုတို့ယှဉ်ရာတွင် လူသာသနာပြု စည်းရုံးလျှင်ပို၍ အဆင်ပြေအောင်မြင်သည်ကိုတွေ့ရ၏။ လူလူချင်းစည်းရုံးရတာ ပိုလွယ် ကူ သည့်သဘောပင်ဖြစ်၏။ ခရစ်ယာန် တို့သည် ဤ အချက်ကိုနား လည်သဖြင့်လူလူချင်း သာသနာပြုစေခြင်းဖြင့်ဘာသာဝင်ဦးရေတိုးပွားအောင်လုပ်လေ့ရှိ၏။ကျွန်ုပ်တို့လည်းလုပ်သင့်ပါ၏။ သို့ဖြစ် ၍ လူသာသနာပြုလုပ်ငန်း၌ စိတ်ဝင်စားမှု ပိုလာစေရန် လူသာသနာပြုခန့်စာကို အချိန်မီပေးပို့ခြင်း။ လစာ များကိုပုံမှန်ပေး ပို့ခြင်း။တောတွင်းသူပုန်များကလူသာသနာပြုများကို ပို၍  နှိပ်စက် လေ့ရှိသဖြင့် ၄င်း တို့ ရန်မှ ကာကွယ်နိုင်ရန် စီမံပေးခြင်းများကိုပြုလုပ်သင့်ပါသည်။

လက်ရှိဆောင်ရွက်ဆဲ သာသနာပြုလုပ်ငန်း များဖွံ့ဖြိုး တိုးတက်လာစေရန် ကျွန်ုပ်အတွေ့ အကြုံကိုအခြေခံ ၍ကျွန်ုပ်ဉဏ်မီသ မျှလိုကွက် ဟာကွက်လေး များကိုစဉ်းစားနိုင်စေရန်တင်ပြလိုပေသည်။သာသနာရေးဝန်ကြီးဌာနမှလည်းကောင်း။သက်ဆိုင်ရာမြို့နယ်ရှိ
သာသနာရေးဦးစီးအရာရှိမှလည်းကောင်း။ မြို့ ပေါ်နှင့် ရွာရှိ လူသာသနာပြု ပုဂ္ဂိုလ် များကိုစည်းဝေးစေ၍ တစ်လ တစ်ကြမ် သို့မဟုတ် နှစ်လတစ် ကြိမ် စသည်--
      ၁။သာသနာပြုတာဝန်ဝတ္တရားများကိုလည်းကောင်း၊
      ၂။စည်းရုံးရေးနည်းစနစ်များကိုလည်းကောင်း၊
      ၃။လ စာများပုံမှန်အချိန်မီရောက်မရောက်နှင့်ပတ်သက်၍လည်းကောင်း၊
     ၄။တွေ့ ကြုံရသည့် အခက်အခက် ပြဿနာများကို လည်းကောင်း၊
      ၅။ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မသိမရှင်းလင်းသည့် အချက်အလက် များကို မှတ်သား၍အစည်း အဝေးလာသောအခါ မေးမြန်းဆွေးနွေးစေခြင်း  များကို လည်းကောင်း၊
      ၆။ရှေ့ဆက်ပြီး ဘာသာဝင်များပြားလာအောင် ရှိပြီး လူများတည်မြဲအောင်မည်သို့ လုပ်ရမည့် အစီစဉ်များကို လည်းကောင်း ၊ ဆွေးနွေးတိုင်ပင်၍ ၀ိုင်းဝန်းဆောင်ရွက် သင့်သည်ဟု ကျွန်ုပ် အကြံပြုလိုပါသည်။ သည့်ထက် ကောင်းသည့် စီမံကိန်းများ ရှိပါကလည်း အကောင် အ ထည် ဖော်နိုင်ပါစေဟုသာ မျှော်လင့်နေမိပါတော့သည်။
                  မင်းရောက်လာတာ ငါတို့ရွာသားတွေ အတွက်
               ကံကောင်းတယ်လို့ ထင်တယ်ကွာ။ မင်းကို
                အားလုံးက မျှော်နေကြတယ်။ စသည်.....

          ဆက်လက်ဖတ်ရှုရန်..ဆရာဟုသာ ခေါ်ကြရှာ