Tuesday, January 11, 2011

နောက်ဘ၀ ဘုန်းကြီးဖြစ်မှာလား( ၁၅ -၁၆)


နောက်ဘ၀ဘုန်းကြီးဖြစ်မှာလား
          ကျွန်ုပ်က ကြုံရင် ကြုံသလို အခွင့်ရရင် ရသလိုပင် ဗုဒ္ဓဘာသာ
အကြောင်းများကို သင်ပေးလေသည်။ တစ်ခါက ပါဏာတိပါတ အကြောင်းရှင်းပြ
်သင်ပေးပြီး“ဘုန်းဘုန်းပြောတဲ့စကားထဲမှာနားမလည်တာရှိရင်ပြန်မေးပါ။မင်းတို့သူ
များအသက်မသတ်ကြနဲ့တော့။ သူများအသက်သတ်ရင် ဒီဘ၀။နောင်ဘ၀မှာ
 အသက်တိုပြီး ရောဂါများတတ်တယ်။ 
          ဥပမာ =ခွေးသတ်တဲ့ သူဟာ သေခါနီးပြီဆိုရင် သတိရပြီး 
ဝဋ်လည်တတ်တယ်။ခွေးဖြစ်တတ်တယ်”ဟုပြောလိုက်နှင့်တစ်ယောက်ကထမေး လိုက်မှာ“ဘုန်းဘုန်းဒီလိုခွေးသတ်တဲ့လူနောက်ဘ၀ရောက်ရင်ခွေးဖြစ်တတ်တယ်ဆိုရင် ဘုန်းကြီးဖြစ်မှာလား”ဟူ၏.။
          ဆက်လက်ဖတ်ရှုရန်….ငါ့ကိုလည်း ရှိခိုးဦး
          တစ်ခါကလည်း ကျွန်ုပ်မြို့ ကပြန်လာသည့်အတွက် 
ချိုချဉ်တွေဝယ်လာရကားကလေးလူကြီးမကျန်အားလုံးဝေပေးလိုက်သည်။ပြီးတော
့“မင်းတို့ကိုဘုန်းဘုန်းချိုချဉ်ပေးတဲ့အတွက် ဘုန်းဘုန်းကို ရှိခိုးကြ။ငါ့ကို ရှိခိုးရမယ်”ဟု 
အမှတ်တရ တမဲ့ ပြောလိုက်၏။ အမှတ်တမဲ့  ကို အမှတ်တရ မှတ်မိအောင် 
မှတ်ထားပုံရသည်။ ပစ္စည်း တစ်ခုခုပေးလျှင် ရှိခိုးခိုင်းရမည်။ ရှိခိုးရမည်ဟု ပုံသေ
မှတ်လိုက်ကြပုံရ၏။
          တစ်ရက်တွင်ကျောင်းမှာဟင်းချက်စရာမရှိ၍အဖွားတစ်ယောက်အိမ်သွား
တောင်းသည်။ အဖွားက ပဲပုပ်နှင့်မုန့်ညှင်းရွက်များ ပေးလိုက်၏။ ကျွန်ုပ်ယူပြီး 
လက်ထဲကိုင်ထားစဉ် “ကဲ ကဲ ငါ့ကို လည်း ရှိခိုးအုံးလေ ဟု ပြောပါလေတော့၏။ 
ကျွန်ုပ်မှာ ရယ်ပင်ရယ် ရယ်မိသေး၏။ ပြီးမှ အကျိုးသင့်။အကြောင်းသင့် ရှင်းပြကာ
ပြန်လာခဲ့ရသည်။
          ဆက်လက်ဖတ်ရှုရန်………….
          သူတို့ပြန်သွားလို့ စ အိပ်မည်ဟု ခေါင်းချလိုက်တော့ -
          စိတ်က ချောက်ခြားစိုးရိမ်နေသဖြင့် အိပ်မပျော်။
          အိပ်ချင်စိတ်မရှိတော့ ။ ဒါနဲ့ အိပ်မပျော်အတူတူ
          သူပုန်ဗိုလ်ကို မေတ္တာ ပို့မယ်ဟု ကြံစည်ပြီး သူပုန်ဗိုလ်
          ရှိရာ ရွာဘက်သို့ လှည့်ကာ…

ပါရာကို ဂါထာပြောင်းတိုက်ခဲ့ရသည် ( ၁၄)



တောင်တန်းဒေသတွင်တွေ့ကြုံရသည့်အခက်အခဲတစ်ခုကား ဆေးဝါးပြတ်လပ်မှု ပင်ဖြစ်သည်။ ပြည်မထဲမှ တကာ။ တကာမများနှင့် ဆရာတော် ဦးတိက္ခတို့မှလှုဒါန်းကြသော်လည်း လမ်းခရီးအခက်အခဲကြောင့်အလွယ်တကူမရောက်နိုင်ပေ။ မြို့ပေါ်ရှိဆေးဆိုင်များတွင်ဝယ်ယူရန်မှာလည်းဈေးမတန်တဆများလွန်းရကားခက်ရပြန်၏။
မန္တလေးရောက်တုန်းရောက်ခိုက်သယ်လာခဲ့သောဆေးများကလည်းတစ်ရွာလုံးလိုလိုပင်ဝေရ၊ ပေးရသောကြောင့် ၁-လ ။၂- လဆို မရှိသလောက်ဖြစ်သွားရသည်။ အထူးသဖြင့် ငှက်ဖျားပျောက်ဆေး။ အကိုက်အခဲပျောက်ဆေးများ ခဏ ခဏပြတ်တတ်သည်။
          ကျွန်ုပ် ခရီးရှည်ထွက်သည့် အချိန်တွင် ရွာသားများဖျားကြ။ နာကြဖြစ်ကြလျှင် ဆေးမသောက်ရပေ။ အိပ်ယာထဲတွင်သာ အိပ်ကြရသည်။ ကျွန်ုပ်ကို မျှော်လင့်နေကြသည်။ ကျွန်ုပ်ပြန်ရောက်လာလျှင် ဖျားနားနေသူအားလုံး ကျောင်းခေါ်လာကြသည်။ပါလာသည့် ဆေးများကို သင့်သလို ဝေတိုက်ကျွေးရသည်။
          တစ်ခါတစ်ရံ ပါလာသည့် ဆေးပြတ်သွားသောအခါတွင် လည်းကောင်း။ဆေးနှင့် ရောဂါမကိုက်ညီသောအခါတွင် လည်းကောင်း။ ပါရာစီတမော့ နှင့်ဘာမီတွန်ကို တိုက်ရ၏။
ပါရာစီတမော့ နှင့်ဘာမီတွန်ကို တော့ အဓိကဆေးအနေဖြင့် ၅-လ ။၅-လစာဝယ်ထားရသည်။ ထိုဆေးနှစ်မျိုးကတော့ပြတ်သည်သိပ်မရှိ။ကျန်သည့်ဆေးများ ကုန်သွား၍လူနာလာသောအခါဆေးမရှိတော့ဟု  ပြောမဖြစ်။ ထိုအခါအကြံထုတ်ရပြန်သည်။ ပထမဖျား၍ လာသူကို သမ္ဗုဒ္ဓေဂါထာဖြင့် ပါရာစီတမော့ ဆေးကို ရွတ်ဖတ်၍ ဆေးတိုက်ပြီး ဒုတိယလူကို” ဇယစက္ကော ဇယန္တော ယော “ စသော ဂါထာ ရွတ်ဖတ်ကာ ယင်းပါရာစီတမော့ဆေးကိုပင် ပေ့းရသည်။ ဆေးတိုက်တိုင်းလည်း ဂါထာရွတ်ဖတ်၍ တိုက်ပေးရသည်။ လူနာတွေများသည့် အခါ နားကြားမရိုးအောင် ဂါထာကို အမျိုးမျိုး ပြောင်း၍ ရွတ်ပေးရ၏။ “ အနိစ္စာ ၀တ သင်္ခါရာ “ စသည့် ဂါထာများ မေတ္တာသုတ် ပရိတ် ပါမကျန် ရသမျှဂါထာ အကုန် အသုံးပြုရ၏။ လူနာရော ကျွန်ုပ်ပါ ဘုရား ရှေ့မျက်နှာမူပြီး အသံကျယ်ကျယ် နှင့် ရွတ်ပေးရသည့်အခါတွေလည်း မနည်း.။
          စိတ်၏ ယုံကြည်မှု စွမ်းအားဟုပင် ဆိုရမည်လား မသိ။ တရားသံကို ကြားရသည့်အခါ လူနာစိတ်ချမ်းသာ ကြည်နူးရသည်က တစ်ကြောင်း။ မြတ်ဗုဒ္ဓ၏ ဂါထာများ၏ အစွမ်းကလည်း တစ်သီ။ ကျွန်ုပ်အပေါ် ယုံကြည်သည်ကလည်း တစ်တန်။ ထို့ကြောင့် အနာနှင့် ဆေး သင့်အောင်မေပးနိုင်ခဲ့ပေသော်ငြား ပါရာဂါထာပြောင်းတိုက်ရင်း အတော်တန်ဖျားနာများကို ကုသပေးခဲ့ရာ ပျောက်ကင်းခဲ့သည်ကို ကြုံရသည်။
          တောင်တန်းသာသနပြုရဟန်းဘ၀ကားဤသို့ပင်ပါရာကိုဂါထာပြောင်းတိုက်ခဲ့ရည့် အခါများလည်းအမှန်တကယ်ပင် ရှိခဲ့ပါသည်။
          ဆက်လက်ဖတ်ရှုရန်……..နောက်ဘ၀ ဘုန်းကြီးဖြစ်မှာလား..

နနွင်း ဆရာတော် ( ၁၃)



ကျွန်ုပ်၏  သားဖွားဘုန်းဘုန်း ရာထူးရပုံကို ပြောပြ ပြီး နနွင်းဆရာတော် ဖြစ်ခဲ့ရပုံအ
ကြောင်းလေးကလည်း  အမှတ်ရနေသေးသမို့ ပြောပြချင်သေးသည်။
          တောင်ပေါ်ဒေသ၏ အအေးဒဏ်ကို လက်တွေ့ဝင်ရောက်နေထိုင်ကြည့်မှ ပိုသိရ
သည်။ အရိုးထဲကပါ  စိမ့်နေတယ်ဟူသောစကားကိုဤဒေသေ၇ာက်မှခံ စား နားလည်မိသည်။ ယုန်မွေးစောင် အကောင်းစား နှစ်ထပ် ခြုံ ထာသည့်တိုင် တောင်ပေါ်ရာသီဥတု ၏ အအေးဒဏ်ကိုကို မကာကွယ်နိုင်ပေ။ မြေပြန့်အညာသား တစ်ယောက် အဖို့ မေးချင်းခိုက် အေးသည့် ညများကို ကျော်ဖြတ်ရသည်မှာ မလွယ်ပေ။ တစ်ချို့ ရက်တွင် ရေခဲ့ပင် ခဲ ၍ ကျသည့် နှင်းတို့ ပါ ခဲနေသည်။ ထို ရက်တွင် အအေးဒဏ် သည် အရိုးပါမက ရိုးတွင်း ချဉ်ဆီတိုင် ရောက်နေသည်ဟု ခံစားရသည်။  ထိုသို့သော  ရက်များတွင် စောင်မကယ်နိုင်ပေ။ မီးဖို ဘေးသို့သာပြေးရ၏။ ဒါတောင် မီးလှုံလို့ ရှေ့ကပူမေပယ့် ကျောတော့ချမ်းသေးသေး၏။
ထိုသို့  အေးလွန်းသော တောင်ပေါ်ဒေသတွင် နေ့စဉ် ရက်ဆက် ရေချိုဖို့ကား စိတ်ပင်မကူးမိသော အရာဖြစ်သည်။ ခန္ဒာကိုယ်တွင် ချေးထူး၍လေးလာသည့် ၁၅ -ရက် မှတစ်ခါ ။ တစ်ခါတစ်ရံ တစ်လပြည့် မှ တစ်ကြိမ်သာ ရေချိုးရသည်။ ထိုသို့ ချိုးဖို့ ရာတောင်
အတော်လေး အားခဲရ၏။ ခေါင်းရိပ်ရမှာ မို့ မချိုးမဖြစ် ချို့းရခြင်းဖြစ်သည်။ ထိုသို့ေ၇မချိုးသည်မှာ ကျွန်ုပ်သာ မဟုတ်။ နာဂတိုင်းရင်းသားများလည်း ကျွန်ုပ်လိုပင်ေ၇မချိုးကြပေ။ သူတို့တောင် မချိုးနိုင်။ကိုယ်ရေ လက်ရေသပ်ကြသည်ကို သာ အများဆုံးပြုလုပ်ကြသည်။ ခြေဆေး ခေါင်းဆေး ကိုယ်ေ၇လက်ရေသပ်ခြင်း သည် ယောကျာ်းလေးများအတွက် ဘာမှ မဖြစ်သော်လည်း မိန်းကလေးများအတွက် ကျန်းမာေ၇းပြဿနာဖြစ်တတ်သည်။ ထိုအချက်ကို နာဂတိုင်းရင်းသူလေးများ သတိမပြုမိချေ။ တောင်ယာ မှ ပြန်လာလျှင် မစဉ်းစား မဆင်ခြင်ဘဲ ခြေဆေးခေါင်းဆေးပြုလုပ်ကြသည်။ ထို့ ကြောင့် နာဂတိုင်းရင်းသူများတွင် ရာသီထိန်ခြင်း။ ဓမ္မတာမမှန်ခြင်း ရောဂါများ အဖြစ်များသည်။
          ရောဂါဖြစ်လာလျှင် ထုံးစံအတိုင်း ကျွန်ုပ်ကပင် ကုသပေးရ၏။ တက္ကသိုလ်တွင် နှစ်လသင်တန်း တက်ခဲ့ရသည့် တိုင်းရင်းဆေး ပညာ၏ အကျိုးကို ခံစားရသည်။ တက္ကသိုလ်က  သင်ပေးလိုက်သည့် သင်ခန်းစားထဲတွင် ဤအချက်ပါသည်ကို သတိရလို်က်၏။  “ရာသီ ဓမ္မတာ မမှန်သော မိန်းကလေးကို နှမ်းပါသည့် မုန့်ကျွေးရမည်” တဲ့ ။ သို့သော် ခက်သည်က တောင်ပေါ်ဒေသတွင် နှမ်းမစိုက်သည့် အတွက် နှမ်းရှာရခက်ခြင်းပင်။ နှမ်းဖြူ မုန့် ၀ယ်ကျွေးစ၇ာ ဆိုင်ကမရှိ။ မြို့ပေါ်တက်၍ ရှာသော်လည်း နှမ်းစိုက်သည့်ဒေသ မဟုတ်သည့်အတွက် မုန့်ကို မတွေ့ခဲ့ရ။ သို့ နှင့် ဆက်စဉ်းစားရင်း” ဆေးတိုက် စရာ မရှိလျှင် ရာသီ ကို သိအောင်လုပ် ။ ရာသီ သိလျှင် ဆေးရှိသည် “ ဟူသော ပို့ချချက်ကို ရုတ်တရက် သတိရလိုက်ပြန်၏။ အေးသော ရာသီဥတုကြောင့် ဟုသာ ဆုံးဖြတ်လိုက်သည်။
          ထို့ကြောင့် မိမိလက်သုံးတော် ၉၆ -ပါး ရောဂါပျောက်ဆေး နနွင်းကိုပင် အားကိုး၇တော့၏။ နနွင်းကို တူးခိုင်းပြီး ရေနွေးသောက်ခိုင်းကြည့်လိုက်သည့်။ ၃- ကြိမ်လောက် သောက်သည့်အခါ  အမျိုသမီးရောဂါပျောက်သွားသည်ဟု သိရသည်။
          ကျွန်ုပ်လည်း နနွင်း၏ အစွမ်းကို တစ်စတစ်စ သိလာရပြီ။ နောက်ရွာရှိ အမျိုးသမီးများကို နနွင်းဥ တူး၍ ပါးပါးလှီးကာ အခြောက်လှမ်းပြီး အမှုန့်ထောင်း၍ သိမ်းထားဖို့ ပြောရ၏။ ချမ်းစိမ့်စိမ့် ဖြစ်လာသည့်အခါနှင့် ဓမ္မတာ မလာသည့် အခါ သောက်ပေးရန် ဆောင်ဆေးအဖြစ် ထားဖို့လည်း မှာထားရ၏။
          ကျွန်ုပ် ကိုယ်တိုင်လည်း  ထိုနနွင်းဆေးကို သောက်ခဲ့ရ၏။ တစ်ခါတစ်ရံ ငှက်ဖျားဖြတ်ဆေး ဘာမီတွန်စသည့်  ဆေးများ ကုန်သွားလျှင် ထိုနနွင်းကိုပင် မှီဝဲခဲ့ရသည်။ ပြည်မထဲ အလည်ပြန်လာသည့်အခါ “ တောင်တန်း အတွေ့ အကြုံများဘယ်လိုလဲ “ ဟု နီးစပ်ရာ တွေက မေးကြသည့် အခါ ထိုသောအကြောင်းများကို ပြောပြရသည်။ ကျွန်ုပ်ပြောသည့် အကြောင်းအရာများကို နားထောင်ပြီး သူတို့က “ ဒါဆို အရှင်ဘုရားက နနွင်းနဲ့ ကုတဲ့ နနွင်း ဆရာတော်ပေါ့  “ ဟု ရယ်ရယ်မောမော နာမည်ပေးကြသည်။
          တစ်ခါတစ်ရံ ဆရာဖြစ်လိုက် တစ်ခါတစ်ရံ သားဖွား ဘုန်းဘုန်းဖြစ်လိုက်။တစ်ခါ တစ်ရံ နနွင်းဆရာတော်ဖြစ်လိုက် နှင့် ဘ၀မျိုးစုံကြုံသလိုကပြခဲံ့ရသည်။ တောင်တန်း သာသနာပြု ရဟန်းဘ၀ကား ထာဝရ အမှတ်ရနေမည့်  ဘ၀လေးတစ်ခု ဟုသာ ဆိုချင်တော့သည်။
         
          ဆက်လက်ဖတ်ရှုရန်….(၁၄ )ပါရာကို ဂါထာပြောင်းတ
                   ကျန်သည့် ဆေးများကုန်သွား၍
                             လူနာလာသောအခါ  ဆေးမရှိတော့ဟု ပြောမဖြစ်။
                             ထို အခါ အကြံထုတ်ရပြန်သည်။ ပထမဖျား၍ လာသူ
                             ကို မေတ္တာ ပရိတ်ဖြင့်……..ိုက်ခဲ့ရသည်..

ခြေထောက်ရောင် ရောဂါနှင့် ကျွန်ုပ်( ၁၂)




ကျွန်ုပ်ဘ၀တွင်နောက်ထပ်ကြုံတွေ့ရသောထူးခြားမှုကားနာဂတောင်တန်းဒေသ တွင် ခွေးသားကို အလွန်နှစ်ခြိုက်စွာ စားသုံးခြင်းဖြစ်သည်။ ခွေးးသားသည် အပူသား ဖြစ်သည့် အတွက် အအေး ဒဏ်နှင့် ငှက်ဖျားရောဂါတို့ကို ကာကွယ်ပေးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ပဲခွေးသားစားကြသည်ထင်ရ၏။ တစ်ခြား အသားးများ ရှိသော်လည်း ခွေးသားမှ ပိုကောင်းသည် ပိုအ၇သာရှိသည်ဟု ထင်မှတ်ကြသည်။
ပြည်မထဲတွင်ခွေးသားစားသူများကိုအထင်သေးကဲ့ရဲ့လေ့ရှိသည်။ခွေးသားစားလျှင်ခွေးဟောင်သည်
ဟုလည်း ယူဆကြသည်သည်။ ခွေးသည် ယုတ်ညံ့သော သတ္တ၀ါဖြစ်၍ မစားသင့်သော အသားဟု မှတ်ယူကြသည်။ သို့ဖြစ်ရကား ခွေးသားကို စားလေ့မရှိ။ ခွေးသားစားရန် ရွံရှာကြသည်။
နာဂတောင်တန်း ဒေသတွင် လူတိုင်းပင်ခွေးသားစားကြသည်။ ခွေးသားစား၍ ခွေးဟောင်းခြင်း။ဟောင်တတ်သည်ဟု ယူဆခြင်းလည်းမရှိပေ။ခွေးကိုပင် အသားစားရန် အတွက် မွေးမြုကြသည်။ ပြည်ထဲတွင် ၀က်ကို အသားစားရန်အတွက် အရောင်းအ၀ယ် လုပ်သကဲ့သို့ပင် သူတို့လည်း ခွေးကို အရောင်အ၀ယ်လုပ်သည်ကိုတွေ့ရသည်။ ခွေးတစ်ကောင်လျှင် ၂-သောင်း ၃-သောင်းပေါက်ဈေး ရှိသည်။ ဒါတောင် ၀ယ်ချင်တိုင်း ၀ယ်၍မလွယ်။ကျွန်ုပ်ကပြည်မထဲတွင် ဘုန်းကြီးကျောင်းတစ်ဝိုက်နှင့် ဈေးပတ်ဝန်းကျင်တွင် ခွေးလေ ခွေးလွင့်များ ပေါများကြောင်း ကြိုက်သလောက် ဖမ်းနိုင်ယူကြောင်း။ယူမည့် သူမရှိကြောင်း။ခွေးမွေးလျှင်တစ်အုပ်လုံးဘုန်းကြီးကျောင်းသို့ လာပို့တတ်ကြောင်းပြောလျှင် ဘယ်လိုမှ မယုံကြ။ အလွန်အံ့သြကြသည်။
တစ်ချို့  မင်္ဂလာဦးညနှင့် မိန်းကလေးမွေးသောညများတွင် ခွေးသားကို အထူးစပါယ်ရှယ် ချက်စားကြသည်။ ယောကျာ်းလေးက မိမိမြတ်နိုးသည့် မိန်းကလေးကို ခွေးသားချက်ကျွေးလေ့ ရှိသည်ဟုလည်း ကြားသိရ၏။ အချစ်ကို ခွေးသားဖြင့် တန်ဖိုးဖြတ်ခြင်းဟု ဆို၇မည်လား။ဤမျှပင် ခွေးသားကို မြတ်မြတ်နိုးနိုး စားကြသည်။
နာဂတိုင်းရင်းသားများသည် ရှေ့မှာဆိုခဲ့သလိုပင် ဘသာရေး ကျန်းမားရေး ဗဟုသုတ ချို့တဲ့ရကား မီးဖွားပြီးစ သွေားသားနုချိန်ဝယ် မြေအောင်းသား အစားရဟူသော အသိမရှိပေ။ ထို့ကြောင့် ကာလ မသိဘဲ စားချင်သည့် အချိန်စားကြသည်။ စားချင်သည့် အချိန်စားသည့်အတွက် ဒုက္ခရောက်ရပုံကို ကြုံတွေ့ခဲ့ရသည်။
ထုံးစံအတိုင်း တစ်နေ့လို့ပဲ ဆိုပါစို့။ တကာတစ်ယောက် ကျောင်းရောက်လာပြီး ကျွန်ုပ်ကို သူ့အိမ်ပင့်ပါ၏။ “ဘာ ကိစ္စ လဲ“ဟု မေးသောအခါ သူ့တကာမ ခြေထောက်တွေ တအားရောင်နေလို့ဆေးလာကုပေးဖို့လျှောက်ထားသည်။ ဒါနဲ့ ဘာကြောင့်ရောင်တာလည်း သိရအောင် အကြောင်းစုံမေးကြည့်သည့်အခါ “မီးဖွားပြီး သည့်ညက အားရှိအောင် ဟုဆိုကာ ခွေးသားချက်ကျွေးကြောင်း။ခွေးသားစားပြီး နောက် ခြေထောက်ရောင်လာသည့် အကြောင်း ပြောပြသည်။
ကျွန်ုပ်လည်း မီးဖွားစဉ် မြေအေင်းသား စားမိသည့် အတွက်ယင်း်သို့ ဖြစ်ရကြောင်း ရှင်းပြကာ အိမ်သို့လိုက်သွားခဲံ့သည်။ အိမ်ရောက်တော့ တကာမကို တွေ့ရသည်မှာ စိတ်မကောင်းပင်ဖြစ်ရသည်။ ခြေထောက်က အတော်ပင် ရောင်ကိုင်းနေ၏။ ဟင်းနံ့ရသဖြင့် “ကနေ့ရော ဘာဟင်းချက်သလဲ” မေးလိုက်သည်။ ထင်သည့်အတိုင်းပင် “ခွေးသားချက်သည်”ဟုဖြေသည်။ မီးဖိုဘက် စောင်းကြည့်လိုက်တော့ ကြက်သီးထစရာပင် ။ခွေးခြေထောက်များ မီးကင်းထားသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်က “မီးမထွက်မချင်း ။မွေးပြီး ခုနှစ်ရက် မပြည့်ခင် ခွေးသားကို မစားရန်နှင့် အခန့်မသင့်ပါက ကိုယ်ရောင်တတ်ကြောင်း။ ထို့ထက် နူနိုင်သည့်အကြောင်းပါ” ပြောပြရသည်။
ပြီးတော့ဆေးကုသရန်စဉ်းစာရသည်။ ကျွန်ုပ်လည်း လိုအပ်လျှင်သုံးဖို့ အိမ်သုံး ဆေးများအတော်အသင့် ၀ယ်ထားပါသည်။ အင်္ဂလိပ်ဆေး ဗမာဆေး အတော်စုံပါသည်။ သို့သော်လည်း ကိုယ်ရောင်ပျောက်ဆေး ၀ယ်မထားမိချေ။ သို့နှင့် ဘယ်လို ကုပေးရ မလဲ ဟုအဖြေရှာရတော့၏။ နနွင်းမှုန့်နှင့်အုံးဆီကိုဖျော်၍လိမ်းခိုင်းလိုက်သည်။ကျွန်ုပ် ဇာတိရွာတွင်လိမ်းကြသည်ကိုအမှတ်ရ၍ဖြစ်သည်။ထို့ပြင်နနွင်းကိုပင်ရေနွေးပူပူနှင့်သောက်
ခိုင်းလိုက်သည်။နှစ်ကြိမ်မျှလုပ်ရုံဖြင့် ကိုယ်ေ၇ာင်ရောဂါ ပျောက်ကင်းသည်ကို 
တွေ့ရသည်။
ဤသည်မှာ နနွင်း၏သတ္တိကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်
သာမကဘဲ မိမိကြောင့်ေ၇ာဂါပျောက်ကင်းခဲ့ရပုံကိုမှတ်မှတ်ထင်ထင်ရှိခဲ့
သည့်အဖြစ်အပျက်လေးတစ်ခုအဖြစ် ယနေ့တိုင် အမှတ်ရနေပါတော့သည်။
          ဆက်လက်ရှုစားရန်…………(၁၃)နနွင်းဆရာတော်..
       ထို့ကြောင့် မိမိလက်သုံးတော် ၉၆-ပါး ရောဂါပျောက်ဆေး
နနွင်းကိုပင်အားကိုးရတော့၏။နနွင်းကိုတူးခိုင်းပြီးရေနွေးနှင့်
သောက်ခိုင်းသြည့်လိုက်သည်။၃- ကြိမ်လောက်သောက်သည့်အခါ….

သားဖွား ဘုန်းဘုန်း ( ၁၁)


ကျွန်ုပ် ရှေ့မှာဆိုခဲ့သလိုပင် လက်သည်ပင်အတည် တကျ မရှိရှာသော ရော်ပါးမီ ရွာကလေးတွင် ကလေးမွေးတိုင်း ကျွန်ုပ်ပင် လက်သည်လုပ်မွေးခဲ့ရသည် ။ကံကောင်းသည်ဟုပြောရမလား မသိ။ ကျွန်ုပ် မွေးပေးရသည့် ကလေးေ၇ာ မိခင်ပါ  အဆင်ပြေခဲံ့သည်သာ များသည်။ ဤသို့ အဆင်ပြေသည့်အတွက်အကြောင့် ပတ်ဝန်းကျင်ရွာများကပါ မီးဖွားစရာ ကိစ္စရှိတိုင်း ကျွန်ုပ်ကိုလာပင့် တတ်ကြပြီး အကူအညီတောင်းကြသည်။ ပတ်ဝန်းကျင်ရွာဟု ဆိုသဖြင့် အနီးကလေး မမှတ်လင့်။ တစ်ရွာနှင့် တစ်ရွာ အကွာအဝေးကာ (၁၀)မိုင် ကျော်။ မြေပြန့် ခရီးမရှိ။ တောင်ဆင်းတောင်တက်လမ်းချည်းဖြစ်သည်။ ဘုန်းကြီးကျောင်းမရှိ။ ကျွန်ုပ်ကို ရဟန်းတစ်ပါးအနေဖြင့် လာပင့်ခြင်းမဟုတ်။ ဆေးဆရာ တစ်ယောက်အမှတ် ဖြင့် လာခေါ်ခြင်းသာ ။ကျွန်ုပ်မှ လိုက်ပြီးမကူညီလျှင် ကူညီမည့်သူ မရှိ။ ကျွန်ုပ်တာဝန်ကလည်းလူများကို ကူညီရန်ပင်ဖြစ်သည် မဟုတ်လား။
          သို့ဖြင့် လာခေါ်တိုင်း လိုက်မွေးပေးရင်း ပတ်ဝန်းကျင်ရွာများက ကျွန်ုပ်ကို သိလာကြသည်။ ကလေးမွေးတော်သည့်ဆရာအဖြစ် အသိအမှတ်ပြုလာကြပါ၏။ နောက်တော့ ရာထူးပါ တိုးပေးလိုက်သည်။ သူတို့ပေးလိုက်သည့်ရာထူးက “သားဖွား ဘုန်းဘုန်း”တဲ့။ “သားဖွားဆရာ” “လက်သည် ဘုန်းဘုန်း” ဟု မခေါ်သည်ကိုဘဲ ကြံဖန် ကျေဇူးတင်ရ၏။ “လက်သည်ဘုန်းဘုန်း” ဟုသာ ခေါ်က တစ်ခြား အဓိပ္ပါယ်နဲ့ဆို ခက်ရချေရဲ့ ဟု အတွေးဖြန့်ရင်း ထိုနာမည်လေးကို သတိရတိုင်း အတိတ်ပုံရိပ်တို့ ပြန်မြင်ယောင်နေမိချေတကား။
   ဆက်လက်ဖတ်ရှုရန်…
 ဟင်းနံ့ ရသဖြင့်…
“ ကနေ့ရော ဘာဟင်းချက်သလ”ဲ ဟု မေးလိုက်သည်။
ထင်သည့် အတိုင်းပင် ‘ခွေးသား ‘ချက်သည် ဟု ဖြေ
လေသည်။ မီးဖိုထက် စောင်းကြည့်လိုက်တော့
ကြက်သီးထစရာပင်…….ခြေထောက်ရောင် ရောဂါနှင့် ကျွန်ုပ်..

ကလေးမရ လို့ လုပ်ပေးပါ ( ၁၀)


ကျွန်ုပ်  ရော်ပါးမီ ရွာရောက်သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့လေပြီ။ ရာသီဥတု အပါအ၀င် အစစ အရာရာ၌ နေသားတကျရှိလာခဲ့ပြီဖြစ်သည်။  ဆီမပါသည့် ရေလုံပြုတ် ဟင်းများကိုလည်း မျိုချနိုင်စွမ်း ရှိလာခဲ့ပြီ။ ရိုးရာ စကား ကိုလည်း အတော် နားလည် လာပြီးထမင်းစားရေသောက် ပြောတတ်ဆိုတတ် ရှိနေပါသည်။ ရွာ သူ ရွာ သား အားလုံးနှင့် လည်း ရင်းံနှီးခင်မင်လာသည်။ရောက်ခါစ နေခါစကလို  ပျင်းရိငြီးငွေ့ဖွယ် မဟုတ်တော့။ ကျွန်ုပ် သင်ခဲံ့။ တတ်ခဲ့သည့် တိုင်းရင်းဆေးပညာလေးဖြင့် ရွာသူ ရွာသားများကို စောင့်ရှောက်ခဲ့သည်ကလည်း  အဆင်ပြေ၏။ တော်ရုံ တန်ရုံဖျား နာနှင့် ထိခိုက် ရှနာတို့ကိုကျွန်ုပ်ပင်ကုသပေး၏။ကလေးမွေးပေးရတာလည်း အပါအ၀င်ဆိုပါတော့ ။ဒါ့ကြောင့်လားမသိ။ ရွာသားများက ကျွနုပ်ကို အစစအ၇ာ၇ာ အားကိုးသမှု ပြုကြသည်။ ကျွန်ုပ် ကို တကယ်အစွမ်းထက်သော ဆရာကြီး အဖြစ် ထင်မှတ်ကြသည်။
ခုရေးမည့် အားကိုးမှုက ကျွန်ုပ် ဘယ်လိုမှ မကူညီနိုင်သည့်အဖြစ်။ ဂွတ်ညှစ် ဆေးလို ဂါထာမန်းတိုက်လည်း အဆင်မပြေနိုင်။ သူတို့က မသိလို့ အကူညီလာ တောင်းကြသော်လည်း ကူညီရမည့် ကျွနှုပ် မှာ အတော်ပင် ပြဿနာကြီး၏။ အစစ အရာရာမှာ ဒီကိစ္စ မပါ။ဒီကိစ္စကို  ချွင်းချက် အဖြစ်ထားရ၏။ ဒီကိစ္စ၇ဲ့ အစက........
တစ်နေ့လိုပဲ ဆိုပါတော့ ။အချိန်က ညနေ ၅-နာရီ ကျော်ကျော် ။ညနေ နေ၀င်ရီတရော ။ညီအကို မကွဲမကွဲ အချိန်။ ရာသီဥတု အနည်းငယ်အေးသဖြင့် ကျွန်ုပ် လည်းရေးနွေးကြမ်း  ထိုင်သောက်နေ၏။  တစ်ယောက်တည်း ဆိုတော့ ရောက်တတ်ရာရာ တွေးရင်း လမ်းဘက်ကို ကြည့်နေမိသည်။ ထိုစဉ် တကာမ နှစ်ယောက် ကြက်ဥ နှင့် ဟင်းသီး။ ဟင်းရွက် များဆွဲကာ ကျောင်းပေါ်တက်လာသည်။ ကျွန်ုပ်ကို လာလှုတာ နေမှာပဲ ဟုထင်မှတ်၍ ကိုယ်ဟန်အနေထား ပြင်ထိုင်ရင်း စကားပြောဖို့ စတင်လိုက်သည်။ ကျွန်ုပ်သိရ သလောက်ဆို သူတို့ နှစ်ယောက်စလုံး ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် မတတ်ပေ။ နှစ်ပေါင်း ပြော၇င်တော့ အဆီအငေါ်တည့်ပါလိမ့်မည်။
ဒါနဲ့ ကျွန်ုပ်က ပင် '''ေ၇ာ့ လောင့် အီေ၇ာလူဘော့ ''(လာခဲ့ ဒီမှာ လာထိုင် )ဟု ခေါ် လိုက် ၏။ ပြီးတော့ '''ကျန ''(ဘာကိစ္စလဲ  ) ဟုမေးတော့ သူတို့ ပြောသော စကားကို ကြားရသည့်အခါ ကျွန်ုပ် မျက်နှာ မီးဟပ်သည့်အလား ထူပူသွား၏။ အေးသော ရာသီဥတုပင် ဘယ်ေ၇ာက်သွားသည်မသိ ဖြစ်ရသည်။
          သူတို့ပြောလိုက်ပုံကိုံ''ုဘုန်းဘုန်းသူကကလေးမရလို့ ကလေးရအောင် လုပ်ပေးပါ။ဘုန်းဘုန်း လုပ်ပေးမှ ကလေးရမယ်ထင်တယ်။ အဲ့ ဒါ လုပ်ပေးပါဦး'' ဟူ၏။မျက်နှာပူစရှိတုန်းပင်အပူပေါ်အပူဆင့်ပြန်သည်။ကလေးလိုချင်သည့်ဒကာမကလည်း ''အဲ့ဒါ ဆို ငါဘယ်အချိန် လာခဲ့၇မလဲ။ မင်းအတွက် ကြက်ဥတွေလည်း ယူလာခဲ့တယ်။မင်း အားရှိအောင်လို့ ''ဟုပြောပြန်၏။ ကျွန်ုပ်လို ရဟန်းတစ်ပါး အဖို့ တစ်သက်တာတွင် တောင်တန်းဒေသေ၇ာက်မှ ပထမဆုံးကြားဖူးသည့် စကားများသာ ဖြစ်သည်။ ဘယ်လိုပြောရ ။နေရမည်မှန်းပင်မသိတော့ တစ်ကိုယ်လု့းံ လည်း ပူလာတော့သည်။ တဖြည်းဖြည်း စဉ်းစားပြီး "''သြော်......သူတို့ဟာ ဗမာစကားလည်းကောင်းကောင်း မပြောတတ်။ ခုမှ ဗုဒ္ဓဘာသာ ဖြစ်ခါစ ဆိုတော့ ရဟန်းတွေနဲ့ အပ်စပ်တာ မအပ်စပ်တာ ၇ဟန်း တို့အကြောင်း ဘာမှမသိသူတွေပါလား။ ဘုန်းကြီးဆိုတာ အကုန်လုပ်ပေးနိုင်သူဟု ရိုးသားစွာ မှတ်ထင်အားကိုးကြသူတွေပါါလား'ဟုတွေးပြီး သည်းခံဖြေသိမ့်ရင်း စိတ်ကိုငြိမ်အောင် ထိမ်းရသည်။ ပြီးတောာ့ ''မင်း ယောက်ျားတယ်ရှိ်မလား ဟု မေးလိုက်၏။သူတို့က''ငါတို့ နာဂတွေရဲ့ ထုံးစံကယောက်ျားရပြီး၃နှစ်ကြာလို့မှကလေးမရခဲံ့၇င်မိန်းကလေးကိုမိဘအိမ်ပြန်ပို့ပြီးယောကျာ်း
လေးကနောက်မိန်းမယူခွင့်ရျှတယ.်။ ဒါဟာ ငါတို့ နာဂတွေရဲံ့ ရှေးရိုးရာ အစဉ်အလာပါ။ ခု ငါအိမ်ထောင်ကျတာ သုံးနှစ်ပြည့်တော့မယ်။ခုထိ ကလေးက မ၇သေးဘူး။ ဒါကြောင့် ဘုန်းဘုန်းကိုလာပြှီး အကူအညီတောင်းတာပါ။ မင်းကူညီရင် ဖြစ်မှာပါ ဟု ပြောဆိုလေပြန်၏။
                       ဒါနဲ့ ကျွန်ုပ်က '' ဟ ..ဒီကိစ္စမျိုးက ငါတို့ ဘုန်းကြီးတွေ ကူညီရမယ့် ကိစ္စမဟုတ်ဘူး။ မင်းကို  မကူညီချင်လို့မဟုတ်ဘူး။ ကူညီရင် ဘုန်းကြီးဘ၀ နေလို့မရတော့ဘူး။ကလေးမရတာကမင်းနဲ့ မင်းယောကျာ်းေ၇ာ နှစ်ဦးလုံးနဲ့သက်ဆိုင် တယ်။ တစ်ယောက်ယောက်မှာ ချိုံ့ယွင်းချက်ရှိရင် ကလေးမရတတ်ဘူး။ မင်းယောက်ျားကို ခေါ်လာခဲ့ပါ။ မင်းတို့ နှစ်ယောက်လုံးကို ဒီကစ္စနဲ့ ပတ်သက်ပြီးပြောစရာ တွေရှိတယ်''' ဟုဆိုကာ ပြန်လွှတ်လိုက်ရ၏။
ထိုတကာမနှင့် သူ့ယောကျာ်းတို့ရောက်လာသည့် အခါ''  အိမ်ထောင်ရေးမှာ တစ်ဦးကိုတစ်ဦး နားလည်မှုရှိဖို့ရိုးသားးပွင့်လင်းဖို့ ကြင်နာမှုရှိဖို့ က ရိုးရာထက်အရေးကြီးကြောင်း ကလေးမရသည်မှာ နှစ်ဦးစလုံးနှုင်ဆိုင်ကြောင်း ။ခုခေတ်တွင်ဆေးဝါးအကူအညီဖြင့် ကလေးရနိုင်သည့်အကြောင့်း ''စသည့် စသည့် အိမ်ထောင်ရေး ဗဟုသုတ တို့ကို ရဟန်းတစ်ပါးနှင့် မသင့်တော်သည့် စကား များဖြစ် သောာ်လည်း ပြောခဲ့ဟောခဲ့ရပါသည်။
သာသနာပြု ရဟန်းဘ၀ မှာ ဤသို့ဤနယ်လည်း ပြောမယုံကြုံဖူးမှတွေရသည့် အဖြစ်တို့နှင့် ရင်ဆိုင်ရသည်ကိုမှတ်မှတ် ရရ ရှိနေပါတော့သည်။။
                      ဆက်လက်ဖတ်ရှုရန်..........
                            'သားဖွား ဆရာ'' လက်သည်ဘုန်းဘုန်း''
                              ဟု မခေါ်သည်ကိုဘဲ ကြံဖန် ကျေးဇူးတင်ရ၏။
                             ''လက်သည်ဘုန်းဘုန်း ''ဟုသာခေါ်က အဓိပ္ပါယ်နဲ့ဆို
ခက်ရချေရဲ့     ဟု............သားဖွားဘုန်းဘုန်း....သို့











ဂွတ်ညှစ်မွေးနည်း သစ်( ၉)


ယခုဆက်လက်ေ၇းသားမည့် အကြောင်းအရာများတွင် ဂါမ္မဒေါသသင့်သည့် စကားလုံးများ အသုံးပြုထားသည့် အတွက်စာဖတ်သူအား ကြိုတင်တောင်းပန်ပါသည်။ သာသနာပြု ရဟန်းတစ်ပါး အမှန်တကယ် ကြုံတွေ့ခဲံ့ရသည်များကို သိစေလို၍ ဂါမ္မဒေါသ သင့်သည့်စကားလုံးများကို သိလျက်ပင် အသုံးပြုခဲံ့ရခြင်းဖြစ်သည်။
စာသင်သားဘ၀ကနေ ရုတ်တရက်ပင် လူ့လောကထဲ တိုးဝင်ရသည့် သာသနာပြုရဟန်းဘ၀တွင် ပျော်စရာလည်း ဆုံရ၏။တစ်ခါ တစ်ရံ စိတ်ညစ်စရာ လည်း ကြုံရ၏။ ဆေးဆ၇ာမရှိ။ ဆေးပေးခန်း မရှိ။ သားဖွားဆရာ မ မရှိ။ .ယုတ်စွအဆုံးလက် သည်ပင် မရှိသော ကျွနုပ်၏ ရော်ပါးမီ ရွာကလေးသသည် ကျွန်ုပ်အပေါ် အစစ အရာရာ အားကိုးကြသည်။ကျွန်ုပ်ကို အစစ အ၇ာ၇ာမှာ တတ်ကျွမ်းသည်ဟု ထင်ကြယုံကြည် ကြလေသည်။
          သို့နှင့် တစ်ရက်တွင် ကျောင်းသို့ ဥက္ကဋ္ဌနှင့်သိသည့် ဒကာတချိုံ့ ရောက်လာကာ '' ဘုန်းဘုန်း ရွာထဲမှာဒကာမ တစ်ယောက်က လေးမမွေးနိုင်လို့ ဒုက္ခရောက်ေ နတယ်။ လာ မွေးပေးလှည့်ပါဦး''ဟုပင့်ခေါ်ကြသည်။ယခုမှခက်တော့တာပါပဲ။ကျွန်ုပ်တို့တက္ကသိုလ်ဆေးသင်တန်း တက်စဉ်ကလည်း '' ကလေးမီးမဖွားနိုင်လျှင် ဘယ်လိုလုပ်ရမည်'' ဟု သင်မပေး လိုက်။ခွဲစိတ် မွေးဖွားပေးဖို့ဆိုတာ ကျွန်ုပ်နှင့်အဝေးကြီး။ ခု ကျွန်ုပ်ကို အားကိုးတကြီး လာ ခေါ်နေကြပြီ။ ငြင်းလို့မရ။ နဖူးတွေ့ဒူးတွေ့ကြုံလာရ သည့်အခြေအနေမှာ အကြံအိုက်လာ ရတော့၏။မီးဖွားမည့် ကလေး၏ မိခင်သည် ဗမားစကားလည်း မပြောတတ်တော့ မည်သို့ ပြော၇မည်ကို ပင် မသိဖြစ်ရသည်။
ဒီလိုနဲ့ လာခေါ်၍သာ လိုက်သွားရသည်။ ဘာလုပ်ရမှန်းမသိသေး။ အင်္ဂုလိမာလ သုတ် ပရိတ်ရွတ်ကာ ရေမန်းတိုက်ရမည်ဟုတော့ ကြံစည်ထား၏။ မိခင်ကိုလည်း မေတ္တာ ပို့ထားလိုက်၏။ အိမ်ရောက်တော့ ကျွနု်ပ်ကို ကိုယ်တိုင်ဝင်ကြည့်ပြီး မွေးဖွားပေးဖို့ အခန်း ထဲဝင်ခိုင်း သည်။ ရဟန်းတစ်ပါးနှင့် သင့်တော်မှန်း မသင့်တော်မှန်း။ အပ်စပ်မှန်း မအပ် စပ်မှန်း မသိရှာပေ။ လွယ်ကူသက်သာစွာ  မွေးနိုင်ဖို့ပဲ  မျှောလင့်ကြသည်။ ဒါ့ ကြောင့် လည်း  အခန်းထဲ ၀င်ခိုင်းခြင်းဖြစ်သည်။ ကျွန်ုပ်က ''  ငါတို့ဘုန်းကြီး ရဟန်း တွေဆိုတာ မိန်းမတွေကို သာယာသည့်စိတ်ဖြင့် ကိုင်ခွင့် မရှိကြောင်း။ သာယာ မသာ ယာမှုဆိုတာ ပြောရခက် သည့်အကြောင်း။ ကိုင်လျှင် အပြစ်ရှိကြောင်း ရှင်းပြရသေး၏။ ပြီး လျှင် ရေသန့် တစ်ခွက်ခတ်ခိုင်းပြီး သရဏဂုံ၊ မေတ္တာသုတ်။ သမ္ဗုဒ္ဓေဂါထာ နှင့် အင်္ဂုလိမာလသုတ် ပရိတ် သုံးကြိမ်ရွတ်ပြီး ရေမန်းလုပ်ရသည်။
                 '''   ကဲ ကဲ ဒီရေကိုသောက် ။ လွယ်လွယ်နဲ့ မွေးစေရမယ်။ ဘယ်လို သောက် ရမလဲဆိုတော့ ရေကို ပါးစပ်ထဲဝင်တာနဲ့ တန်းမျို မချနဲ့  ။ ငုံထားပြီး ''  ဂွတ် '''ကနဲ မျိုချရ မယ်။  ဂွတ်ခနဲ မျို ချတာနဲ့ တပြိုင်နက် '' အင့်'' ကနဲ ညှစ်ရမယ်။ဂွတ်ကနဲနဲ့ ညှစ်ထုပ် မှု တို့ဟာထပ်တူဖြစ်ရမယ်နော် ''ဟု ဥက္ကဋ္ဌ ကိုအရင် နားလည်အောင် သေချာပြောပြပြီး တိုက်ခိုင်းလိုက်၏။ ဘုန်းကြီးကို စွမ်းသည်ဟု ယုံကြည်ကတစ်ပိုင်း။ ပရိတ်အစွမ်းကလည်း တစ်ဖုံ၊ ညှစ်အားကလည်း တကဏ္ဍ အားလုံးပေါင်းလိုက်တော့ ကလေးမွေးလာခဲ့၏။ကလေးကလည်းသန်မာ။မိခင်ကလည်းသားဦးဖြစ်တာကြောင့်မွေးရခက်နေခြင်းဖြစ်သည်။
အကယ်၍သာ မမွေးနိုင်ခဲ့သော်ကျွန်ုပ်ကိုယုံကြည်မည်မဟုတ်တော့။ပရိတ်မေတ္တာ   နှင့် ''' ဂွတ်ညှစ်  '' အကြံအစည်တို့ ပေါင်းဆုံမိ၍သာ ကံကောင်းသည် ဟု ဆိုရမည်ဖြစ် သည်။  ကျွန်ုပ်လည်း ကိုယ်တိုင် တီထွင်ေ အာင်မြင်ခဲ့သည့် ''  ဂွတ်ညှစ် "'ဆေးကို လက် သုံးအဖြစ်ထားရှိတော့ သည်။ ထိုဆေးဖြင့်ပင် မကြာခဏ မွေးပေးခဲံ့ရ၏။ သာသနာပြု ရဟန်း တစ်ပါးအနေဖြင့် ထိုကဲ့သို့တွေ့ရကြုံလာရသောအခါအကြံထုတ်တတ်ဖို့ လို၏။ ငါနဲ့ မဆိုင်ဟု လျစ်လျူ ရှုလို့ မဖြစ်ပေ။ လောကတွင် မလုပ်သင့်သောအရာသာ ရှိ၍ မသိသင့်    သော အရာဟူ၍ မရှိသည် မဟုတ်တုံလော။ မိမိသိသမျှ ကြံသမျှဖြင့် လူအသက်နှစ်ချောင်း ကယ်ခွင့်ရလိုက်သည်ကိုပြန်တွေးတိုင်း ၀မ်းသာပီတိဖြစ်ရသည်။
          ဆက်စပ်နေ၍ ပြောရလျှင် နာဂတိုင်း၇င်းသူများသည် ကျွန်ုပ်တို့ အရပ်ဒေသ များ ကဲ့သို့ မီးတွင်းခုနှစ်ရက် နေခြင်းမရှိပေ။ ဆနွင်းလိမ်းခြင်း၊ ရှုခြင်းများမရှိ။  မီးနေ ခန်း အ တွင်း ယောကျာ်းလေးများမ၀င်ရ စသည့် အယူမရှိပေ။ အဆင်ပြေသလို မွေးကြ သည်။ မွေးပြီးပြီးေ၇ာ သဘောထားသည်။
              တစ်ခါက အိမ်တစ်အိမ် တွင် ကလေးမွေး၍ ဥက္ကဋ္ဌကြီးကပင် လာခေါ်၍ လိုက် သွာားရ၏။ လိုက်အပ်ပါက ကူညီရန် လည်းပါ၏။ အချိန်က  နနံက်ဝေလီ ဝေ လင်းနှင်း မကွဲသေး။ ခုနှစ်နာရီလောက်  ကျွန်ုပ်တို့ အိမ်ရောက်တော့ ကလေး မွေး ဖွားပြီးသွားပြီ။ မြင်လိုက်ရသည့်မြင်ကွင်းက လန့်စရာ။ ကလေးမိခင်သည်  မေွးးဖွား ပြီးပြီးခြင်းပင် မီးဖို နဘေးထိုင်ကာ ထမင်းစားနေ၏။ ခြေထောက်မှာ သွေးတွေက ပေကျံနေ၏။ နဘေး မှ ခွေးက သွေးနံ့ ရ၍ အောက်တွင်ကျနေသော သွေးတို့ကို လျှာဖြင့် လျက်နေ၏။ အနံ့အ သက်ကလည်း မကောင်း။စာဖတ်သူသာ မြင်ယောင်ကြည့်ပေတော့။
          တကယ်တော့ ဒါဟာ သူတို့ရဲံ့  ပကတိအရိုးခံဘ၀ဖြစ်သည်။ သူတို့မှာ ''ကလေးမီးဖွားပြီး ဘယ်လိုနေ၇မယ် ။ဘယ်လိုလုပ်ရမယ်ဘာစားရမယ်။ ဘယ်ဆေး သောက်သင့်တယ် '''စသည့် ဗဟုသုတ မရှိပါပေ။ ခေတ်မမှီပါပေ။ မြင်မကောင်းတာနဲ့ ''ဥက္ကဌကြီး ဒီလိုမနေစေနဲ့ ။ မိခင်ကို ရေနွေးနဲ့ အ၀တ်သန့်သန့်နဲ့ ကိုယ်ပတ်တိုက်ခိုင်းဗျာ ။ကျုပ် ကျောင်းမှာရှိတဲံ့ နနွင်း မှုန့်ကို သွားယူချေ။ နနွင်း နဲ့ ရေနွေး ဖျော်ပြီး ခန္ဓာကိုယ် တစ်ခုလုံး လိမ်းခိုင်းဗျာ။ ( ဤနေရ၌လည်း ကျွန်ုပ်ကို လိမ်းခိုင်းပြန်၏။ ) ပြီးတော့ ရေနွေးနဲ့ နနွင်းသောက်ခိုင်းဗျာ''ဟုပြောရ၏။ ဤသို့ ခုနှစ်ရက်လောက် လုပ်ခိုင်းရ၏။ တစ်ခါတစ်ရံ နနွင်းမှုန့် ကို မီးးစပေါ်တင်၍ နနွင်းမှိုင်းရှုရ၏။
နောက်တစ်ခါအစည်းအဝေးတွင် ကလေးမိခင်များနှင့်ပတ်သက်၍စည်းဝေးပြောဆိုသင်ပြခဲံ့သည်။ မီးဖွးလျှင် နနွင်း အသုံးတည့်ပုံ အနံ့ အသက်များ ကင်းစင်ပုံတို့ နှင့် မီးဖွားပြီးစ မိခင်အား ဘာမှ မလုပ်စေဘဲ အနားယူခိုင်းရမည့် အကြောင်းတို့ကိုပါ သေချာပြောပေးခဲ့ရသည်။
            ပြီးမှ ''   ငါတို့ ကိုးကွယ်တဲ့ ဘု၇ားက တန်ခိုးကြီးတယ်။ သူရဲံ့ စကားတွေက အစွမ်းထက်တယ်။ ရေက စွမ်းတာမဟုတ်ဘူး။ သူ့ စကားတွေက စွမ်းတာ။ စသဖြင့် ရှင်းပြပြီး နောင် ကျွန်ုပ်မရှိသည့်အခါ မွေးဖွားခဲ့လျှင် အဆင်ပြေစေ ရန် ရေမန်းထားခဲ့ပြီး ''ဂွတ် ညှစ် ''ကို
ပါလိုက်နာရန် ပြောထားခဲ့ပါသတည်း။
                        ဆက်လက်ဖတ်ရှုရန်............
                        ဒါဟာ ငါတို့ နာဂတွေရဲ့ ရှေးရိုးအစဉ်လာပါ။
                       ခု ငါ အိမ်ထောင်ကျတာ သုံးနှစ်ပြည့်တော့မယ်။
                       ခုထိ ကလေးမရသေးဘူး။ ဒါ့ကြောင့်  ဘုန်းဘုန်းကို
                       လာပြှီး အကူအညီ တောင်းရတာပါ။ မင်း ကူညီမှ
                       ဖြစ်မှာပါ....ကလေး မရလို့ လုပ်ပေးပါ...